နေ့စဥ်သတင်း

မိုးနဲ၌ စစ်မှုထမ်းလူသစ်စုဆောင်းရာ တီဘီရောဂါသည်ကိုပင် အလွတ်မပေး

မဲခေါင် 13 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၁၃ ပြည်သူများက လစဥ်ငွေထည့်နေရသည့်ကြားမှ ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် စစ်မှုထမ်းလူသစ်များကို အိမ်ပေါ်အထိဝင်ရောက်ဆွဲနေပြီး ယင်းတွင် ကျန်းမာရေးမကောင်းသူနှင့် တီဘီရောဂါသည်များကိုပင် အလွတ်မပေးကြောင်း ဒေသခံများက ပြောသည်။ မိုးနဲတွင် ပြည်သူ့စစ်မှုထမ်းကြေးအတွက် တစ်အိမ်လျှင် တစ်လအနည်းဆုံးကျပ်တစ်သောင်း ကောက်ခံနေရာမှ စစ်မှုထမ်းလူသစ်သင်တန်းအတွက် ဟုဆိုကာ အိမ်ပေါ်အထိဝင်ရောက် ဖမ်းဆီးမှုများရှိနေကြောင်း နောင်ကျော့ရပ်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။ “ ဒီနေ့ လွိုင်မြေရပ်ကွက်ထဲမှာ မိသားစုထမင်းစားနေတုန်း ဝင်ဖမ်းတာ၊ နေ့ဆက်ပဲဖမ်းနေတာ။ ဒီထဲမှာ ကျော်အောင်လား၊ ချစ်ထူးလားမသိဘူး။ တီဘီဖြစ်နေတာ ကျန်းမာရေးမကောင်းဘူး” ဟု ၎င်းကပြောသည်။ ယခု ဖမ်းဆီးခံရသူများထဲတွင် အင်အားချည့်နဲ့နေသည့် တီဘီအဆုတ်ရောဂါသည်ပါ မချန်ရုံသာမက မကြာခင်ပြုလုပ်မည့် ရှမ်းနှစ်သစ်ကူးပွဲတော်မှ ရှမ်းလူငယ်အချို့လည်း အဖမ်းခံနေရသည်ဟု ဒေသခံကဆိုသည်။

မဲခေါင်၊ နိုဝင်ဘာ ၁၃

ပြည်သူများက လစဥ်ငွေထည့်နေရသည့်ကြားမှ ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် စစ်မှုထမ်းလူသစ်များကို အိမ်ပေါ်အထိဝင်ရောက်ဆွဲနေပြီး ယင်းတွင် ကျန်းမာရေးမကောင်းသူနှင့် တီဘီရောဂါသည်များကိုပင် အလွတ်မပေးကြောင်း ဒေသခံများက ပြောသည်။

မိုးနဲတွင် ပြည်သူ့စစ်မှုထမ်းကြေးအတွက် တစ်အိမ်လျှင် တစ်လအနည်းဆုံးကျပ်တစ်သောင်း ကောက်ခံနေရာမှ စစ်မှုထမ်းလူသစ်သင်တန်းအတွက် ဟုဆိုကာ အိမ်ပေါ်အထိဝင်ရောက် ဖမ်းဆီးမှုများရှိနေကြောင်း နောင်ကျော့ရပ်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

“ ဒီနေ့ လွိုင်မြေရပ်ကွက်ထဲမှာ မိသားစုထမင်းစားနေတုန်း ဝင်ဖမ်းတာ၊ နေ့ဆက်ပဲဖမ်းနေတာ။ ဒီထဲမှာ ကျော်အောင်လား၊ ချစ်ထူးလားမသိဘူး။ တီဘီဖြစ်နေတာ ကျန်းမာရေးမကောင်းဘူး” ဟု ၎င်းကပြောသည်။

ယခု ဖမ်းဆီးခံရသူများထဲတွင် အင်အားချည့်နဲ့နေသည့် တီဘီအဆုတ်ရောဂါသည်ပါ မချန်ရုံသာမက မကြာခင်ပြုလုပ်မည့် ရှမ်းနှစ်သစ်ကူးပွဲတော်မှ ရှမ်းလူငယ်အချို့လည်း အဖမ်းခံနေရသည်ဟု ဒေသခံကဆိုသည်။

ယင်းကဲ့သို့ လူသစ်ဖမ်းဆီးမှုကို ဦးဆောင်သူမှာ ထွေအုပ်မှ ဒုဦးစီးစိုးမိုးအောင်ဖြစ်ပြီး စစ်မှုထမ်း အကျုံးဝင်သူများ အိမ်များတွင်ရှိ၊မရှိ ထောက်လှမ်းသလို ဖမ်းဆီးရာတွင် အဓိကပါဝင်သူနှစ်ဦးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မောင်အေးနှင့် မာလာရွှေဆိုသူ အမျိုးသမီးတို့ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ဖမ်းဆီးရာတွင် စစ်တပ်နှင့်အတူ ကာကွယ်ရေးအဖွဲ့အပြာဝတ်များ ပါဝင်ကာ ဖမ်းမိသူများကို ရဲစခန်းနှင့် ထွေအုပ်ရုံးတွင် ပိတ်လှောင်ထားပြီး မိသားစုအပါအဝင် မည်သူနှင့်မျှ တွေ့ခွင့်မရကြောင်း မြို့ခံများထံမှ သိရသည်။

“ ဟိုနေ့က နောင်ကျော့၊ ကင်တုံ ပြောင်းဖူးစက်ရုံမှာလုပ်တဲ့ ဖိုးလုံးကတော့ သိန်း ၇၀ နဲ့ထွေအုပ် စိုးမိုးအောင်ဆီမှာရွေးရတယ်။ အခုဖမ်းခံရသူတွေတော့မသိသေးဘူး” ဟု ဥယျာဥ်ရပ်နေသူတစ်ဦးက ပြောသည်။

ယခင် အပတ်စဥ်များက ငွေသာထည့်ဝင်ရသော်လည်း ယခုအပတ်စဥ်(၁၉)အတွက် ယင်းကဲ့သို့ အိမ်ထဲအထိ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်မြေရပ်မှ လက်ရှိအဖမ်းခံရသူများမှာ နိုဝင်ဘာ ၁၀ ရက်တွင် ၂ ဦးနှင့် နိုဝင်ဘာ ၁၁၊ ၁၂ ရက်များတွင် တစ်ဦးစီဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့တွင် နောင်ကျော့၊ လွိုင်မြေ၊ ဥယျာဥ်၊ ပေါ့မိုင်း၊ နောင်မြိုင်းနှင့် ကပ်နောင့်ဆည်မြောင်း စသည့် မြို့ပေါ်ရပ်ကွက် ၆ ခုရှိပြီး တစ်ရပ်ကွက်မှာ အိမ်ခြေ ၅၀၀ ကျော် အနည်းဆုံးရှိရာ စစ်မှုထမ်း တစ်ခါခေါ်လျှင် တစ်ရပ်ကွက် ၂ ယောက်နှုန်း ထည့်ပေးရကြောင်း သိရသည်။

#MeKongNews
#မိုးနဲ
#ရှမ်းတောင်
#တီဘီရောဂါသည်
#စစ်မှုထမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now