နေ့စဥ်သတင်း

ပအိုဝ်းဒေသ၌ စစ်မှုထမ်းကြေး နှစ်မျိုးစလုံးအတွက် ငွေပေးနေရ၍ ဒေသခံများအခက်ကြုံ

မဲခေါင် 21 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၁ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၌ PNO ပြည်သူ့စစ် နှင့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း နှစ်မျိုးစလုံးအတွက် အိမ်တိုင်းကျပ်သိန်းချီ ပေးနေရသဖြင့် မတတ်နိုင်ကြတော့ ဟု ဆီဆိုင်ဒေသခံတစ်ဦးက မဲခေါင် သို့ပြောသည်။ လက်ရှိတွင် နိုဝင်ဘာ ၁၇ ရက်က ဖွင့်သွားသည့် ပြည်သူ့စစ်မှုထမ်းအပတ်စဥ် (၁၉) အတွက် PNO ပြည်သူ့စစ်ထဲ ဝင်ပြီးသူများပါ ကင်းလွတ်ခွင့်မရဘဲ ပါသွားရသည် ဟု ဒေသခံများကဆိုသည်။ “ပြောတုန်းက PNO လုပ်ပြီးရင် ဗမာတပ်ထဲမခေါ်တော့ဘူးပြောတာ၊ အခု နံမည်ပါတော့ မသွားလို့မရဘူးတဲ့၊ မသွားရင် သိန်း ၇၀ အနည်းဆုံးပေးရမယ် တောင်းတာ။ PNO ယူနီဖောင်းကအစ ဝယ်ဝတ်ရတာ ထည့်ခဲ့ရတဲ့ ငွေတွေအများကြီး

မဲခေါင်၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၌ PNO ပြည်သူ့စစ် နှင့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း နှစ်မျိုးစလုံးအတွက် အိမ်တိုင်းကျပ်သိန်းချီ ပေးနေရသဖြင့် မတတ်နိုင်ကြတော့ ဟု ဆီဆိုင်ဒေသခံတစ်ဦးက မဲခေါင် သို့ပြောသည်။

လက်ရှိတွင် နိုဝင်ဘာ ၁၇ ရက်က ဖွင့်သွားသည့် ပြည်သူ့စစ်မှုထမ်းအပတ်စဥ် (၁၉) အတွက် PNO ပြည်သူ့စစ်ထဲ ဝင်ပြီးသူများပါ ကင်းလွတ်ခွင့်မရဘဲ ပါသွားရသည် ဟု ဒေသခံများကဆိုသည်။

“ပြောတုန်းက PNO လုပ်ပြီးရင် ဗမာတပ်ထဲမခေါ်တော့ဘူးပြောတာ၊ အခု နံမည်ပါတော့ မသွားလို့မရဘူးတဲ့၊ မသွားရင် သိန်း ၇၀ အနည်းဆုံးပေးရမယ် တောင်းတာ။ PNO ယူနီဖောင်းကအစ ဝယ်ဝတ်ရတာ ထည့်ခဲ့ရတဲ့ ငွေတွေအများကြီး အခု စစ်ထဲပါသွားရပြီ” ဟု ဆီဆိုင်ဒေသခံ မိသားစုဝင်တစ်ဦးက ၎င်း၏တူ ပါသွားသည့် အခြေအနေအား မဲခေါင်သို့ ပြောသည်။

စစ်တပ်က စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လမှစပြီး ပြည်သူ့စစ်မှုထမ်းအတွက် လူငှားထည့်ရန် တစ်ရွာလုံးငွေကောက်ပြီး သတ်မှတ်နှုန်းတိုင်း လစဉ်ထည့်နေကြရာမှ ယခုတွင် ငွေသာမက လူပါထည့်နေရကြောင်း သိရသည်။

ရွာအရွယ်အစားပေါ် မူတည်၍ လူဦးရေနည်းသည့် ရွာငယ်ဆိုပါက တစ်အိမ် ကျပ်တစ်သိန်းမှ ၂ သိန်း အထိပေးရသကဲ့သို့၊ လူဦးရေများသည့် ရွာကြီးဆိုလျှင် တစ်အိမ် အနည်းဆုံး နှစ်သောင်းကျပ်မှ စပြီး ထည့်နေရကြောင်း သိရသည်။

“ဗမာစစ်မှုထမ်း အတွက်သာမဟုတ်ဘူး PNO ပြည်သူ့စစ်အတွက်လည်း ကောက်ပါတယ်။ နှစ်မျိုးနှစ်ခါ ကြုံနေရတာပါ” ဟု ဟိုပုံးဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ နှစ်မျိုးစလုံးအတွက် ငွေပေးရသည့်အပြင် ပြည်သူ့စစ်မှုထမ်းအတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းသာ ခေါ်ယူသော်လည်း PNO ကမူ အသက် ၅၀ အထိ သတ်မှတ်ထားသဖြင့် အိမ်ထောင်ဦးစီးများ စီးပွားရှာနိုင်သည့် အခြေအနေမရှိကြတော့ ဟု ၎င်းက ပြောသည်။

“လယ်နဲ့စိုက်ပျိုးရေး အလုပ်တွေမှာ ယောင်္ကျားတွေ မရှိကြတော့ဘူး။ ပြည်သူ့စစ်က အလှည့်ကျလို့ မသွားနိုင်ရင် ငှားထည့်ရတာ၊ ဂိတ်စောင့်က တစ်ရက် ၅ သောင်းလောက်နဲ့ ရပေမယ့် ရှေ့တန်းဆိုမရတော့ဘူး။ ငွေမတတ်နိုင်လို့ မငှားနိုင်တော့ ကိုယ်တိုင်လိုက်ရတော့တာ” ဟု ပင်လောင်းဒေသခံတစ်ဦးက ပြောသည်။

လတ်တလောတွင် ပအိုဝ်းပါတီအပြင် ကြံ့ခိုင်ရေးပါတီကလည်း မဲဆွယ်နေရာ ပြည်သူ့စစ်ရော စစ်မှုထမ်းပါ မရှိအောင် လုပ်ပေးမည့် မည်သည့် ပါတီကိုမဆို မဲထည့်မည်ဆိုသော်လည်း၊ ယခုချိန်ထိ ငြိမ်းချမ်းရေးထက် စစ်ကိုသာ လိုလားသူများ ဖြစ်နေသဖြင့် မည်သည့်လူကြီး တစ်စုံတစ်ယောက်မျှ အားကိုး၍မရ ဟု တောင်ကြီး၊ ညိုမီးရပ်ကွက် နေသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဥ် (၁၉) ဖွင့်လှစ်သွားပြီးနောက် နောက်လာမည့် အပတ်စဥ်များအတွက် စတင် ငွေကောက်ခံနေကြောင်း သိရသည်။

#MeKongNews
#ပအိုဝ်းဒေသ
#စစ်မှုထမ်းကြေး
#PNO
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now