နေ့စဥ်သတင်း

KK Park နှင့်တာချီလိတ်ကျားဖြန့်တွင် ၃ နှစ် အဓမ္မကျားဖြန့်လုပ်ငန်း လုပ်ရသူ မလေးရှား အမျိုးသမီး ပြန်လွှတ်လာ

မဲခေါင် 30 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၃၀ အောက်တိုဘာ ၂၉ ရက်နံနက်အစောပိုင်းတွင် မြန်မာစစ်ဘက်ဆိုင်ရာတာဝန်ရှိသူများက မဲခေါင်မြစ်ကို ဖြတ်ကျော်ပြီး တာချီလိတ်ကျားဖြန့်လုပ်ငန်းတွင် ပိတ်မိနေခဲ့သော ၂၉ နှစ်အရွယ် မလေးရှားအမျိုးသမီး မစ္စလမ်းဆိုသူကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ယင်းအမျိုးသမီး သည် ၃ နှစ်ကြာ ပြင်ပနှင့်အဆက်အသွယ်မရခဲ့ဘဲ နှိပ်စက်မှုများစွာခံခဲ့ရကြောင်း မေးမြန်းစစ်ဆေးမှု၌ ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ မစ္စလမ်းသည် ၂၀၂၂ ခုနှစ်က မိခင်လေဖြတ်သွားသောကြောင့် ဆေးကုသစားရိတ်များကုန်ကျသဖြင့် မိသားစု စုဆောင်းထားသည့်ငွေများကုန်သွားသဖြင့် အွန်လိုင်းမှ အလုပ်အကိုင်ရှာဖွေရာစင်ကာပူ၌ အမျိုးသမီးစားပွဲထိုးအလုပ်ရနိုင်မည့်ကြော်ငြာကို တွေ့ခဲ့ကြောင်း၊ ထို့ကြောင့် အေးဂျင့်နှင့်ချိတ်ဆက်ရာ Work Permit ရရေး လုပ်ဆောင်စရာရှိသည်ဟုဆိုပြီး ထိုင်းသို့ ခေါ်ဆောင်ကာ ကရင်ပြည်နယ်နှင့် ထိုင်း နယ်စပ် မဲဆောက်မြို့သို့ ကားဖြင့်ခေါ်သွားပြီးနောက် မြ၀တီရှိ

မဲခေါင်၊ အောက်တိုဘာ ၃၀

အောက်တိုဘာ ၂၉ ရက်နံနက်အစောပိုင်းတွင် မြန်မာစစ်ဘက်ဆိုင်ရာတာဝန်ရှိသူများက မဲခေါင်မြစ်ကို ဖြတ်ကျော်ပြီး တာချီလိတ်ကျားဖြန့်လုပ်ငန်းတွင် ပိတ်မိနေခဲ့သော ၂၉ နှစ်အရွယ် မလေးရှားအမျိုးသမီး မစ္စလမ်းဆိုသူကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ယင်းအမျိုးသမီး သည် ၃ နှစ်ကြာ ပြင်ပနှင့်အဆက်အသွယ်မရခဲ့ဘဲ နှိပ်စက်မှုများစွာခံခဲ့ရကြောင်း မေးမြန်းစစ်ဆေးမှု၌ ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

မစ္စလမ်းသည် ၂၀၂၂ ခုနှစ်က မိခင်လေဖြတ်သွားသောကြောင့် ဆေးကုသစားရိတ်များကုန်ကျသဖြင့် မိသားစု စုဆောင်းထားသည့်ငွေများကုန်သွားသဖြင့် အွန်လိုင်းမှ အလုပ်အကိုင်ရှာဖွေရာစင်ကာပူ၌ အမျိုးသမီးစားပွဲထိုးအလုပ်ရနိုင်မည့်ကြော်ငြာကို တွေ့ခဲ့ကြောင်း၊ ထို့ကြောင့် အေးဂျင့်နှင့်ချိတ်ဆက်ရာ Work Permit ရရေး လုပ်ဆောင်စရာရှိသည်ဟုဆိုပြီး ထိုင်းသို့ ခေါ်ဆောင်ကာ ကရင်ပြည်နယ်နှင့် ထိုင်း နယ်စပ် မဲဆောက်မြို့သို့ ကားဖြင့်ခေါ်သွားပြီးနောက် မြ၀တီရှိ နာမည်ကြီး KK Park ကျားဖြန့် လုပ်ငန်း သို့ လူမှောင်ခိုကူးပို့ဆောင်ခံရသည်ဟု ထွက်ဆိုခဲ့သည်။

ကျားဖြန့်လုပ်ငန်းများကို လုပ်နေရင်းမှ မကြာခဏဆိုသလို ဘာသာပြန်လုပ်ပေးရသည့်တိုင် အနည်းဆုံး ၁၀ ကြိမ်ထက်မနည်း ရေပိုက်လုံးဖြင့် ရိုက်နှက်ခံခဲ့ရကြောင်း၊ ထို့နောက် Huanya Park ကျားဖြန့်ဝင်းသို့ ရောင်းစားခံရပြီး ၂၀၂၅ ခုနှစ် ဇွန်လ တွင် တာချီလိတ်ရှိ ကျားဖြန့်ရုံတစ်ခုသို့ ထပ်မံရောင်းစားခံရကြောင်း၊ တာချီလိတ်ကျားဖြန့်လုပ်ငန်းတွင် ရှိနေစဉ် ဖမ်းဆီးထားသူများက မိသားစုထံ ဆက်သွယ်ပြီး ပြန်ပေးငွေ ဘတ် ၂၀၀၀၀၀ (ဒေါ်လာ ၆၂၀၀) ပေးပါက လွှတ်ပေးမည်ဟု ဆက်သွယ်ကြောင်း၊ ထို့ကြောင့် မိသားစုဝင်များက Mirror Foundation နှင့် ချိတ်ဆက်အကူအညီတောင်းရာမှ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းပြီး မစ္စလမ်းကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

လတ်တလောမေးမြန်းစစ်ဆေးမှုများအရ မစ္စလမ်းသည် ထိုင်းလူမှုဖွံ့ဖြိုးရေးနှင့်လူသားလုံခြုံရေးဝန် ကြီးဌာန၊ စုံစမ်းစစ်ဆေးရေးမှူးများ၊ လ၀က အရာရှိများက ဓားစာခံအဖြစ် လူမှောင်ခိုကူးခံရသူအဖြစ် သတ်မှတ်ကြောင်း ထိုင်းဒုရဲမှူးကြီး ထရိုင်ရောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် ချင်းရိုင်ခရိုင်ရှိ လူမှောင်ခို ဓားစာခံစောင့်ကြည့်ရေးနှင့်ဝန်ဆောင်မှုစင်တာက မစ္စလမ်းအား ၁ ရက်မှ ၁၅ ရက်အတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်စေရန် ကူညီဖေးမှုနှင့်အတူ စုံစမ်းမေး မြန်းမှုများထပ်လုပ်ပြီးလျှင် လူမှောင်ခိုကူးခံရသည်မှာ သေချာသည်ဟု ဆုံးဖြတ်ချက်အတည်ချပြီးပါက မလေးရှားသံရုံးနှင့်ချိတ်ဆက်ပြီး ပြည်တော်ပြန်ပို့ပေးသွားမည်ဟု သိရသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ကျားဖြန့်
#တာချီလိတ်
#မလေးရှား
#မြဝတီ
#လူမှောင်ခို
#ထိုင်းနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now