ကမ္ဘာ့သတင်း

ထိုင်ဝမ်ကို သိမ်းပိုက်ရန် တရုတ်အစမ်းလေ့ကျင့်ခဲ့ကြောင်း ဂြိုဟ်တုမှတ်တမ်းဓာတ်ပုံများ ထွက်ပေါ်

မဲခေါင် 25 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၅ တရုတ်စစ်တပ်သည် ထိုင်ဝမ်ကို ကမ်းတက်သိမ်းပိုက်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုအဖြစ် လျှို့ဝှက်သင်္ဘောများစွာကို အသုံးပြုလေ့ကျင့်ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်လာသည်။ ယင်း D-Day style ကမ်းတက်သိမ်းပိုက်မှု အစမ်းလေ့ကျင့်မှုကို ဩဂုတ် ၁၇ ရက်ကတည်းက ကွမ်တုံပြည်နယ် ကမ်းခြေတစ်ခုအား ထိုင်ဝမ်ကျွန်းအလား သဘောထားပြီး အရပ်ဘက် သယ်ယူပို့ဆောင်ရေးသင်္ဘောများစွာကို အသုံးပြုကာပြုလုပ်ခဲ့ကြောင်း၊ ကြီးမားသည့် အရပ်ဘက်သုံး ကားများစွာတင်ဆောင်နိုင်သော ကတို့သင်္ဘော ၁၂ စီးကို အသုံးပြုကာ ထိုထဲမှ ၆ စီးသည် စစ်သား များနှင့် စစ်သုံးယာဉ်များကို သယ်ဆောင်ပြီး ကျန် ၆ စီးသည် ပိုမိုများပြားသော စစ်သားများနှင့် လက်နက်ကြီးများ သယ်ဆောင်ကာ ကမ်းတက်သည့် လေ့ကျင့်ခန်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု

မဲခေါင်၊ နိုဝင်ဘာ ၂၅

တရုတ်စစ်တပ်သည် ထိုင်ဝမ်ကို ကမ်းတက်သိမ်းပိုက်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်မှုအဖြစ် လျှို့ဝှက်သင်္ဘောများစွာကို အသုံးပြုလေ့ကျင့်ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်လာသည်။

ယင်း D-Day style ကမ်းတက်သိမ်းပိုက်မှု အစမ်းလေ့ကျင့်မှုကို ဩဂုတ် ၁၇ ရက်ကတည်းက ကွမ်တုံပြည်နယ် ကမ်းခြေတစ်ခုအား ထိုင်ဝမ်ကျွန်းအလား သဘောထားပြီး အရပ်ဘက် သယ်ယူပို့ဆောင်ရေးသင်္ဘောများစွာကို အသုံးပြုကာပြုလုပ်ခဲ့ကြောင်း၊ ကြီးမားသည့် အရပ်ဘက်သုံး ကားများစွာတင်ဆောင်နိုင်သော ကတို့သင်္ဘော ၁၂ စီးကို အသုံးပြုကာ ထိုထဲမှ ၆ စီးသည် စစ်သား များနှင့် စစ်သုံးယာဉ်များကို သယ်ဆောင်ပြီး ကျန် ၆ စီးသည် ပိုမိုများပြားသော စစ်သားများနှင့် လက်နက်ကြီးများ သယ်ဆောင်ကာ ကမ်းတက်သည့် လေ့ကျင့်ခန်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဂြိုဟ်တုဓာတ်ပုံများအရ သိရှိရသည်။

ထိုသို့ အရပ်ဘက် ကတို့သင်္ဘောအကြီးစားများကို အသုံးပြုရ ခြင်းသည် တရုတ်စစ်သင်္ဘောများသီးသန်နှင့်ဆိုလျှင် စစ်သည် ၂၀၀၀၀ သာ တင်ဆောင်နိုင်မည်ဖြစ် သောကြောင့် ထိုင်ဝမ်းကျွန်းကို သိမ်းလျှင် လိုအပ်မည့် စစ်သည် ၃၀၀၀၀၀ အား မတင်ဆောင်နိုင် သောကြောင့် ကြိုတင်ပြင်ဆင်အသုံးပြုကာ လူအများမသိစေရန် ညဘက်ကမ်းတက် လေ့ကျင့်မှုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသင်္ဘောများထဲ ၉၀ မီတာရှည်သော ကုန်တင်သင်္ဘော Huayizhixing လည်း ပါဝင်ကာ စစ်သုံး ယာဉ်ပေါင်း ၂၀ ဝန်းကျင်ကို တင်ဆောင်လာသည်ကိုလည်း တွေ့ရသည်။

၂၀၂၀ ပြည်လွန်နှစ် အစောပိုင်း ကလည်း အဆိုပါ အရပ်သားကတို့သင်္ဘောများကို တရုတ်စစ်သင်္ဘော ၄ စီးခြံရန်စောင့်ရှောက်ကာ ထိုင်ဝမ်းကို သမ်းလျှင် ကမ်းတက်တိုက်ခိုက်မည့်အနေအထားအား တစ်ကြိမ်လေ့ကျင့်ခဲ့သေးပြီး မတ်လကလည်း ဂြိုဟ်တုဓာတ်ပုံများမှတစ်ဆင့် တရုတ်ရေယာဉ်စုသည် ကမ်းသို့ တံတားထိုး တက်နိုင် သည့် ယန္တရားပါ စစ်သင်္ဘောများကို စမ်းသပ် အသုံးပြုနေသည်အား တွေ့ရှိခဲ့ရသည်။

ယခုရက်ပိုင်းအတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံးလေယာဉ်တင် သင်္ဘောသစ် Fujian ကို ရေချပြီး အခြားလေယာဉ်တင်သင်္ဘော ၂ စီးနှင့်အတူတပ်တော်ဝင်ခိုင်းခဲ့ရာ တရုတ်သမ္မတရှီကျင့်ဖျင်သည် ၎င်းသမ္မတရာထူးယူထားသည့်လက်ထက်အတွင်း ထိုင်ဝမ်အား အရ သိမ်းပိုက်မည့် ဆန္ဒအား ၂၀၂၇ နောက်ဆုံးထား အကောင်အထည်ဖော်လိမ့်မည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

လက်ရှိတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်းစစ် ငြိမ်းချမ်းရေးရစေရန် ကိုယ် တိုင် အဆိုတင်သွင်းထားရာ၌ အင်အားအသာစီးရလွန်းနေသည့် ရုရှားအလိုကျ သဘောတူညီချက်ကို ရေးဆွဲကာ အလုပ်ရှပ်နေသည်အားသိရှိရသဖြင့် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ရှီကျင့်ဖျင် သည် ထိုင်ဝမ်ကို ကမ်းတက်သိမ်းပိုက်ရေး အားလုံးအဆင့်သင့် ပြင်ဆင်ထားနှင့်ပြီးဖြစ်ကြောင်း နိုင်ငံတကာ စစ်ရေးကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ထိုင်ဝမ်
#တရုတ်
#အမေရိကန်
#ဂြိုလ်တုဓာတ်ပုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now