မဲခေါင်၊ နိုဝင်ဘာ ၁၁
နိုဝင်ဘာ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီဝန်းကျင်တွင် ထိုင်း-မြန်မာနယ်စပ် မယ့်အိုင်အရပ်တွင် ထိုင်း နယ်စပ်ကင်းလှည့်တပ်ဖွဲ့များ ကင်းလှည့်စဉ် ၅ ယောက်မှ ၈ ယောက်အထိ ရှိနိုင်သော နယ်စပ် ဖြတ်ကျော်လာသည့် မူးယစ်မှောင်ခိုသမားများကို တွေ့ရှိရာ စစ်ဆေးခံရန် ပြောသော်လည်း သေနတ်ဖြင့် ပစ်ခတ်သောကြောင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
၅ မိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သံများ ရပ်သွားရာ ထိုင်းတပ်ဖွဲ့များက နယ်မြေရှင်း လင်းစစ်ဆေးရာ မည်သူ တစ်ဦးတစ်ယောက်မှ မတွေ့ရတော့သော်လည်း ကျောပိုးအိတ် ၃ လုံး ကျကျန် နေရစ်ခဲ့သည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရာ စုစုပေါင်း စိတ်ကြွဆေးပြား ၃၀၀၀၀၀ တွေ့ရှိခဲ့ရသည်။
တပ်နယ် ၃ တပ်မှူး ကစ်တီနာဂျိုင်က အစိုးရတာဝန်ရှိသူများဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မူး ယစ်မှောင်ခိုသမားများ မဖမ်းမိသော်လည်း စိတ်ကြွဆေး ၃၀၀၀၀၀ နှင့် လက်လုပ်သေနတ် တစ်လက်၊ စစ်သုံး စက်သေနတ်တစ်လက်နှင့် ကျည်ခွံများစွာကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Maesaipress
#MeKongNews
#မူးယစ်ဆေးဝါး
#ထိုင်းနယ်စပ်
#စိတ်ကြွဆေးပြား
#မူးယစ်မှောင်ခို








