နေ့စဥ်သတင်း

ကျားဖြန့်ကြောင့် ဒုဝန်ကြီးချုပ်ကို ထုတ်ပယ်မည်လားဟု မေးမြန်းစဉ် ထိုင်းဝန်ကြီးချုပ် မီဒီယာတွေ့ဆုံမှု ရပ်ဆိုင်းကာထွက်သွား

မဲခေါင် 9 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၉ နိုဝင်ဘာ ၇ ရက်နေ့က ကျားဖြန့်တိုက်ဖျက်ရေးပူးပေါင်းအဖွဲ့ ဖွဲ့စည်းမှုစာချုပ်ပွဲ၌ ထိုင်းဝန်ကြီးချုပ် အနုတင်ကို မီဒီယာအမေးအဖြေကဏ္ဍ၌ မီဒီယာသမားတစ်ဦးက ဒုဝန်ကြီးချုပ် ကျားဖြန့်ကွန်ရက်နှင့် ပတ်သက်နေသည့် စွဲချက်အတွက် ရာထူးမှ မထုတ်သေးဘူးလားဟု မေးမြန်းခဲ့ရာ အနုတင်သည် မီဒီယာတွေ့ဆုံပွဲကို ရပ်ပြီး ထွက်ခွာသွားခဲ့သည်။ ထိုင်းနိုင်ငံတွင် ရဲတပ်ဖွဲ့၊ လွှတ်တော်အမတ်များနှင့် အစိုးရအကြီးအကဲများစွာ အွန်လိုင်းငွေလိမ်မှု ကျားဖြန့်ကွန်ရက်များ၊ တရားမဝင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်လုပ်ငန်းများနှင့် ချိတ်ဆက် ပတ်သက်ကာ လာဘ်စားနေကြသည့်ဟု ကျယ်လောင်းစွာ အသံထွက်နေပြီး ဒုဝန်ကြီးချုပ်လည်းဖြစ် စိုက်ပျိုးရေးဝန်ကြီးလည်းဖြစ်သော ကလာသမ်ပါတီခေါင်းဆောင် သမ်မာနတ်ပရွမ်ပါအိုသည် အွန်လိုင်းကျားဖြန့်ကွန်ရက်နှင့် ချိတ်ဆက်နေသူဟု သတင်းအထောက်အထားများ ထွက်ပေါ်လာသည်။ အနုတင်က အစိုးရဝန်ကြီးဌာန ၆ ခုနှင့် အစိုးရနှင့် အရပ်ဘက်

မဲခေါင်၊ နိုဝင်ဘာ ၉

နိုဝင်ဘာ ၇ ရက်နေ့က ကျားဖြန့်တိုက်ဖျက်ရေးပူးပေါင်းအဖွဲ့ ဖွဲ့စည်းမှုစာချုပ်ပွဲ၌ ထိုင်းဝန်ကြီးချုပ် အနုတင်ကို မီဒီယာအမေးအဖြေကဏ္ဍ၌ မီဒီယာသမားတစ်ဦးက ဒုဝန်ကြီးချုပ် ကျားဖြန့်ကွန်ရက်နှင့် ပတ်သက်နေသည့် စွဲချက်အတွက် ရာထူးမှ မထုတ်သေးဘူးလားဟု မေးမြန်းခဲ့ရာ အနုတင်သည် မီဒီယာတွေ့ဆုံပွဲကို ရပ်ပြီး ထွက်ခွာသွားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရဲတပ်ဖွဲ့၊ လွှတ်တော်အမတ်များနှင့် အစိုးရအကြီးအကဲများစွာ အွန်လိုင်းငွေလိမ်မှု ကျားဖြန့်ကွန်ရက်များ၊ တရားမဝင် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်လုပ်ငန်းများနှင့် ချိတ်ဆက် ပတ်သက်ကာ လာဘ်စားနေကြသည့်ဟု ကျယ်လောင်းစွာ အသံထွက်နေပြီး ဒုဝန်ကြီးချုပ်လည်းဖြစ် စိုက်ပျိုးရေးဝန်ကြီးလည်းဖြစ်သော ကလာသမ်ပါတီခေါင်းဆောင် သမ်မာနတ်ပရွမ်ပါအိုသည် အွန်လိုင်းကျားဖြန့်ကွန်ရက်နှင့် ချိတ်ဆက်နေသူဟု သတင်းအထောက်အထားများ ထွက်ပေါ်လာသည်။

အနုတင်က အစိုးရဝန်ကြီးဌာန ၆ ခုနှင့် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၉ ခုတို့ဖြင့် ကျားဖြန့် စစ်ပွဲကြေညာသည့် MOU စာချုပ်ပွဲကြီး ဦးဆောင်ကျင်းပပြီးနောက် မီဒီယာ အမေးအဖြေကဏ္ဍတွင် မီဒီယာသမားတစ်ဦးက သမ်မာနတ်ပရွမ်ပါအိုကို ထုတ်ပင်သင့်သဖြင့် မထုတ်သေးဘူးလားဟု မေးမြန်း ရာ အနုတင်က “ အွန်လိုင်းကျားဖြန့်တိုက်ဖျက်ရေးအစိုးရ ကြိုးစားနေမှုမှာ ဒီကိစ္စက ဘယ်လိုများ ပတ်သက်လို့လည်း” ဟု မကျေမနပ်ပြန်ပြောပြီး သတင်းစာရှင်းလင်းပွဲဆက်မလုပ်တော့ဘဲ ထွက်သွားခဲ့သည်။

ယခုရက်ပိုင်းအတွင်း ထိုင်းဒုရဲချုပ်ဟောင်း ဆူရာချိတ်ဟက်ခ်ပန်း (Big Joke”) က အစိုးရအတိုက်အခံ ပြည်သူ့ပါတီခေါင်းဆောင် အောက်လွှတ်တော် အစိုးရလုံခြုံရေးနှင့်နယ်စပ်ရေးရာဌာန ဥက္ကဌ ရန်ဆီမန်ရုမ်းနှင့် လွှတ်တော်သို့ ထိုင်း ရဲအရာရှိပေါင်း ၃၀ ကျော် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက် လုပ်ငန်းများမှ လာဘ်ငွေများစွာ စားထားသည့် အထောက်အထားများကို ပေးအပ်ခဲ့ကာ ဒုဝန်ကြီးချုပ် သမ်မာနတ်ဦးဆောင်သော ကလာသမ်ပါတီမှ လွှတ်တော်အမတ် ချွန်နာပတ်နတ်ဆူအာသည်လည်း ဘတ် ၂ ဒသမ ၅ ဘီလီယံအထိ လည်ပတ်မှုရှိသော တရားမဝင်အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်ကွန်ရက် နှင့် ချိတ်ဆက်နေသည်ဟု အမည်အတိအကျမဖော်ပြဘဲ အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

တောင်ပိုင်းဒေသမှ CH နှင့်စသည့် လွှတ်တော်အမတ်ဟုသာ ဟက်ခ်ပန်းက ပြောဆိုခဲ့သော်လည်း ထိုသူမှာ ချွန်နာပတ်နတ်ဆူအာဖြစ်မည်ဟု အများစုက ယုံကြည်မှတ်ထင်ခဲ့ကြသည်။

ကိုယ်တိုင်လည်း ကျားဖြန့်ကွန်ရက်နှင့်ပတ်သက်သည့် သံသယထားခံရသူဖြစ်သော သမ်မာနတ်က မိမိ ပါတီမှ လွှတ်တော်အမတ် ချွန်နာပတ်ကို ယခင်ကတည်းက ယခုလို စွပ်စွဲမှုများရှိခဲ့သော်လည်း ပိုင်ဆိုင်မှုနှင့် ငွေကြေးစီးဆင်းမှုများအား စစ်ဆေးပြီးနောက် အပြစ်မရှိသဖြင့် ထိုအမှုများပြီးဆုံးခဲ့ပြီး မတရားစွပ်စွဲ ခြင်းများဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုင်းတွင် ဒုစရိုက်အဖွဲ့အစည်းများထဲ အကြီးမားဆုံးအဖွဲ့မှာ ရဲတပ်ဖွဲ့သာဖြစ်သည်ဟု ဒုရုချုပ်ဟောင်း ဟက်ခ်ပန်းက ဖွင့်ပြောထားမှုကိုလည်း လက်ရှိရဲချုပ် ကီထရတ်က အသက်ပေးကာ ပြည်သူကို ကာကွယ်နေသူ ရဲမိသားစုအားလုံး ဝါးလုံးရှည်ဖြင့် ယမ်းခြင်းသာဖြစ်သည်ဟု သတင်းစာရှင်းလင်း ပြောဆိုသွားသည်။

ကိုကလင်း
Ref: thethaiger
#MeKongNews
#ထိုင်းနိုင်ငံ
#ကျားဖြန့်
#ဝန်ကြီးချုပ်
#မီဒီယာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now