မဲခေါင်၊ နိုဝင်ဘာ ၂၅
ထိုင်းနိုင်ငံတောင်ပိုင်း ဟက်ရိုင်ခရိုင်တွင် မိုးသည်းထန်လွန်းပြီး ရေကြီးမှုဆက်လက်ဆိုးရွားနေသဖြင့် ဒေသခံများသည် အသက်ရှင်သန်နိုင်ရေးအတွက် ဓာတ်ကြိုးများပေါ်မှပင် လမ်းလျှောက်သွားနေကြသည့် ဓာတ်ပုံများ မြင်တွေ့ရသည်။
လက်ရှိတွင် ဟက်ရိုင်ခရိုင်ရှိ မိသားစုများစွာ နေအိမ်များအတွင်း မည်သည့် အစိုးရအကူအညီ အထောက်အပံ့မှ မရဘဲ ပိတ်မိနေသူများစွာ ရှိနေသေးသည်။ ဒေသခံတစ်ဦးဖြစ်ဟန်ရှိသည့် ဖေ့စ်ဘုတ် အသုံးပြုသူ Kang Namthip ၏ ဗီဒီယိုပို့စ်တွင် ရေနစ်မြုပ်ရာဒေသခံများ လျှပ်စစ်ဓာတ်ကြိုးများပေါ် တက်လျှောက်နေသည်ကို ဖော်ပြခဲ့ရာ Share ၁၂၀၀၀ ခုကျော် ရရှိခဲ့သည်။
Ref: Khaosod
#MeKongNews
#ထိုင်းတောင်ပိုင်း
#ရေကြီးနစ်မြုပ်
#ဟတ်ရိုင်ခရိုင်








