နေ့စဥ်သတင်း

ဆီဆိုင်မြို့ အဝင်အထွက်ဂိတ်တွင် ငွေတောင်းကြမ်း၍ တောင်သူများ လူလုံးမလှဖြစ်နေ

မဲခေါင် 26 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၅ ပြောင်းကားများထဲမှ ငွေတောင်းခြင်း အပါအဝင် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ အဝင်အထွက်ဂိတ်တွင် ကျေးရွာမှ မြို့သို့ ခြံထွက်ပစ္စည်း လာရောင်းချသော တောင်သူများထံမှ စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့က ငွေတောင်းကြမ်းနေသဖြင့် တောင်သူများ လူလုံးမလှ ဖြစ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းဂိတ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပအိုဝ်းပြည်သူ့စစ် – PNO တို့ ပူးတွဲစောင့်ကြပြီး မြို့တောင်ဘက် နှင့် မြို့မြောက်ဘက် နှစ်ဂိတ်စလုံး၌ ငွေတောင်းကြမ်းကြကြောင်း ၎င်းတို့က ပြောသည်။ “ကျနော်တို့ တောင်သူတွေ မြို့ပေါ် ပြောင်းလာရောင်းရင် မြို့အဝင်ရဲဂိတ်က ကားသေး၊ ထော်လာဂျီဆို ၅၀၀၀၊ Canter ဆို ၁၀၀၀၀ တောင်းတယ်ဗျ။ ရဲဂိတ်တောင်ဘက်နဲ့

မဲခေါင်၊ နိုဝင်ဘာ ၂၅

ပြောင်းကားများထဲမှ ငွေတောင်းခြင်း အပါအဝင် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ အဝင်အထွက်ဂိတ်တွင် ကျေးရွာမှ မြို့သို့ ခြံထွက်ပစ္စည်း လာရောင်းချသော တောင်သူများထံမှ စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့က ငွေတောင်းကြမ်းနေသဖြင့် တောင်သူများ လူလုံးမလှ ဖြစ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဂိတ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပအိုဝ်းပြည်သူ့စစ် – PNO တို့ ပူးတွဲစောင့်ကြပြီး မြို့တောင်ဘက် နှင့် မြို့မြောက်ဘက် နှစ်ဂိတ်စလုံး၌ ငွေတောင်းကြမ်းကြကြောင်း ၎င်းတို့က ပြောသည်။

“ကျနော်တို့ တောင်သူတွေ မြို့ပေါ် ပြောင်းလာရောင်းရင် မြို့အဝင်ရဲဂိတ်က ကားသေး၊ ထော်လာဂျီဆို ၅၀၀၀၊ Canter ဆို ၁၀၀၀၀ တောင်းတယ်ဗျ။ ရဲဂိတ်တောင်ဘက်နဲ့ မြောက်ဘက် နှစ်ဂိတ်လုံး တောင်းတယ်။ ပြောင်းတစ်ထုပ်စိုက်ရင် တစ်သိန်းမြတ်ဖို့တောင် မလွယ်ဘူးဗျ။ ပြောင်းကားမှ မဟုတ်ပါဘူး၊ ပဲစင်းငုံ၊ သနပ်ဖက်၊ ငရုတ်သီး၊ စပါးသယ်ကားလည်း တောင်းတယ်”ဟု ကိုယ်တွေ့ ကြုံရသူ တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ယခုကဲ့သို့ ဂိတ်များတွင် ပေးရခြင်းနှင့် ကားခကုန်ကျခြင်း၊ ရောင်းချသောကုန် ဈေးမရခြင်း၊ ပွဲစားများနှိမ်ခြင်းတို့ကြောင့် တောင်သူများ နှစ်စဉ်လိုလို အရှုံးဖြင့်သာ ရောင်းချနေရကြောင်း ဒေသခံများက ပြောသည်။

“အရင်တုန်းကဆို ပွဲစားတွေက ရွာအထိ လာဝယ်ကြတယ်။ ခုနောက်ပိုင်း ဂိတ်တွေများလာလို့ ပွဲစားတွေက လာမဝယ်ကြတော့ဘူး။ တောင်ကြီး၊ ဆိုက်ခေါင်၊ အောင်ပန်းအထိ သွားရောင်းရတယ်။ သွား ရောင်းပြီး တစ်နှစ်စာ ကုန်ခဲ့တဲ့အချိန် ကိုယ့်လုပ်အားခတောင် ပြန်မရပါဘူး။ အရင်းတောင် မနည်းပြန်ရအောင် ကြိုးစားရတာ။ ဒီလိုကြုံတာ သုံးလေးနှစ် ဆက်တိုက်ပဲ၊ တောင်ယာ ဆက်လုပ်ဖို့တောင် အားမရှိဘူး စိတ်ဓာတ်တွေကျမိပါတယ်”ဟု နောက်ထပ် တောင်သူတစ်ဦးကလည်း မဲခေါင်သို့ ပြောသည်။

ပြီးခဲ့သည့် မိုးရာသီ ပြောင်းစစိုက်သည့်အချိန် တောင်သူများက မြို့ပေါ်သို့ မြေသြဇာ တက်ဝယ်ချိန်လည်း ယင်းဂိတ်ရှိ စစ်သားများက မြေဩဇာတစ်အိတ် ကျပ် ၁၀၀၀ တောင်းသဖြင့် ပေးခဲ့ရသေးကြောင်း ဒေသခံတောင်သူများက ပြောသည်။

ထို့ပြင် ယင်းဂိတ်များတွင် တာဝန်ချိန်ကျသော စစ်သားများသည် နေ့စဉ်လိုလို အရက်မူးနေပြီး ခရီးသွားနှင့် ကုန်တင်ကား‌များကိုလည်း ကြမ်းတမ်းစွာဆဲဆိုခြင်း၊ ရစ်ခြင်း၊ လိုအပ်သည်ထက် စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#ဆီဆိုင်
#တောင်သူ
#စစ်ကောင်စီ
#ငွေတောင်းကြမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now