မဲခေါင်၊ နိုဝင်ဘာ ၁၄
ဟီလာရီကလင်တန်၏ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလ အီးမေးလ် Hack ခြင်း၊ အင်္ဂလန်တွင် ရုရှားစပိုင်ဟောင်း ဆာဂျီဆကရီပယ်၏ သမီး ယူလီယာ အီးမေးလ်ကို Hack ခြင်းနှင့် အာရုံကြော အဆိပ်ခတ်မှုများအပါအဝင် ဆိုက်ဘာရာဇဝတ်မှုများစွာ ကျူးလွန်ထားသူ ရုရှားစစ်ထောက်လှမ်းရေး စပိုင် ဟက်ကာ အလက်ဇီလူကာရှက်ဗ်ကို ထိုင်းနိုင်ငံ ဖူးခက်မြို့သို့ ဝင်လာစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
ရုရှားစစ်ထောက်လှမ်းရေး GRU မှ ဒုဗိုလ်အဆင့်ရှိသူ အလက်ဇီလူကာရှက်ဗ်သည် ဥရောပနှင့် အမေရိကတို့တွင် အလွန် အန္တရာယ်ကြီးသည့် ဟက်ကာ တစ်ဦးအဖြစ် ဆိုက်ဘာရာဇဝတ်မှုများစွာ ကို ကျူးလွန်ခဲ့သူဖြစ်ရာ အမေရိကန်ထောက်လှမ်းရေး FBI အလိုအရှိဆုံးသူအဖြစ် ဖမ်း၀ရမ်းထုတ်ထားပြီး နှစ်ပေါင်းများစွာ ထွက်ပြေးလွတ်မြောက်နေသူဖြစ်သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်တွင် ဖူးခက်လေဆိပ်သို့ အလက်ဇီလူကာရှက်ဗ် ဆိုက်ရောက်လာခဲ့ ပြီးနောက် FBI မှ သတင်းပေးကမ်းလှမ်းမှုအရ ဖူးခက်ဟိုတယ်တစ်ခုတွင် ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က FBI အလိုရှိနေသူ တစ်ဦးဖမ်းမိခဲ့ကာ အမေရိကန်သို့ လွှဲအပ်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ထိုသတင်းထုတ်ပြန်မှုတွင် မည်သူဖြစ်ကြောင်း ထိုင်းဘက်မှ နာမည်မဖော်ပြသော်လည်း မျက်နှာကို အနည်းငယ် ဝါးထားသော ဖမ်းမိသူ၏ ဓာတ်ပုံမှာ အလက်ဇီလူကာရှက်ဗ်နှင့်တစ်ပုံစံတည်းတူသလို အသက်သည်လည်း ၃၅ နှစ်သားဖြစ်သည်ဆိုသောကြောင့် အသက်လည်းအတူတူဖြစ်နေသည်။
ရုရှား ထောက်လှမ်းရေး ချိတ်ဆက် တယ်လီဂရန်ချန်နယ် VOT TAK တွင်လည်း နိုဝင်ဘာ ၁၃ ရက် မနက် အစောပိုင်း၌ ကမ္ဘာ့ထိပ်တန်းအဆင့် ဟက်ကာ ရုရှားစစ်ထောက်လှမ်းရေးအရာရှိ အလက်ဇီလူကာရှက်ဗ်ကို ထိုင်းတွင် ဖမ်းမိသွားပြီဟု ရေးတင်ထားသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှားထောက်လှမ်းရေး
#ဟီလာရီကလင်တန်
#အမေရိကန်
#ဖူးခက်








