နေ့စဥ်သတင်း

ကျောက်မဲနှင့် သီပေါတွင် TNLA တံဆိပ် အသုံးပြုသူများကို စစ်ကောင်စီ စတင်ဖမ်းဆီး

မဲခေါင် 13 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၃ ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လိုက်သည့် ကျောက်မဲနှင့် သီပေါမြို့နယ်များအတွင်း PSLF/TNLA တံဆိပ် အသုံးပြုသူများကို စတင် စစ်ဆေးအရေးယူနေကြောင်း ခရီးသွားကားများနှင့် ဒေသခံများထံမှ သိရသည်။ TNLA အမှတ်အသားဖြစ်သည့် တံဆိပ်၊ အလံ၊ စတစ်ကာ၊ ကားကပ်၊ ဆိုင်ကယ်ကပ်၊ အင်္ကျီ၊ လွယ်အိတ်၊ ဦးထုပ်၊ ဓာတ်ပုံ၊ ပြက္ခဒိန် စသည်တို့ကို တွေ့ရှိပါက စစ်ကောင်စီတပ်က စတင် ဖမ်းဆီးအရေးယူနေကြောင်း ရှမ်းမြောက်သွား ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက မဲခေါင်သို့ ပြောသည်။ “တစ်နေ့ကစတယ်၊ သီပေါ၊ ကျောက်မဲမြို့နယ်မှာ စတင်စစ်ဆေးနေတာပါ။ အဖမ်းခံရတာတွေရှိနေတယ် ကြားရ ပေမယ့် ကျနော်တော့မကြုံသေးဘူး။ စစ်တာတော့အရမ်းကိုစစ်တာ၊ ပလောင်လူမျိုးအလံတော့ မဖမ်းဘူးလို့ သိရတယ်။ ပလောင်ကိုဆောင်ရတဲ့

မဲခေါင်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လိုက်သည့် ကျောက်မဲနှင့် သီပေါမြို့နယ်များအတွင်း PSLF/TNLA တံဆိပ် အသုံးပြုသူများကို စတင် စစ်ဆေးအရေးယူနေကြောင်း ခရီးသွားကားများနှင့် ဒေသခံများထံမှ သိရသည်။

TNLA အမှတ်အသားဖြစ်သည့် တံဆိပ်၊ အလံ၊ စတစ်ကာ၊ ကားကပ်၊ ဆိုင်ကယ်ကပ်၊ အင်္ကျီ၊ လွယ်အိတ်၊ ဦးထုပ်၊ ဓာတ်ပုံ၊ ပြက္ခဒိန် စသည်တို့ကို တွေ့ရှိပါက စစ်ကောင်စီတပ်က စတင် ဖမ်းဆီးအရေးယူနေကြောင်း ရှမ်းမြောက်သွား ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက မဲခေါင်သို့ ပြောသည်။

“တစ်နေ့ကစတယ်၊ သီပေါ၊ ကျောက်မဲမြို့နယ်မှာ စတင်စစ်ဆေးနေတာပါ။ အဖမ်းခံရတာတွေရှိနေတယ် ကြားရ ပေမယ့် ကျနော်တော့မကြုံသေးဘူး။ စစ်တာတော့အရမ်းကိုစစ်တာ၊ ပလောင်လူမျိုးအလံတော့ မဖမ်းဘူးလို့ သိရတယ်။ ပလောင်ကိုဆောင်ရတဲ့ အခွန်တစ်နှစ်တစ်သိန်းစာရွက်တောင် လားရှိုးဂိတ်မှာ ထားထားရတယ်၊ တပ်ကတွေ့ရင်မလွယ်ဘူး။ ပလောင်ဆိုလည်း လားရှိုးပလောင်ဆိုရပေမယ့် ကျန်နေရာကတော့ အရမ်းရှာ အရမ်းစစ်တာ”ဟု ၎င်းက ပြောသည်။

ထို့ပြင် မြို့ပေါ်ချိပ်ပိတ်ခံရသည့် အိမ်အများစုမှာ ပလောင်လူမျိုးအိမ်များဖြစ်ပြီး ဖမ်းဆီးစစ်ဆေးခံရသူများတွင် TNLA မှတ်ပုံတင် အစရှိသည့် စာရွက်စာတမ်းအသုံးပြုမှု ရှိ၊မရှိ အဓိကစစ်ဆေးကြောင်း ကျောက်မဲ ၂ ရပ်ကွက် နေသူတစ်ဦးကလည်း ပြောသည်။

TNLA က ၎င်းတို့ ထိန်းချုပ်နယ်မြေများအတွင်း နေထိုင်သူများကို TNLA တံဆိပ်ပါ မှတ်ပုံတင်ပြုလုပ်စေခြင်း၊ နယ်မြေအတွင်း ဖြတ်သန်းသည့်ယာဥ်များကို အခွန်ဆောင်လက်မှတ်ထုတ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်းနှင့် အလံများသုံးစွဲစေခြင်းများ လုပ်ဆောင်လျက်ရှိသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးများအတွင်း ရှမ်းပြည်မြောက်ပိုင်းမှ ၁၂ မြို့ကို စစ်ကောင်စီလက်ဝယ်မှ တိုက်ခိုက်ထိန်းချုပ်ခဲ့သော်လည်း ယခုနှစ် ဇူလိုင်နောက်ပိုင်းမှစပြီး နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များကို စစ်ရေးအရ ဆုံးရှုံးခဲ့ရသည်။

ထို့ပြင် လာမည့်နိုဝင်ဘာ ၂၀ ရက် နောက်ပိုင်းတွင်လည်း မိုးမိတ်နှင့် မိုးကုတ်မြို့များမှ ၎င်းတို့တပ်များဆုတ်ပေးရန် တရုတ်ကြားဝင်သည့် ကူမင်းဆွေးနွေးမှုအရ သဘောတူညီထားကြောင်း သိရသည်။

#MeKongNews
#ကျောက်မဲ
#သီပေါ
#TNLA
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now