နေ့စဥ်သတင်း

“ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အခြေခံသဘောတူညီချက်စာချုပ်” လက်မှတ်ရေးထိုးပွဲကျင်းပရန် တိုင်းရင်းသားတော်လှန်ရေးတပ်များကို ဖိတ်ခေါ်

မဲခေါင် 30 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၉ တိုင်းပြည်၏အကြပ်အတည်း (Constitutional Crisis) ဖြစ်နေသည်ကို ဖြေရှင်နိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အခြေခံသဘောတူညီချက်စာချုပ်” လက်မှတ်ရေးထိုးပွဲကျင်းပရန်၊ ကြိုတင်ဆွေးနွေး ညှိနှိုင်းဆုံးဖြတ်ချက် ချမှတ်မည့်အစည်းအဝေး ကျင်းပရန် တိုင်းရင်းသာတော်လှန်ရေးအဖွဲ့များသို့ ဖိတ်ခေါ်ထားကြောင်း ဖိတ်ကြားခံရသည့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး DPLA ထံက သိရသည်။ ယင်းအစည်းအဝေးကို ဖက်ဒရယ်အခြေခံမူများ သဘောတူညီမှုရရှိရေးနှင့် တည်ဆောက်ရေးအကြံပေးကော်မတီက ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဖိတ်ကြားရာတွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (Self – Determination) အတွက် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်နယ်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသော ခေါင်းဆောင်များအနေဖြင့် မိမိတို့တည်ဆောက်မည့် အနာဂါတ်ဖယ်ဒရယ်နိုင်ငံအတွက် ကိုယ်တိုင်အင်ဂျင်နီယာအဖြစ် ပါဝင်တည်ဆောက်ယူရမည်ပြီးဖြစ်ကြောင်း ရည်ညွှန်းထားသည်။ “ဖက်ဒရယ်တော်လှန်ရေးအစိုးရတစ်ရပ် တော်လှန်ရေးဘက်မှာ တစုတစည်းတည်းဖြင့် တည်ဆောက်ထားရှိနိုင်ဖို့ကို ကြိုတင်ပုံဖော်ထားပြီး

မဲခေါင်၊ အောက်တိုဘာ ၂၉

တိုင်းပြည်၏အကြပ်အတည်း (Constitutional Crisis) ဖြစ်နေသည်ကို ဖြေရှင်နိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အခြေခံသဘောတူညီချက်စာချုပ်” လက်မှတ်ရေးထိုးပွဲကျင်းပရန်၊ ကြိုတင်ဆွေးနွေး ညှိနှိုင်းဆုံးဖြတ်ချက် ချမှတ်မည့်အစည်းအဝေး ကျင်းပရန် တိုင်းရင်းသာတော်လှန်ရေးအဖွဲ့များသို့ ဖိတ်ခေါ်ထားကြောင်း ဖိတ်ကြားခံရသည့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး DPLA ထံက သိရသည်။

ယင်းအစည်းအဝေးကို ဖက်ဒရယ်အခြေခံမူများ သဘောတူညီမှုရရှိရေးနှင့် တည်ဆောက်ရေးအကြံပေးကော်မတီက ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဖိတ်ကြားရာတွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (Self – Determination) အတွက် တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်နယ်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသော ခေါင်းဆောင်များအနေဖြင့် မိမိတို့တည်ဆောက်မည့် အနာဂါတ်ဖယ်ဒရယ်နိုင်ငံအတွက် ကိုယ်တိုင်အင်ဂျင်နီယာအဖြစ် ပါဝင်တည်ဆောက်ယူရမည်ပြီးဖြစ်ကြောင်း ရည်ညွှန်းထားသည်။

“ဖက်ဒရယ်တော်လှန်ရေးအစိုးရတစ်ရပ် တော်လှန်ရေးဘက်မှာ တစုတစည်းတည်းဖြင့် တည်ဆောက်ထားရှိနိုင်ဖို့ကို ကြိုတင်ပုံဖော်ထားပြီး သဘောတူညီချက်စာချုပ်နဲ့ လမ်းပြမြေပုံရှိဖို့ လိုအပ်တာဖြစ်လို့ ဒီအစည်းအဝေး အောင်မြင်ထမြောက်ဖို့ လိုအပ်ပါတယ်”ဟု DPLA ခေါင်း ဆောင် ဦးထွန်းထွန်းနိုင်က မဲခေါင်သို့ပြောသည်။

စာချုပ်နှင့် လမ်းပြမြေပုံသည် မိမိတို့၏ ညီညွတ်ခိုင်မြဲမှုနှင့် ဦးတည်ရာလမ်းရှင်းလင်းနေမှုကို ပြသနိုင်ယုံသာမက နိုင်ငံတကာ၏ ယုံကြည်မှုကိုပါ ရရှိမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ကြိုတင်ဆွေးနွေး ညှိနှိုင်းဆုံးဖြတ်ချက်ချမှတ်မည့် (ပထမအကြိမ်) အစည်းအဝေးကို၊လာမည့် ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၊ဒုတိယအပတ်တွင်၊ စတင်ကျင်းပရန်၊ လျှာထားသတ်မှတ်ထားသည်ဟု ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။

#MeKongNews
#DPLA
#ဖက်ဒရယ်
#တော်လှန်ရေး
#ဦးထွန်းထွန်းနိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now