မဲခေါင်၊ နိုဝင်ဘာ ၁၄
တန်ကြေးကြီးလှသော ရုရှားဒရုန်းတစ်စီးအား ယူကရိန်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) မှ ရဟတ်ယာဉ် ပေါ်မှ စက်သေနတ်ငယ်ဖြင့် ပစ်ချခဲ့သည့် ရုပ်သံမှတ်တမ်းကို ထုတ်ပြန်လိုက်ရာ ပူတင်အတွက် ဒေါသူပုန်ထစရာဖြစ်ခဲ့သည်။
ယင်းရုပ်သံမှတ်တမ်းတွင် အမေရိကန်ထုတ် Minigun ဖြစ်သော M134 သေနတ်ဖြင့် ရဟတ်ယာဉ် ပေါ်မှ အတွဲလိုက်ပစ်ချရာ မီးလောင်ပေါက်ကွဲသွားခဲ့သည်ကို မြင်တွေ့ရသည်။
ယင်း M134 စက်သေနတ်ငယ်သည် အပူရှိန်မတက်ဘဲ တစ်မိနစ်အတွင်း ကျည်အတောင့် ၆၀၀၀ အထိ ပစ်ခတ်နိုင်ကာ သာမန်အားဖြင့် ဒရုန်းတစ်စီးအား ဖျက်ချမှုတွင် တန်ဖိုးကြီးသော ဒုံးကျည်များ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များ အသုံးပြုဖျက်ချရသော်လည်း စက်သေနတ်ငယ်ဖြင့် ပစ်ချပြ သွားခြင်းက ပူတင်ကို ဒေါသထွက်စရာဖြစ်စေသလို ယူကရိန်းတပ်များ၏ စွယ်စုံထူးချွန်မှုကိုလည်း ပြသနိုင်ခဲ့ခြင်းဖြစ်သည်။
မကြာသေးခင်ကလည်း SOF တပ်သည် တာဝေးပစ်ဒုံးကျည်များကို ဖျက်ချနိုင်သလို ရန်သူပစ်မှတ်များ ကိုလည်း တာဝေးမှ ပစ်ခတ်နိုင်သည့် ရုရှား၏ ဒေါ်လာ ၁ ဒသမ ၂၆ ဘီလီယံတန် S-400 မြေပြင်မှ ဝေဟင် ပစ် ဒုံးပစ်လောင်ချာစင် (ကား) ကြီးကို ယက်ဗ်ပါတိုရီးယားအနီး ယူရတ်နီရွာအနီး တန်ဖိုးနည်း ဒရုန်း ၂ စင်းဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သေးသည်။
ယင်း S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်အနီး 92N6E၊ AORL-1AS နှင့် P-18 Terek ရေဒါစနစ်များစွာ ထားရှိပါလျက် စတားလင့်ခ်အင်တာနက်တပ်ထားသည့် ဒရုန်းငယ်လေးဖြင့် ယူကရိန်းဘက်မှ ကျော်ဖြတ်ပြီး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ရာ ပူတင်အတွက် ဒေါသထွက်စရာဖြစ်စေခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ယူကရိန်း
#ဒရုန်း
#စက်သေနတ်








