နေ့စဥ်သတင်း

ဟိုပုံး၊ လွယ်အွန်းကျေးရွာအုပ်စုတွင် တစ်အိမ် ၅ သောင်းကျပ် PNO ဆက်ကြေးကောက်

မဲခေါင် 17 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်အွန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နိုဝင်ဘာလအတွက် တစ်အိမ် ၅ သောင်းကျပ် ဆက်ကြေးကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။ ယင်းဆက်ကြေးငွေများကို PNO မှ ကျေးရွာအုပ်စုတာဝန်ခံ ထွက်ပညာ၊ ခွန်သုတ တို့ဆိုသူက ဦးဆောင်ကာ စစ်ကောင်စီ နှင့် PNO အတွက် ထောက်ပံ့ကြေးဟု‌ ပြောကာ ကောက်ခံခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ဒီလက တစ်အိမ် ၅ သောင်းတဲ့၊ ရွာသားတွေ ပိုက်ဆံ ၅ သောင်းရဖို့ဆိုတာ အရမ်းခက်ခဲတယ်ဗျ။ အခုလုပ် အခုပိုက်ဆံပေါ်တာ မဟုတ်ဘူးလေ။ အရင် အောက်တိုဘာလလည်း တစ်အိမ် ၉ သောင်းထည့်ရတယ်။

မဲခေါင်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်အွန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နိုဝင်ဘာလအတွက် တစ်အိမ် ၅ သောင်းကျပ် ဆက်ကြေးကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

ယင်းဆက်ကြေးငွေများကို PNO မှ ကျေးရွာအုပ်စုတာဝန်ခံ ထွက်ပညာ၊ ခွန်သုတ တို့ဆိုသူက ဦးဆောင်ကာ စစ်ကောင်စီ နှင့် PNO အတွက် ထောက်ပံ့ကြေးဟု‌ ပြောကာ ကောက်ခံခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဒီလက တစ်အိမ် ၅ သောင်းတဲ့၊ ရွာသားတွေ ပိုက်ဆံ ၅ သောင်းရဖို့ဆိုတာ အရမ်းခက်ခဲတယ်ဗျ။ အခုလုပ် အခုပိုက်ဆံပေါ်တာ မဟုတ်ဘူးလေ။ အရင် အောက်တိုဘာလလည်း တစ်အိမ် ၉ သောင်းထည့်ရတယ်။ လတိုင်း အကြောင်းအမျိုးမျိုးပြပြီး ကောက်နေတော့တာပဲ။ အဲလို အဖွဲ့ရန်ပုံငွေဆိုပြီး အထက်ကခိုင်းလို့ ကောက်တာလို့ပြောပြီး ကောက်လာတာလည်း တစ်သက်လုံးပဲ ဘယ်နေရာမှာသုံးလဲ တစ်ခါမှစာရင်းမမြင်ဖူးဘူး” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လွယ်အွန်းကျေးရွာအုပ်စုတွင် PNO က မကြာခဏ ဆက်ကြေးကောက်ခံနေပြီး ယင်းသို့ ကောက်ခံရာတွင် ၎င်းတို့ ခန့်ထားသည့် ကျေးရွာအုပ်စုမှူးများက အထက်က ခိုင်းထားသည်ထက် ပိုကောက်လေ့ရှိသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ PNO ဗဟိုက တစ်အိမ် ၃ သောင်းကောက်ခိုင်းရင် မြို့နယ်မှူးတွေ၊ အုပ်စုမှူးတွေက သူတို့အတွက်ပါ ကျန်အောင် တစ်အိမ် ၅ သောင်း အဲလိုမျိုး ပိုပိုကောက်ကြတယ်၊ လုပ်စားကြတယ်။ အဲလိုလုပ်စားတာကို သူတို့ အထက်လူကြီးတွေ မသိဘူးလားဆိုလည်း မဟုတ်ဘူး၊ သိသိကြီးနဲ့ကို အတူတူလုပ်စားကြတာ။ အုပ်စုမှူးတွေ၊ မြို့နယ်မှူးတွေ ဆိုတာကလည်း သေနတ်နဲ့ ယူနီဖောင်းနဲ့ဆိုတော့ ဘယ်သူမှပြန်မပြောရဲဘူး” ဟု လွယ်အွန်းကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

ဟိုပုံးမြို့နယ်၊ လွယ်အွန်းကျေးရွာအုပ်စုတွင် လွယ်အွန်း၊ နောင်ခုံး၊ ထီကတူး စသည့် ကျေးရွာပေါင်း ၁၀ ကျော်ရှိပြီး လူဦးရေ ၇၀၀၀ ကျော် နေထိုင်သည်။

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်သည် ယခင်က စစ်အာဏာရှင်ကို တော်လှန်သည့် တပ်ဖွဲ့ဖြစ်ခဲ့ဖူးသော်လည်း ၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့်အပစ်ရပ်ကာ ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ အသွင်ပြောင်းပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့သည်။

ထိုသို့ ပြောင်းလဲဖွဲ့စည်းပြီးနောက် ဦးအောင်ခမ်းထီက PNO ၏ နိုင်ငံရေးကော်မတီနှင့် စစ်ရေးကော်မတီဥက္ကဌ အဖြစ်တာဝန်ယူကာ စစ်ကောင်စီနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များကို လက်ရှိအချိန်ထိ တိုက်ခိုက်လျက်ရှိသည်။

#MeKongNews
#ဟိုပုံး
#လွယ်အွန်း
#PNO
#ဆက်ကြေးကောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now