မဲခေါင်၊ နိုဝင်ဘာ ၂
ကရင်ပြည်နယ် မြ၀တီမြို့ရှိ နာမည်ဆိုးနှင့်ကျော်ကြားသည့် KK Park ကျားဖြန့်ဝင်းကြီးအား မြန်မာ စစ်ကောင်စီက ဝင်ရောက်စီးနင်းသည်ဟုပြောအပြီး ၉ ရက်မြောက်အဖြစ် ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့မှ အကြီးစားဗုံးခွဲဖြိုဖျက်မှုများ လုပ်ဆောင် နေကြောင်း သိရသည်။
ယခင် ၈ ရက်ဆက်၌ တစ်နေ့ ၄ လုံး ဗုံးခွဲမှုများကို အများအားဖြင့် ညပိုင်းတွင် လူမြင်သာစေရန် မီးဆလိုက်များထွန်းပြီး ဖောက်ခွဲဖျက်ဆီးပြနေပြီး နိုဝင်ဘာ ၂ ရက်နေ့ ဖောက်ခွဲဖျက်ဆီးမှုမှာမူ ပိုမို များပြားစွာဖြင့် မနက်ပိုင်း အကြီးစား ဖောက်ခွဲဖျက်ဆီးမှု ပြုလုပ်ခြင်းဖြစ်ကြောင်း သောင်ရင်းမြစ် တစ်ဖက်ကမ်း ထိုင်းဘက်ခြမ်း မယ်ကုအရပ်မှ အတိုင်းသား မြင်တွေ့နေရသည်။
KK Park ကျားဖြန့်ဝင်းအား မြန်မာစစ်ကောင်စီတပ်က စီးနင်းဖျက်ဆီးမှုစတင်ပြီးနောက် အဆိုပါ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်နေကြသည့် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ မဲဆောက်ဘက်သို့ ထွက်ပြေးလာသူပေါင်း အနည်းဆုံး ၁၅၉၇ ဦး ရှိနေပြီဟုလည်း ထိုင်းမီဒီယာများက ဆိုသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ကျားဖြန့်
#ကရင်ပြည်နယ်
#မြဝတီ
#မြန်မာစစ်တပ်








