နေ့စဥ်သတင်း

ပအိုဝ်းကျေးရွာများမှ စစ်သင်တန်း မတက်ဖူးသည့် ရွာသားများကိုပါ PNO ရှေ့တန်းပို့

မဲခေါင် 13 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၃ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသရှိ ကျေးရွာများတွင် နေထိုင်သော စစ်သင်တန်း မတက်ဖူးသည့် အမျိုးသားများကိုပါ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အလှည့်ကျ ရှေ့တန်းသို့ ပို့ဆောင်နေသည် ဟု ကိုယ်တွေ့ကြုံသူများထံမှ သိရသည်။ အရွယ်ရောက်ပြီး ကျောင်းတက်ခြင်း မရှိတော့သည့် အမျိုးသားများအားလုံးကို အလှည့်ကျ တစ်ကြိမ်လျှင် ရက် ၂၀ ဖြင့် ရှေ့တန်းသို့ သွားရခြင်းဖြစ်ပြီး ထိုသို့ သွားရာတွင် ယူနီဖောင်း၊ စားစရိတ်ကအစ ကိုယ့်အစီစဉ်နှင့်ကိုယ် သွားရသည်ဟု ကိုယ်တိုင်ကြုံတွေ့သူများက ပြောသည်။ ယခင်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ကျောင်းမတက်တော့သည့် သူများသာ သွားရမည်ဟု ဆိုသော်လည်း လက်ရှိတွင် အသက် ၁၈ နှစ်

မဲခေါင်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသရှိ ကျေးရွာများတွင် နေထိုင်သော စစ်သင်တန်း မတက်ဖူးသည့် အမျိုးသားများကိုပါ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အလှည့်ကျ ရှေ့တန်းသို့ ပို့ဆောင်နေသည် ဟု ကိုယ်တွေ့ကြုံသူများထံမှ သိရသည်။

အရွယ်ရောက်ပြီး ကျောင်းတက်ခြင်း မရှိတော့သည့် အမျိုးသားများအားလုံးကို အလှည့်ကျ တစ်ကြိမ်လျှင် ရက် ၂၀ ဖြင့် ရှေ့တန်းသို့ သွားရခြင်းဖြစ်ပြီး ထိုသို့ သွားရာတွင် ယူနီဖောင်း၊ စားစရိတ်ကအစ ကိုယ့်အစီစဉ်နှင့်ကိုယ် သွားရသည်ဟု ကိုယ်တိုင်ကြုံတွေ့သူများက ပြောသည်။

ယခင်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ကျောင်းမတက်တော့သည့် သူများသာ သွားရမည်ဟု ဆိုသော်လည်း လက်ရှိတွင် အသက် ၁၈ နှစ် မပြည့်သော်လည်း ရှေ့တန်းသို့ အလှည့်ကျသွားရကြောင်း မသွားလိုပါက လူငှားထည့်ရပြီး တစ်ကြိမ်လျှင် လူငှားရမ်းခမှာ ၁၂ သိန်းမှ သိန်း ၂၀ ထိရှိသဖြင့် ငှားရမ်းနိုင်ခြင်းမရှိသူများ ရှေ့တန်းသို့ စစ်ပညာအသိမရှိဘဲ သွားနေရကြောင်း ကိုယ်တိုင်ရှေ့တန်းအပို့ခံရသူ တစ်ဦးက ရှင်းပြသည်။

“စစ်သင်တန်း တက်ရတဲ့သူရော မတက်ရတဲ့သူရော တစ်ရွာလုံး အလှည့်ကျသွားရတယ်။ တစ်ခါခေါ်ရင် တစ်ရွာကို ၂ ယောက်ကနေ ၆ ယောက်အထိ သွားရတာရှိတယ်။ ယူနီဖောင်း၊ တကိုယ်ရည်သုံးပစ္စည်းကအစ ကိုယ့်ဘာသာကိုယ် စီစဉ်ပြီး သူတို့ပြောတဲ့စုရပ်နေရာကိုသွားရတယ်။ ပြီးရင် သူတို့ပို့တဲ့ ရှေ့တန်းကို သွားရတယ်။ တချို့က ပင်လောင်း – ဖယ်ခုံနယ်စပ်သွား တချို့က ဆီဆိုင် – လွိုင်ကော်နယ်စပ်သွားရတယ်။ တချို့ကတော့ ဦးအောင်ခမ်းထီနေတဲ့ ကျောက်တလုံးကြီးကို ကာကွယ်ဖို့ ကျောက်တလုံးကြီးတောင်ဘက်မှာရှိတဲ့ ထီခွဘက်ကို သွားရတယ်” စစ်သင်တန်းမတက်ရဘဲ ကိုယ်တိုင်ရှေ့တန်းအပို့ခံရသည့် တောင်ကြီးမြို့နယ် တောင်ပိုင်းကျေးရွာတစ်ရွာမှ ပအိုဝ်းဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စစ်သင်တန်းမတက်ရဘဲ ရှေ့တန်းသို့ အပို့ခံရသော ဒေသခံများတွင် တိုက်ပွဲဖြစ်ပွားသည်နှင့် ကြုံကာ သေဆုံးသွားသူများ၊ အဖမ်းခံရသူများလည်းရှိကြောင်း သိရသည်။

“ကောင်ထိုဖက်မှာ တိုက်ပွဲဖြစ်တော့ ကျွန်တော်တို့က ရှေ့ဆုံးမှာမဟုတ်တော့ မတိုက်ရဘူး။ အဲ့မှာ ရှေ့ကနေတိုက်ရတဲ့အဖွဲ့ထဲက တီးတူးက အဖမ်းခံရတယ်လို့ သတင်းတက်လာမှ သိရတယ်။ သေတဲ့လူတွေကလည်း သေကြတယ်။ သင်တန်းမတက်ရဘူးလေ။ ကျွန်တော်ကလည်း အဲ့ကနေ ပြန်လာတာနဲ့ ထိုင်းကို လာလိုက်တာ ရွာမှာဆက်နေရင် နောက်တစ်ခါ ရှေ့တန်းထပ်သွားရမှာ ကြောက်လို့”ဟု လက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်သူ ခွန်ဇော်သိန်း(အမည်လွှဲ)က ပြောသည်။

၎င်းပြောပြချက်အရ ခွန်တီးတူးသည် တောင်ကြီးမြို့နယ် ဟမ်းဖို့ကြီးကျေးရွာမှဖြစ်ပြီး စစ်သင်တန်းမတက်ရဘဲ ဆီဆိုင် – လွိုင်ကော်နယ်စပ်ရှိ ရှေ့တန်းသို့ အပို့ခံရသဖြင့် တိုက်ပွဲဖြစ်ပွားရာတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၎င်းပြောသည့် ခွန်တီးတူးဆိုသူမှာ ပြီးခဲ့သည့် သြဂုတ် ၆ ရက်တွင် ဆီဆိုင်မြို့နယ် ကောင်ထိုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အမှတ် – ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် PDF မှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိခဲ့သူ ဖြစ်သည်။

ခွန်တီးတူးအဖမ်းခံရပြီးနောက် PNO ပြည်သူ့စစ်က ၎င်း၏ မိသားစုဝင်များကို ကက္ကူရှိ PNO စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်မြင့်အောင်က နေအိမ်သို့ခေါ်ယူပြီး ဆွမ်းသွပ်အမျှဝေပေးရန်သာ ပြောဆိုခဲ့သည်ဟု ၎င်းနှင့် အတူ ရှေ့တန်းအပို့ခံရသည့် ခွန်ဇော်သိန်းက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး PNO စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးခွန်မြင့်အောင်ကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် လက်ရှိအချိန်တွင်လည်း ရှမ်း-ကရင်နီတွင် စစ်ကောင်စီနှင့်အတူ ပူးတွဲကာ စစ်ကြောင်းထိုးတိုက်ခိုက်နေသည်။

#MeKongNews
#ရှမ်းတောင်
#PNO
#ပအိုဝ်းဒေသ
#ရှေ့တန်းပို့
ပုံအညွှန်း – စစ်သင်တန်းမတက်ရပဲရှေ့တန်းအပို့ခံရသဖြင့် အဖမ်းခံရသည့် ခွန်တီးတူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now