မဲခေါင်၊ ဒီဇင်ဘာ ၃
တရုတ် ပုဂ္ဂလိကအာကာသ ကုမ္ပဏီတစ်ခုသည် အမေရိကန်ထုတ် အသွင်တူဒုံးကျည်များထက် ကုန်ကျစားရိတ် အဆ ၄၀ သက်သာသည့် အသံထက်မြန်သော ကွန်ကရစ်ဒုံးကျည်သစ်ကို အောင်မြင် စွာစမ်းသပ်နိုင်ခဲ့ကာ အများအပြား ထုတ်လုပ်နှင့်ပြီးဖြစ်ကြောင်း သိရသဖြင့် ထိုင်ဝမ်အား ကျူးကျော် မည့်အရေး စိုးရိမ်ရည်မှတ် ပိုတိုးလာခဲ့ရပြီဖြစ်သည်။
ဒုံးကျည်အမည်မှာ YJK-1000 ဖြစ်ပြီး ဒုံးကျည်အပေါ်ယံကို ကွန်ကရစ်ဖြင့် လုပ်ထားခြင်းဖြစ်ကာ ပေကျင်းအခြေစိုက် Lingkong Tianxing ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၇ ရက်နေ့က စမ်းသပ်ပစ်ခတ်ရာတွင် မိုင် ၈၀၀ အကွာအဝေးအထိ ပျံသန်းပြီးမှ ပစ်မှတ်ကို တိကျစွာဖောက်ခွဲနိုင်ခဲ့ သည်ဟုဆိုကာ ဒုံးကျည်တစ်လုံးတန်ကြေးသည် ဒေါ်လာ ၉၉၀၀၀ သာ ရှိသည်ဟု သိရသည်။
ယင်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှု ပရိုမိုးရှင်းမီဒီယိုတွင် လတ်တလော ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တင်းမားမှုမြင့်တက်နေသော ဂျပန်နိုင်ငံကို ပစ်မှတ်ထား ပစ်ခတ်ပြခြင်းဖြင့် ရန်လိုမှုကိုလည်း မြင်တွေ့ခဲ့ ရသည်။
ထုတ်လုပ်သည့် ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ်က သင်္ဘောတင် ကွန်တိန်နာအတွင်းမှပင် ပစ်ခတ် နိုင်စွမ်းရှိကာ ကုန်ကျစားရိတ် အလွန်သက်သာသော်လည်း ရန်သူ နယ်မြေ အတွင်းပိုင်းအထိ ဝင်ရောက် ကာ တန်ကြေးကြီးမားသည့် အခြေခံအဆောက်အအုံများကို ပစ်ခတ်ဖောက်ခွဲနိုင်စွမ်းရှိသည်ဟု ဆိုခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#တရုတ်
#အာကာသ
#ဒုံးကျည်
#အမေရိကန်








