နေ့စဥ်သတင်း

ပြည်မကုန်တင်ယာဥ်များကို သီပေါတံတားတွင် ကိုးကန့်တပ်မှ သွားခွင့်ပိတ်ထားပြီး နှစ်ဘက်အခြေအနေတင်းမာနေ

မဲခေါင် 13 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၃ ရှမ်းပြည်မြောက်ပိုင်းသို့ တက်သည့် ကုန်တင်ယာဥ်များကို လားရှိုးဘက်အထွက် သီပေါတံတားတွင် MNDAA က သွားခွင့်မပြုသဖြင့် ကားများ သီပေါမြို့အတွင်း ရပ်နားစောင့်ဆိုင်းနေကြရကြောင်း ယာဥ်မောင်းများနှင့် ​ဒေသခံများထံမှ သိရသည်။ “ဘာကုန်ကားမှ တက်လို့မရဘူး။ နိုဝင်ဘာ ၁၁ ရက်ညနေ့က စတာပဲ၊ လားရှိုးဘက်က ရေစုပ်စက်လေးတစ်လုံးမှာတဲ့ ကားလေးတောင် မနက် ၉ နာရီကရောက်တာ ညနေ ၅ နာရီမှ ဖြတ်ရတယ်” ဟု သီပေါ ဇာတ်စုရပ်နေသူတစ်ဦးက ပြောသည်။ လက်ရှိအခြေအနေမှာ ဟိုယဘက်မှစခန်းများကို ဆုတ်ခိုင်းရာမှတဆင့် စစ်ကောင်စီနှင့် MNDAA ဆက်ဆံရေး တင်းမာလာ​ခြင်းဖြစ်သည်ဟု စစ်ရေးအကဲခတ်သူများကလည်း သုံးသပ်သည်။ နိုဝင်ဘာ ၁၁ ရက်က လားရှိူးမြို့

မဲခေါင်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်မြောက်ပိုင်းသို့ တက်သည့် ကုန်တင်ယာဥ်များကို လားရှိုးဘက်အထွက် သီပေါတံတားတွင် MNDAA က သွားခွင့်မပြုသဖြင့် ကားများ သီပေါမြို့အတွင်း ရပ်နားစောင့်ဆိုင်းနေကြရကြောင်း ယာဥ်မောင်းများနှင့် ​ဒေသခံများထံမှ သိရသည်။

“ဘာကုန်ကားမှ တက်လို့မရဘူး။ နိုဝင်ဘာ ၁၁ ရက်ညနေ့က စတာပဲ၊ လားရှိုးဘက်က ရေစုပ်စက်လေးတစ်လုံးမှာတဲ့ ကားလေးတောင် မနက် ၉ နာရီကရောက်တာ ညနေ ၅ နာရီမှ ဖြတ်ရတယ်” ဟု သီပေါ ဇာတ်စုရပ်နေသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေမှာ ဟိုယဘက်မှစခန်းများကို ဆုတ်ခိုင်းရာမှတဆင့် စစ်ကောင်စီနှင့် MNDAA ဆက်ဆံရေး တင်းမာလာ​ခြင်းဖြစ်သည်ဟု စစ်ရေးအကဲခတ်သူများကလည်း သုံးသပ်သည်။

နိုဝင်ဘာ ၁၁ ရက်က လားရှိူးမြို့ ဆင်နှစ်ကောင်ဟိုတယ်၌ နှစ်ဖက်တွေ့ဆုံမှုတွင် နောင်မွန်နှင့် တန့်ယန်း၊ မိုင်းရယ် မြို့ဖက်သို့သွားသည့် နမ့်ပေါင် – ဟိုယ ရွာများတွင် MNDAA က တပ်စွဲထားသည်ကို ဆုတ်ခွာခိုင်းသည်ကို MNDAA က ငြင်းပယ်ရာမှ နှစ်ဘက် အခြေအနေတင်းမာ လာနေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းတောင်းဆိုမှုကို ရမခစစ်တိုင်းဦးစီးချုပ် ကျော်ထင် အဆင့်နှင့်မရ၍ စစ်ကောင်စီ၏ အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး ကိုယ်တိုင် လားရှိုးမြို့အထိ လာရောက်တွေ့ဆုံပြီး ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

“ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ကိုယ်တိုင် လာညှိတာ၊ MNDAA က သဘောမတူပါဘူး။ မရလို့ ပြန်သွားပါပြီ။ နောက်ဆက်တွဲက ခုလို နှစ်ဖက်တင်းမာလာတာပဲ” ဟု MNDAA နှင့် နီးစပ်သူ လားရှိုးဒေသခံတစ်ဦးက ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် လားရှိုးမြို့ကို တရုတ်အစိုးရ အကူအညီဖြင့်ပြန်လည်ထိန်းချုပ်စဥ်ကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူသံတမန် တိန့်ရွှီကျွင်းနှင့် ဆွေးနွေးမှုကို ဦးဆောင်ခဲ့သူဖြစ်သကဲ့သို့ MNDAA နှင့် အပစ်ရပ်ဆွေးနွေးပွဲများကိုလည်း စစ်ကောင်စီဘက်မှ ဦးဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ဆုတ်ခိုင်းသည့် နောင်မွန်- နမ့်ပေါင်-ဟိုယ ရွာများမှာ လားရှိုးနှင့် တဆက်တည်းရှိနေတာဖြစ်ပြီး MNDAA မှ ၁၀၂၇ စစ်ဆင်ရေးတွင် သိမ်းယူခဲ့ပြီး လက်ရှိတွင်လည်း အခိုင်အမာတပ်စွဲထားကြောင်း သိရသည်။

စစ်ကောင်စီသည် သိန္နီကို ပြန်တောင်းနေသလို ၎င်းတို့ စစ်ရှုံးထားသည့် နယ်မြေများကို တရုတ်အကူအညီဖြင့် ဖိအားပေးပြန်တောင်းနေခြင်းဖြစ်သည်။

#MeKongNews
#ရှမ်းမြောက်
#လားရှိုး
#MNDAA
#စစ်အင်အား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now