ကမ္ဘာ့သတင်း

ချာနိုဘိုင်း နျူကလီးယားစက်ရုံပေါက်ကွဲနယ်မြေထဲမှ ခွေးများ အပြာရောင်တောက်တောက် ပြောင်းလဲလာ

မဲခေါင် 29 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၉ ၁၉၈၆ ခုနှစ်က အမှတ် (၄) နျူကလီးယားဓာတ်ပေါင်းဖိုကြီး ပေါက်ကွဲခဲ့သဖြင့် နျူကလီးယားကပ်ဘေး သင့်ခဲ့ရာ ချာနိုဘိုင်း နျူကလီးယားစက်ရုံဟောင်းကြီးနားရှိ ခွေးတချို့သည် ထူးခြားဆန်းကျယ်စွာဖြင့် အပြာရောင်တောက်တောက် ပြောင်းလဲလာသည်ကို ယင်းဒေသရှိ ခွေးများနှင့် သဘာ၀ပတ်ဝန်းကျင်ကို လေ့လာနေသည့် Dogs of Chernobyl အဖွဲ့မှ ထုတ်ပြန်လာခဲ့သည်။ မှတ်တမ်းနှင့်တကွ အပြာရောင်တောက်တောက် ပြောင်းလာသည့် ခွေးမှာ ၃ ကောင်ရှိသည်ကို အတည်ပြုမှတ်တမ်းတင်နိုင်သလို ထိုခွေးများကို လိုက်ဖမ်းပြီး DNA စမ်းသပ်မှုများ လုပ်ဆောင်ကာ လူသားများ နျူကလီးယားဒဏ်နှင့် ရေဒီယိုသတ္တိကြွမှုအား မည်သည့်နည်းများဖြင့် ခံနိုင်ရည်ရှိစေရန် အဖြေရှာနိုင်ရေးမှာ အရေးအကြီးဆုံး လေ့လာမှုဖြစ်သည်ဟု ထိုအဖွဲ့အစည်းက ဆိုသည်။ ယင်းဒေသခံ NGO

မဲခေါင်၊ အောက်တိုဘာ ၂၉

၁၉၈၆ ခုနှစ်က အမှတ် (၄) နျူကလီးယားဓာတ်ပေါင်းဖိုကြီး ပေါက်ကွဲခဲ့သဖြင့် နျူကလီးယားကပ်ဘေး သင့်ခဲ့ရာ ချာနိုဘိုင်း နျူကလီးယားစက်ရုံဟောင်းကြီးနားရှိ ခွေးတချို့သည် ထူးခြားဆန်းကျယ်စွာဖြင့် အပြာရောင်တောက်တောက် ပြောင်းလဲလာသည်ကို ယင်းဒေသရှိ ခွေးများနှင့် သဘာ၀ပတ်ဝန်းကျင်ကို လေ့လာနေသည့် Dogs of Chernobyl အဖွဲ့မှ ထုတ်ပြန်လာခဲ့သည်။

မှတ်တမ်းနှင့်တကွ အပြာရောင်တောက်တောက် ပြောင်းလာသည့် ခွေးမှာ ၃ ကောင်ရှိသည်ကို အတည်ပြုမှတ်တမ်းတင်နိုင်သလို ထိုခွေးများကို လိုက်ဖမ်းပြီး DNA စမ်းသပ်မှုများ လုပ်ဆောင်ကာ လူသားများ နျူကလီးယားဒဏ်နှင့် ရေဒီယိုသတ္တိကြွမှုအား မည်သည့်နည်းများဖြင့် ခံနိုင်ရည်ရှိစေရန် အဖြေရှာနိုင်ရေးမှာ အရေးအကြီးဆုံး လေ့လာမှုဖြစ်သည်ဟု ထိုအဖွဲ့အစည်းက ဆိုသည်။

ယင်းဒေသခံ NGO အဖွဲ့အစည်းဖြစ်သော Clean Futures Fund နှင့် Dogs of Chernobyl အဖွဲ့တို့ ပူးပေါင်းပြီး လေ့လာနေမှုအရ ခွေးများသည် ရေဒီယိုသတ္တိကြွမှုဒဏ် မခံရဘဲ ထိုဒေသမှ နျူကလီးယား ဒဏ်သင့် ခွေးမျိုးရိုးစဉ်ဆက်မှ ပေါက်ဖွာလာသည့် တိရစ္ဆာန်များသာဖြစ်ကာ အလွန်ကျန်းမာပြီး ဖြတ်လတ်မှုရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထိုခွေးများကို လိုက်ရှာဖမ်းဆီးကာ ပိုးသတ်ခြင်း၊ DNA စစ်ဆေးခြင်းဖြင့် ပိုမိုအကျိုးရှိမည့် သုတေသနပြုမှုများကို လုပ်ဆောင်ရန် ကြိုးစားနေသည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းဒေသရှိ ခွေးများ၊ ဒရယ်များနှင့်အခြား တောရိုင်းတိရစ္ဆာန်များသည် အခြားဒေသမှ တိရစ္ဆာန်များနှင့်ပင် မတူဘဲ မျိုးရိုးဗီဇပြောင်းလဲတိုးတက်မှုများကြောင့် ရေဒီယိုသတ္တိကြွဒဏ်နှင့် နျူကလီးယားဒဏ်ကို ပိုခံနိုင်နေသည်က အနာဂတ်လူသားများ ထိုခံနိုင်ရည်ရှိစေရေးအတွက် သိပ္ပံနည်းကျ လေ့လာ အဖြေထုတ်ရမည်ဟု မြောက် ကယ်ရိုလိုင်းနားတက္ကသိုလ် သုတေသနပညာရှင် ဒေါက်တာမက်သရူးဘရင်းက ထုတ်ပြန်ပြောဆိုခဲ့သည်။

၂၀၂၃ ခုနှစ်က တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်နှင့် National Human Genome သုတေသနအဖွဲ့တို့ ချာနိုဘိုင်း နျူကလီးယားအထူးဇုန်အတွင်းမှ ခွေး ၃၀၂ ကောင်ကို DNA စမ်းသပ်ခဲ့ရာ ထိုဇုန်နှင့် ၁၀ မိုင် အကွာမှ ခွေးများ DNA နှင့် ထူးခြားခြားနားနေသည်ကို တွေ့ရှိရကာ မည်သည့်အကြောင်းကြောင့် နျူကလီးယားဒဏ်သင့်ရာဒေသမှ ခွေးများသည် ပိုမိုကိုယ်ခံစွမ်းအားထုတ်လုပ်နိုင်၊ မျိုးပွားနိုင်၊ အသက် ရှင်နေထိုင်နိုင်သနည်းဆိုသည်အား အဖြေထပ်ရှာသွားရမည်ဟု ထုတ်ပြန်သွားခဲ့ဖူးသည်။

ချာနိုဘိုင်းနျူကလီးယားစက်ရုံကြီးပေါက်ကွဲမှုကြောင့် အနီးအနားရှိ ပရီပရတ်မြို့တစ်ခုလုံးကို လူအများ စွန့်ခွာခဲ့ရပြီး ရေဒီယိုသတ္တုကြွ ဓာတ်ရောင်ခြည်သည့်မှုများကြောင့် မျိုးရိုးစဉ်ဆက် နာတာရှည်ရောဂါ များ၊ သန္ဓေသား ဗီဇပြောင်းလဲပြီး ပုံမှန်မဟုတ်သော မွေးဖွားမှုများ၊ သေဆုံးမှုများစွာကို ဖြစ်တည်စေခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ချာနိုဘိုင်း
#နျူကလီးယား
#မျိုးရိုးဗီဇ
#ရေဒီယိုသတ္တိကြွ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now