နေ့စဥ်သတင်း

ကျိုင်းတုံလဝကမှ ကျားဖြန့်ခေါင်းဆောင်အချို့ အပါအဝင် ကျားဖြန့်များကို သိန်းထောင်ချီရယူကာ မှတ်ပုံတင်အတုနှင့် ပတ်စ်ပို့အတုနေ့ချင်းပြီး လုပ်ပေးကာ လွတ်အောင်စီစဉ်ပေး

မဲခေါင် 5 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၅ ကျိုင်းတုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းကျော်သူမှာ ကျားဖြန့်များကို တရုတ်အစိုးရမှ အင်တိုက်အားတိုက် နှိမ်နင်းသည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှ စတင်ကာ ကျားဖြန့်ခေါင်းဆောင်များ အပါအဝင် ကျားဖြန့်တရုတ််များကို မှတ်ပုံတင်အတု၊ စာရွက်စာတမ်းအတုနှင့် ပတ်စ်ပို့အတုများ ပြုလုပ်ကာ လွတ်အောင်ဆောင်ရွက်ပေးခဲ့ကြောင်း လဝက သတင်းအရင်းအမြစ်များထံမှ သိရသည်။ ယင်းသို့ ပြုလုပ်ပေးသူများထဲတွင် ကိုးကန့်ခေါင်းဆောင်ပိုင်းတစ်ဦး၏ ညီဖြစ်သူပါဝင်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက ကျပ်သိန်း ၁၅၀၀ ရယူကာ မှတ်ပုံတင်နှင့် ပတ်စ်ပို့အတုကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းနောက်ပိုင်းတွင် တရုတ်ကျားဖြန့်များကို မှတ်ပုံတင်အတု ကျပ်သိန်းရာချီရယူကာ ဆက်လက်ပြုလုပ်ပေးခဲ့သည်မှာ ယနေ့ထက်ထိဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “လာအိုကို လေယာဉ်နဲ့အေးဆေးပြေးတာပါ။

မဲခေါင်၊ နိုဝင်ဘာ ၅

ကျိုင်းတုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းကျော်သူမှာ ကျားဖြန့်များကို တရုတ်အစိုးရမှ အင်တိုက်အားတိုက် နှိမ်နင်းသည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှ စတင်ကာ ကျားဖြန့်ခေါင်းဆောင်များ အပါအဝင် ကျားဖြန့်တရုတ််များကို မှတ်ပုံတင်အတု၊ စာရွက်စာတမ်းအတုနှင့် ပတ်စ်ပို့အတုများ ပြုလုပ်ကာ လွတ်အောင်ဆောင်ရွက်ပေးခဲ့ကြောင်း လဝက သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယင်းသို့ ပြုလုပ်ပေးသူများထဲတွင် ကိုးကန့်ခေါင်းဆောင်ပိုင်းတစ်ဦး၏ ညီဖြစ်သူပါဝင်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက ကျပ်သိန်း ၁၅၀၀ ရယူကာ မှတ်ပုံတင်နှင့် ပတ်စ်ပို့အတုကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းနောက်ပိုင်းတွင် တရုတ်ကျားဖြန့်များကို မှတ်ပုံတင်အတု ကျပ်သိန်းရာချီရယူကာ ဆက်လက်ပြုလုပ်ပေးခဲ့သည်မှာ ယနေ့ထက်ထိဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“လာအိုကို လေယာဉ်နဲ့အေးဆေးပြေးတာပါ။ တကယ်တမ်းက တရုတ်ကအလိုရှိနေတဲ့ကောင်ကို၊ လဝက က လုံးဝလာဘ်စားပြီး စာရွက်စာတမ်းအတုနဲ့ကို လွတ်အောင်လုပ်ပေးလိုက်တာပါ။ အခုထိလည်း တရုတ်တွေကို လုပ်ပေးနေတုန်းပဲ။ စစ်ဘက်အရာရှိတချို့ ကြားပွဲစားလုပ်တယ်” ဟု ၎င်းက ပြောသည်။

ကျိုင်းတုံ လဝကမှာ ဒေသခံများထံမှ လာဘ်စားရာတွင်လည်း နာမည်ကြီးနေပြီး အိမ်ထောင်စုစာရင်း၌ မွေးတိုးတစ်ယောက်ထည့်ပါက ကျပ် ၅သိန်း၊ စမတ်ကတ်တွင် အချက်အလက်မကိုက်လို့ ပြင်ဆင်ပါက ကျပ် ၂သိန်း စသည်ဖြင့် တောင်းခံကြောင်းလည်း ဒေသခံများထံမှ သိရသည်။

သက်ကြီးရွယ်အိုများကိုလည်း မောက်မာစွာ ဆက်ဆံကာ ငွေသာ တွင်တွင်တောင်းခံကြောင်း၊ ရုံးသို့ နံနက်အစောကတည်းက သွားရောက်တန်းစီသော်လည်း နောက်နေ့သို့ ပြန်လည်ချိန်းဆိုကြောင်း၊ ငွေပေးမှသာ မြန်မြန်ဆန်ဆန်ရကြောင်း ကျိုင်းတုံမြို့နေ ပြည်သူတစ်ဦးကလည်း ပြောသည်။

“တချို့တိုင်းရင်းသားတွေဆို စကားမတက်ဘူးဆို ပိုပြီးတော့တောင်ဆိုးတယ်။ အော်တယ်ငေါက်တယ်။ မနက်ခင်း အစောကြီးသွားတာတောင်မှ ဟိုနေ့လာခဲ့၊ ဒီနေ့လာခဲ့နဲ့။ တခါတလေ အဖိုးကြီး၊ အဘွားကြီးတွေဆို ဗိုက်ဆာလို့ သူတို့ကို ထိုင်စောင့်နေရတာ တစ်မျိုး။ အမျိုးမျိုး၊ အဖုံဖုံ ကြုံနေရပါတယ်။ ပိုက်ဆံပေးနိုင်တဲ့လူဆိုရင်တော့ အရမ်းကောင်းပါတယ်။ မပေးနိုင်လို့ရှိရင်တော့ မကောင်းဘူးပေါ့။ မှတ်ပုံတင် တစ်ခါလဲမယ်ဆိုရင် တစ်လလောက်ကြာတယ်။ ၅သိန်း၊ ၇သိန်း တတ်နိုင်ရင် ချက်ချင်းပဲရပါတယ်” ဟု ၎င်းကပြောသည်။

ကျိုင်းတုံမြို့နယ် လဝကမှူး ဦးဝင်းကျော်သူမှာ ကျိုင်းတုံမြို့တွင် ၄ နှစ်ကျော် ကြာမြင့်ပြီဖြစ်ပြီး အထက်လူကြီးများကို ပေးကမ်းနိုင်သည့်အတွက် အနေကြာခြင်းဖြစ်ကြောင်း လဝက သတင်းရင်းမြစ်များက ပြောသည်။

#MeKongNews
#ကျိုင်းတုံ
#လဝက
#ကျားဖြန့်
#ဝင်းကျော်သူ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now