မဲခေါင်၊ နိုဝင်ဘာ ၇
အမေရိကန်သည် အခြားနိုင်ငံများ နျူကလီးယားလက်နက်များစမ်းသပ်ပစ်ခတ်နေမှုကြောင့် နှစ် ၃၀ ကြာ ရပ်ဆိုင်းထားသော နျူကလီးယားလက်နက်များ စမ်းသပ်ပစ်ဖောက်မှုကို ပြန်လုပ်ရတော့မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုပြီးနောက် ရုရှားဘက်ကလည်းအာတိတ်ဒေသအတွင်း အလုံစုံသော full-scale နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု လုပ်ဆောင်ရတော့မည်ဟု တုံ့ပြန်သွားခဲ့သည်။
နိုဝင်ဘာ ၅ ရက်နေ့တွင် အမေရိကန်သည် နျူကလီးယားတင်ဆောင်နိုင်သော Minuteman III တိုက်ချင်းပစ်ဒုံးကျည်ကို ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ Kwajalein Atoll အရပ်အနီး မိုင် ၄၂၀၀ အကွာ အဝေးကို ပျံသန်းကာ စမ်းသပ်ပစ်ခတ်ခဲ့သည်။
ယင်းတိုက်ချင်းပစ်ဒုံးကျည်သည် နျူကလီးယားထိပ် ဖူးတပ်ဆင် ပစ်ခတ်နိုင်သလို အကွာအဝေးအားဖြင့် မိုင်ပေါင်း ၆၃၀၀ အထိ ပစ်ခတ်နိုင်ကာ တစ်လုံးလျှင် ဒေါ်လာ ၇ သန်း တန်သည်ဟု သိရှိရသည်။
ရုရှားသမ္မတပူတင်သည် အမေရိကန်နှင့်သဘောတူထားပြီးမှ ပျက်သွားသော နျူကလီးယားမပြန့်ပွား ရေးသဘောတူညီချက် ကတိကဝတ်များကို အမြဲလိုက်နာမည်ဖြစ်ကာ မိမိတို့အား စတင်ရန်မစမချင်း နျူကလီးယားမသုံးဟု ပြောဆိုထားသော်လည်း ယခု အမေရိကန်၏ အောက်တိုဘာလမှစတင်သော နျူကလီးယားလက်နက်များစမ်းသပ်နေမှုကြောင့် ရုရှားစစ်တပ်ကိုလည်း အားချင်း နျူကလီးယားလက် နက်များကို အစွမ်းပြည့်၊ အင်အားကုန် စမ်းသပ်ဖောက်ခွဲရန် အဆိုပြုလွှာတောင်းခံထားပြီဖြစ်ကြောင်း ထောက်လှမ်းရေးသတင်းရင်းမြစ်များအရ သိရှိရသည်။
ထိုအခြေအနေတွင် ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေးဘယ်လျူဆော့ဗ်က ၎င်းတို့ဘက်မှလည်း ချက်ချင်း နျူကလီးယားဗုံးစမ်းသပ်မှုကို full-scale အနေအထားဖြင့် အာတိတ်သမုဒ္ဒရာ ဒေသအတွင်း လုပ်ဆောင်ရမည်ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။
မော်စကိုထိပ်တန်းဗိုလ်ချုပ် ဗယ်လာရီဂီရာဆီမော့ဗ်ကလည်း အမေရိကန်နိုင်ငံအကြီးအကဲများ နျူကလီးယားလက်နက် စမ်းသပ် ပစ်ခတ်မှုများ လုပ်ဆောင်တော့မည်ဖြစ်ရာ မိမိတို့ဘက်မှလည်း အချိန်တိုအတွင်း အပြည့်အ၀သော နျူကလီးယားဗုံးခွဲစမ်းသပ်မှုများ ပြင်ဆင်လုပ်ဆောင်ရတော့မည်ဟု ပြောသွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#မော်စကိုမြို့
#နျူကလီးယား
#အမေရိကန်
#ရုရှား








