ကမ္ဘာ့သတင်း

ရုရှားဆီမှ စွမ်းအင်တင်သွင်းသည့် နိုင်ငံများကို သွင်းကုန်ခွန် ၅၀၀ ရာခိုင်နှုန်းကောက်မည့် လွှတ်တော်အဆိုကို ဒေါ်နယ်ထရမ့် ထောက်ခံ

မဲခေါင် 17 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၇ ယူကရိန်းကျူးကျော်စစ်တွင် ရုရှား၏ အဓိက ဝင်ငွေရင်းမြစ်ဖြစ်သော ရေနံနှင့်စွမ်းအင်လောင်စာများ ကို အဓိက ဝယ်ယူတင်သွင်းနေသည့် နိုင်ငံများအား သွင်းကုန်ခွန် ၅၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံသွားရန် အမေရိကန် အထက်လွှတ်တော်တွင် ဥပဒေကြမ်းအဆိုတင်သွင်းရန် စီစဉ်နေမှုအား အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်လည်း ထောက်ခံထားကြောင်း သိရသည်။ ရီပါဘလစ်ကန် အမတ် ဘင်ဆေးဂရေဟမ်ဦးဆောင်ပြီး ရုရှား၏ ယူကရိန်းအပေါ် ပိုမိုရက်စက်စွာ တိုက်ခိုက်နေမှုများ အား ဟန့်တားနိုင်ရေး စစ်ရေးအသုံးစားရိတ်ကို ဖြတ်တောက်နိုင်မည့် အဆိုပါ အဆိုတင်သွင်းမှုကို ယခု အမြန်ဆုံး တင်သွင်းကာ မဲပေးအတည်ပြုရန် စီစဉ်နေပြီဖြစ်သည်။ ရုရှားနှင့် မဟာမိတ်အဖြစ် စီးပွားရေးဆက်လုပ်နေသည့် နိုင်ငံများထဲ အိန္ဒိယနှင့်တရုတ်သည် ရုရှားထံမှ

မဲခေါင်၊ နိုဝင်ဘာ ၁၇

ယူကရိန်းကျူးကျော်စစ်တွင် ရုရှား၏ အဓိက ဝင်ငွေရင်းမြစ်ဖြစ်သော ရေနံနှင့်စွမ်းအင်လောင်စာများ ကို အဓိက ဝယ်ယူတင်သွင်းနေသည့် နိုင်ငံများအား သွင်းကုန်ခွန် ၅၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံသွားရန် အမေရိကန် အထက်လွှတ်တော်တွင် ဥပဒေကြမ်းအဆိုတင်သွင်းရန် စီစဉ်နေမှုအား အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်လည်း ထောက်ခံထားကြောင်း သိရသည်။

ရီပါဘလစ်ကန် အမတ် ဘင်ဆေးဂရေဟမ်ဦးဆောင်ပြီး ရုရှား၏ ယူကရိန်းအပေါ် ပိုမိုရက်စက်စွာ တိုက်ခိုက်နေမှုများ အား ဟန့်တားနိုင်ရေး စစ်ရေးအသုံးစားရိတ်ကို ဖြတ်တောက်နိုင်မည့် အဆိုပါ အဆိုတင်သွင်းမှုကို ယခု အမြန်ဆုံး တင်သွင်းကာ မဲပေးအတည်ပြုရန် စီစဉ်နေပြီဖြစ်သည်။

ရုရှားနှင့် မဟာမိတ်အဖြစ် စီးပွားရေးဆက်လုပ်နေသည့် နိုင်ငံများထဲ အိန္ဒိယနှင့်တရုတ်သည် ရုရှားထံမှ စွမ်းအင်အများဆုံး တင်သွင်းနေသည့်နိုင်ငံများဖြစ်ရာ တင်းမာမှုများသည် အမြင့်ဆုံးပြန်ဖြစ်လာနိုင်သော်လည်း ဖလော်ရီဒါ မှ အိမ်ဖြူတော်သို့ ပြန်မည့်ခရီးစဉ်မတိုင်ခင် ဒေါ်နယ်ထရမ့်က သူကိုယ်တိုင်လည်း မိမိပါတီ ရီပါဘလစ် ကန်မှ တင်သွင်းမည့် အဆိုပါ ဥပဒေမူကြမ်းကို လက်ခံသည်ဟု ပြောသွားခဲ့ခြင်းဖြစ်သည်။

Bloomberg ၏ ဖော်ပြမှုအရ ရုရှားမှ ရေနံနှင့်သဘာ၀ဓာတ်ငွေများ အဓိက တင်သွင်းသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အပြင် အီရန်ကိုပါ အဓိက ပစ်မှတ်ထားပြီး သွင်းကုန်ခွန် ၅၀၀ ရာခိုင်နှုန်း တိုးမြှင့်ရန် ရှိ နေသည်ဟု ထရမ့်က ပြောဆိုခဲ့သည်ဟု ဆိုသည်။

ယင်းဥပဒေမူကြမ်းကို အတည်ပြုနိုင်ရန် အမေရိကန်အထက်လွှတ်တော်သည် အမြန်ဆုံး စီစဉ်နေပြီး ယူကရိန်း၏ မီးရထားကွန်ရက် ဗဟိုချက် ဖြစ်သော ပေါ့ဗ်ရော့ဗ်စ်မြို့အား စစ်အင်အား ၂၀၀၀၀၀ အထိ တိုးမြှင့်သိမ်းပိုက်ရန် ရုရှား တိုက်ခိုက်နေမှု မအောင်မြင်ခင် ဥပဒေထုတ်ပြန်နိုင်ရေး ကြိုးစားနေခြင်းဖြစ်သည်။

ထရမ့်သည် ၂၀၂၅ ဩဂုတ်လတွင် ရုရှားထံမှ စွမ်းအင်ဝယ်ယူမှုများစွာလုပ်နေသော အိန္ဒိယအား သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပြီး စုစုပေါင်း ၅၀ ရာခိုင်နှုန်း ကောက်ခံသည်ဟု သမ္မတ အမိန့် ဖြင့် ထုတ်ပြန်ခဲ့ရာ အိန္ဒိယဘက်မှ ဝယ်ယူတင်သွင်းမှု လျော့ချလာသည့်အတွက် ကျေနပ်လောက်ဖွယ်ရာ အခြေအနေရောက်လျှင် သွင်းကုန်ခွန်မြှင့်တင်ထားမှု ပြန်လျှော့ချပေးမည်ဟု ဆိုခဲ့သည်။

ကိုကလင်း
Ref: indiatoday
#MeKongNews
#ရုရှား
#ရေနံ
#သဘာဝဓာတ်ငွေ့
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now