မဲခေါင်၊ နိုဝင်ဘာ ၂၈
နိုဝင်ဘာ ၂၈ ရက်က တူရကီ ဘောစ်ဖိုရပ်စ်ရေလက်ကြားအနီး ပင်လယ်နက်ထဲတွင် အနောက်နိုင်ငံများ ပိတ်ဆို့အရေးယူခြင်းခံထားရသော ရုရှားရေနံတင်သင်္ဘော ၂ စီး မီးလောင်ပေါက်ကွဲ နစ်မြုပ်ခဲ့သည်။
တူရကီနိုင်ငံ၊ ကိုကေးလီခရိုင်နှင့် ၂၈ မိုင်အကွာတွင် Kairos ဆိုသည့် ရေနံများမတင်ဆောင်ထားသေးသော ရုရှား ရေနံတင်သင်္ဘောနှင့် ရေနံအပြည့်တင်ဆောင်ထားသော Virat ဆိုသည့် သင်္ဘော ၂ စီး မီးလောင်ပေါက်ကွဲနစ်မြုပ်ခဲ့ခြင်းဖြစ်ကာ သင်္ဘောပေါ်တွင် လိုက်ပါသူအားလုံးကို ဘေးကင်းစွာဖြင့် ကယ်တင်နိုင်ခဲ့သည်ဟု တူရကီအစိုးရက ထုတ်ပြန်ခဲ့သည်။
ယခု ရုရှားရေနံတင်သင်္ဘော ၂ စီး ပေါက်ကွဲမှုမှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို အတိအကျ မသိရသေးသော်လည်း Haberturk ရုပ်သံကမူ ပင်လယ်ဒရုန်းများရန်ကြောင့် ပေါက်ကွဲခြင်းဖြစ်နိုင် သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားတို့ ကျူးကျော်ခဲ့ပြီးနောက် ပင်လယ်နက်အတွင်း နှစ်နိုင်ငံစလုံးမှ ရေမြုပ်မိုင်းများ အများအပြား ခင်ထားကြပြီး ပြန်လည် ဖျက်သိမ်းမှုများရှိခဲ့သော် လည်း လက်ကျန်မိုင်းများစွာ ရှိနေသေးသည်ဟု သိရသဖြင့် ရေမြှုပ်မိုင်းများကြောင့်လည်း ပေါက်ကွဲ ပျက်စီးရခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။
OpenSanctions ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ Virat ရေနံတင်သင်္ဘောကို အမေရိကန်၊ အီးယူ၊ ဆွစ်ဇာလန်၊ ယူကေနှင့်ကနေဒါတို့က ယခုနှစ် ဇန်နဝါရီလကတည်းက ပိတ်ဆို့အရေးယူမှု လုပ်ခဲ့ ကြောင်း သိရှိရသလို Kairos သင်္ဘောကိုလည်း အီးယူက ယခုနှစ် ဇူလိုင်လမှ စတင်ကာ ပိတ်ဆို့အရေး ယူမှု လုပ်ခဲ့သည်။
သို့သော် ယင်းသင်္ဘောများသည် ရုရှားအစိုးရအတွက် ပင်မ ဝင်ငွေရင်းမြစ်ရရှိစေ ရေး အခြားတတိယနိုင်ငံ အလံလွှင့်တင်ကာ ပင်လယ်ပြင်အတွင်း သွားလာနေခြင်းဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ရေနံတင်သင်္ဘော
#တူရကီ
#ပိတ်ဆို့








