နေ့စဥ်သတင်း

စစ်ကောင်စီ၏ စားနပ်ရိက္ခာပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အငတ်ဘေးကြုံနိုင်ဟု သတိပေး

မဲခေါင် 7 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၇ စားနပ်ရိက္ခာနှင့် ဝင်ငွေရလမ်းကြောင်းများကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်လာသည့်အတွက် ကရင်နီပြည်နယ်တွင် လူထုနှင့်စစ်ဘေးရှောင်များ ဝင်ငွေရရှိမှုရပ်တန့်ခြင်းနှင့် မိသားစု စားဝတ်နေရေး ဖြေရှင်းရန် စိန်ခေါ်မှုများ ရင်ဆိုင်ခံစားနေရခြင်းကြောင့်အနာဂတ်တွင် အငတ်ဘေး ကြုံတွေ့လာနိုင်သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ – KnHRG က နိုဝင်ဘာလ ၅ရက်တွင် ထုတ်ပြန်သည်။ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး အဓိကစိုက်ပျိုးဧရိယာအနီးတွင် ရောက်ရှိနေသည့် စစ်ကောင်စီသည် စိုက်ပျိုးမြေပေါ်တွင် ပြည်သူများ စိုက်ပျိုး၍ မရအောင်လုပ်ဆောင်ခြင်း၊ စိုက်ပျိုးထားသည့် သီးနှံများကို သွားရောက်ရိတ်သိမ်းသည့်အခါ ပစ်ခတ်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ကြသည်ဟု ကရင်နီလူ့အခွင့် အရေးအဖွဲ့- KnHRG ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက ပြောသည်။ “ဒါကပြည်သူတွေရဲ့ စားနပ်ရိက္ခာအိုးကို ခွဲတာဖြစ်တယ်။

မဲခေါင်၊ နိုဝင်ဘာ ၇

စားနပ်ရိက္ခာနှင့် ဝင်ငွေရလမ်းကြောင်းများကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်လာသည့်အတွက် ကရင်နီပြည်နယ်တွင် လူထုနှင့်စစ်ဘေးရှောင်များ ဝင်ငွေရရှိမှုရပ်တန့်ခြင်းနှင့် မိသားစု စားဝတ်နေရေး ဖြေရှင်းရန် စိန်ခေါ်မှုများ ရင်ဆိုင်ခံစားနေရခြင်းကြောင့်အနာဂတ်တွင် အငတ်ဘေး ကြုံတွေ့လာနိုင်သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ – KnHRG က နိုဝင်ဘာလ ၅ရက်တွင် ထုတ်ပြန်သည်။

လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး အဓိကစိုက်ပျိုးဧရိယာအနီးတွင် ရောက်ရှိနေသည့် စစ်ကောင်စီသည် စိုက်ပျိုးမြေပေါ်တွင် ပြည်သူများ စိုက်ပျိုး၍ မရအောင်လုပ်ဆောင်ခြင်း၊ စိုက်ပျိုးထားသည့် သီးနှံများကို သွားရောက်ရိတ်သိမ်းသည့်အခါ ပစ်ခတ်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ကြသည်ဟု ကရင်နီလူ့အခွင့် အရေးအဖွဲ့- KnHRG ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက ပြောသည်။

“ဒါကပြည်သူတွေရဲ့ စားနပ်ရိက္ခာအိုးကို ခွဲတာဖြစ်တယ်။ အခြားတဖက်မှာလည်း ပြည်နယ်အတွင်းကို ဝင်ရောက် လာနိုင်မယ့် စားနပ်ရိက္ခာလမ်းကြောင်းတွေ၊ စီးပွားရေးလမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာတွေ ကြုံရတယ်။ နိုင်ငံတကာအကူအညီကလည်း ထင်ထားတာထက်ပိုပြီး နည်းတဲ့ဟာကို ကြုံရတယ်။ စိုက်ပျိုးနိုင်မှု ပမာဏကလည်း လျော့ကျလာတယ်။ အဲ့ဒါကြောင့် အငတ်ဘေးကြုံတွေ့လာနိုင်ဖို့ အခြေအနေဖန်တီးလာနေသလို ဖြစ်နေပါတယ်”ဟု ၎င်းက‌ပြောသည်။

အောက်တိုဘာလအတွင်း လူထုနှင့်စစ်ရှောင်များ၏ စိုက်ပျိုးသီးနှံများကို မရိတ်သိမ်းနိုင်စေရန်နှင့် စားနပ်ရိက္ခာများ ပြတ်လတ်စေရန် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် စိုက်ကွင်းများသို့ လက်နက်ကြီးများပစ်ခတ်ခြင်း စိုက်ပျိုးသီး နှံရိတ်သိမ်းနေသောပြည်သူများအား ဒရုန်းဗုံးသီးအသုံးပြုတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့်လည်း ပြည်သူလူထုများ ထိခိုက်သေဆုံးမှုရှိနေသည်ဟု KnHRG က ပြောသည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ကရင်နီပြည်သူ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၇ ဦး သေဆုံးခဲ့ရသည်ဟု KnHRG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထိခိုက် သေဆုံးခဲ့ရသည့် ကရင်နီပြည်သူများတွင် အမျိုးသား ၁၃ ဦး ၊ အမျိုးသမီး ၅ ဦး ၊ ကလေး ၆ ဦးနှင့် ကျား/ မ မသိရသူ ၄ ဦးပါဝင်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကရင်နီပြည်နယ်ရှိ စိုက်ပျိုးရေးဧရိယာများသို့ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် စိုက်ပျိုးသီးနှံ စိုက်ပျိုးမှုလျော့နည်းလာပြီး လုံခြုံရေးအန္တရာယ်များကြောင့် သီးနှံများအားလုံး မရိတ်သိမ်းနိုင်သည့် အခြေအနေကိုလည်း ရင်ဆိုင်နေရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့၏ စစ်ကြောင်းထိုးလာမှုကြောင့် ဇူလိုင်လ နှင့် သြဂုတ်လ အတွင်းပြည်သူ ၂၀၀၀၀ ခန့်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု KnHRG ကဆိုသည်။

#MeKongNews
#ကရင်နီ
#အငတ်ဘေး
#စစ်ကောင်စီ
#ပစ်မှတ်ထားတိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now