မဲခေါင်၊ ဒီဇင်ဘာ ၂
ပြီးခဲ့သည့်တစ်ပတ်က ထိုင်းနိုင်ငံတောင်ပိုင်း ဟက်ရိုင်ခရိုင်တွင် ရေလွှမ်းမိုးမှုဆိုးရွားစွာ ကြုံတွေ့နေရ စဉ် ကီလိုမီတာ ၁၆၀၀ ကျော်ကွာဝေးသည့် ယူဒုံဌာနေခရိုင်ရှိ ပရဟိတအဖွဲ့ ယူဒုံးဆာဝမ်မီသာသမ် ဖောင်ဒေးရှင်းမှ အဖွဲ့သည် စက်လှေဖြင့် သွားရောက် ကယ်ဆယ်ခဲ့ရာ ပိုင်ရှင်မဲ့ ဝက်ကလေးတစ်ကောင်ကိုပါ ကယ်တင်ခဲ့ပြီးနောက် မွေးစားရန် ခေါ်ဆောင်သွားခဲ့သည်။
ထိုဝက်ကလေးကို အိမ်ခေါင်မိုးပေါ်တွင် တွေ့ရှိရကာ ခြေနှင့်လက်များတွင် ပြတ်ရှဒဏ်ရာများနှင့် တွေ့ရှိရပြီး ပိုင်ရှင်ရှာဖွေသော်လည်း ဒုက္ခရောက်နေသည့် လူထုထံမှ စကားပြန်သံမကြားရသဖြင့် နောက်ဆုံးတွင် ယူဒုံဌာနီခရိုင်သို့ ခေါ်ဆောင်သွားကာ အပြီး မွေးစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။
မွေးစားမည့်သူမှာ ဘုန်းကြီးကျောင်း ကပ္ပိယ တစ်ဦးလည်း ဖြစ်ကာ ဝက်အထီးလေး၏ အလေးချိန် သည် ၆၀ ကီလိုဂရမ်ရှိပြီး ကံကောင်းပြီး ရှင်သန်သူ (မောင်ကံကောင်း) ဆိုသည့် ထိုင်းအမည် ဘွန်ရော့ ဟု မှည်ခေါ်ခဲ့သည်ဟု မီဒီယာများကို ပြောကြားသွားသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ဟက်ရိုင်ခရိုင်
#ရေဘေး
#ကယ်ဆယ်ရေး
#ဘုန်းကြီးကျောင်း








