ကမ္ဘာ့သတင်း

AGM-181 နျူကလီးယားဒုံးကျည်ကို အမေရိကန် B-52H လေယာဉ်တွင် တပ်ဆင်စမ်းသပ်ပျံသန်းပြ

မဲခေါင် 10 Nov - 2025
မဲခေါင်၊​ နိုဝင်ဘာ ၁၀ အများစိတ်ဝင်စားနေသည့် မကြာသေးခင်က စမ်းသပ်ပစ်ခတ်ခဲ့သော နျူကလီးယားဒုံးကျည်ကို အမေရိကန်တို့ ပထမဆုံးအကြိမ်လေယာဉ်တွင် တပ်ဆင်ကာ စမ်းသပ်ပျံသန်း မှုလုပ်ခဲ့ကာ ကမ္ဘာကို သိစေခြင်းဖြင့် မဟာပြိုင်ဘက် ပူတင်နှင့်ရှီကျင့်ဖျင်တို့ကို ရည်ရွယ်ခြိမ်းခြောက်လာခဲ့သည်။ ယင်းလေယာဉ်တွင် တပ်ဆင်စမ်းသပ်ပျံသန်းမှုကို အောက်တိုဘာလကုန်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ် ကာ B-52H ဗုံးကျဲလေယာဉ်ကြီးပေါ်တွင် ပေ ၂၀ ရှည်သော AGM-181 ခေါ် Long-Range Standoff (LRSO) ကိုယ်ပျောက်နျူကလီးယားခရုဇ်ဒုံးကျည် ၂လုံးကို တပ်ဆင်ကာ ပျံသန်းပြခဲ့ခြင်းဖြစ်သည်။ လေကြောင်းအထူးပြုဓာတ်ပုံဆရာ အီယန်ရက်ချီယိုက ကယ်လီဖိုးနီးယားတွင် ၄၈၈၀၀၀ ပေါင် အလေးချိန်ရှိသော Torch52 ခေါ် B-52H Stratofortress လေယာဉ်ကြီးတွင် AGM-181 နျူကလီးယားဒုံးကျည် ၂

မဲခေါင်၊​ နိုဝင်ဘာ ၁၀

အများစိတ်ဝင်စားနေသည့် မကြာသေးခင်က စမ်းသပ်ပစ်ခတ်ခဲ့သော နျူကလီးယားဒုံးကျည်ကို အမေရိကန်တို့ ပထမဆုံးအကြိမ်လေယာဉ်တွင် တပ်ဆင်ကာ စမ်းသပ်ပျံသန်း မှုလုပ်ခဲ့ကာ ကမ္ဘာကို သိစေခြင်းဖြင့် မဟာပြိုင်ဘက် ပူတင်နှင့်ရှီကျင့်ဖျင်တို့ကို ရည်ရွယ်ခြိမ်းခြောက်လာခဲ့သည်။

ယင်းလေယာဉ်တွင် တပ်ဆင်စမ်းသပ်ပျံသန်းမှုကို အောက်တိုဘာလကုန်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ် ကာ B-52H ဗုံးကျဲလေယာဉ်ကြီးပေါ်တွင် ပေ ၂၀ ရှည်သော AGM-181 ခေါ် Long-Range Standoff (LRSO) ကိုယ်ပျောက်နျူကလီးယားခရုဇ်ဒုံးကျည် ၂လုံးကို တပ်ဆင်ကာ ပျံသန်းပြခဲ့ခြင်းဖြစ်သည်။

လေကြောင်းအထူးပြုဓာတ်ပုံဆရာ အီယန်ရက်ချီယိုက ကယ်လီဖိုးနီးယားတွင် ၄၈၈၀၀၀ ပေါင် အလေးချိန်ရှိသော Torch52 ခေါ် B-52H Stratofortress လေယာဉ်ကြီးတွင် AGM-181 နျူကလီးယားဒုံးကျည် ၂ စင်းတပ်ဆင်ကာ ပျံသန်းနေသည်ကို ဓာတ်ပုံမှတ်တမ်း ရိုက်ကူးရရှိခဲ့ကြောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် အိုဝင်ဗယ်လီ ပေါ် ဖြတ်ပျံသွားသည်ကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ရာ အမျိုးအမည်မသိ ဒုံးကျည် ၂ လုံး တပ်ဆင်ထားသည်ကိုလည်း တွေ့ရကြောင်း၊ ယခင်မမြင်ဖူးသည့် ဒုံးကျည်ဖြစ်သောကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စမ်းသပ်ခဲ့သည်ဆိုသော AGM-181 နျူကလီးယားခရုဇ်ဒုံးကျည်ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားခဲ့သည်။

အမေရိကန်လေတပ်အရာရှိများက နျူကလီးယားခရုဇ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများ အလွန်အောင် မြင်ကြောင်းနှင့် ဆက်တိုက် စမ်းသပ်နေဆဲဖြစ်သည်ဟု ဝန်ခံခဲ့ရာ ၂၀၃၀ ပြည့်နှစ်မှ တရားဝင် စတင် စမ်းသပ်မည်ဟု ယခင်ကြေညာထားဖူးသည့် AGM-181 ဒုံးကျည်အား ဒေါ်နယ်ထရမ့်က ရည်ရွယ်ချက်ရှိစွာဖြင့် ကမ္ဘာကို ချပြကာ ပူတင်နှင့် ရှီကျင့်ဖျင်တို့ကို သတိပေးလိုက်ခြင်းဖြစ်မည်ဟု စစ်ရေး သုတေသီများက သုံးသပ်နေကြသည်။

AGM-181 နျူကလီးယားဒုံးကျည်တွင် တပ်ဆင်အသုံးပြုနိုင်သော နျူကလီးယားထိပ်ဖူးသည် ၁၉၄၅ ခုနှစ်က ဟီရိုရှီးမားပေါ် ကျဲခဲ့သည့် နျူကလီးယားဗုံးထက် ၁၀ ဆ ပြင်းကာ သက်ရောက်ထိခိုက်စေမည့် ဧရိယာကို လိုချင်သလို သတ်မှတ်ကာ ၅ ကီလိုတန်မှ ၁၅၀ ကီလိုတန်အထိ လေးသော ထိပ်ဖူးတပ်ဆင် ပစ်ခတ်နိုင်မည်ဟု သိရသည်။

မြန်နှုန်းမှာ မည်သည့် လျှပ်စစ်ဂျမ်မာစနစ်မှ မတားဆီးနိုင်ဘဲ ရန်သူများ ကို အပူလှိုင်းနျူကလီးယားထိပ်ဖူးများဖြင့် တိုက်ခိုက်နိုင်စွမ်းမြင့်မားမည်ဖြစ်သည်။ အဆိုပါဒုံးကျည်ကို လွန်ခဲ့သည့် အနှစ် ၄၀ စလုံး အသုံးပြုခဲ့သည့် AGM-86B Air-Launched Cruise Missile နေရာ အစား ထိုးသုံးစွဲရန် အမေရိကန်စစ်တပ်က တီထွင်ထားခြင်းဖြစ်သည်။

AGM-181 နျူကလီးယားခရုဇ်ဒုံးကျည်ကို မကြာမီ ထုတ်လုပ်ပြီးစီးမည့် ပေါင် ၅၈၅ သန်းတန် B-21 Raider ဗုံးကျဲလေယာဉ်သစ်နှင့် ပြန်လည်မွမ်းမံအဆင့်မြှင့်တင်နေသည့် B-52 Stratofortress ဗုံးကြဲလေယာဉ်များတွင် တပ်ဆင်ပစ်ခတ်နိုင်မည်ဖြစ်သည်။

၂၀၂၂ ခုနှစ်က အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် ၏ ပျမ်းမျှ ခန့်မှန်းထုတ်ပြန်မှုတွင် ၂၀၃၀ ပြည့်နှစ်၌ AGM-181 ဒုံးကျည် ၁၀၂၀ လုံး ထုတ်လုပ်ရန် ကုန်ကျစားရိတ် ဒေါ်လာ ၁၆ ဘီလီယံ ရှိမည်ဟု ဖော်ပြပါရှိခဲ့သည်။

ကိုကလင်း
Ref: Thesun
#အမေရိကန်
#နျူကလီးယားထိပ်ဖူး
#ခရုဇ်ဒုံးကျဉ်
#ဗုံးကြဲလေယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now