နေ့စဥ်သတင်း

အမေရိကန်နှင့် မြေရှားသတ္တု MOU လက်မှတ်ထိုးခြင်းမှာ ထိုင်းအစိုးရ ကြီးမားသည့်အမှားဟု ပြည်သူ့ပါတီ ဝေဖန်

မဲခေါင် 27 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၇ အောက်တိုဘာ ၂၆ ရက်က ထိုင်းနှင့်ကမ္ဘောဒီးယားငြိမ်းချမ်းရေးစာချုပ်ကို ဒေါ်နယ်ထရမ့်ကြီးမှူးပြီး အာဆီယံညီလာခံ၌ ချုပ်ဆိုပြီးနောက် အမေရိကန်မှ ထိုင်းအပေါ် သွင်းကုန်အခွန်စည်းကြပ်မြှင့်တင်မှု အားပြန်လည်ညှိနှိုင်းမှုအရ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုစာချုပ်ကို ချုပ်ဆိုခဲ့ရာတွင် အမေရိကန်ကို ထိုင်းက မြေရှားသတ္တု တူးဖော်ထုတ်လုပ်ခွင့်ပေးရမည့် MOU သဘောတူစာချုပ်ပါ ချုပ်ဆိုပေးခဲ့ရသည်။ အမေရိကန်ဘက်က သွင်းကုန်ခွန်ကို ထိုင်း၊ မလေးရှားနှင့်ကမ္ဘောဒီးယား ၃ နိုင်ငံစလုံးအား ၁၉ ရာခိုင်နှုန်းလျှော့ချသတ်မှတ်ပေးပြီး အပြန်အလှန်ကုန်သွယ်မှုသဘောတူညီချက်အပြင် ၃ နိုင်ငံစလုံး၌ မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရေး သဘောတူညီချက်ပါ ဒေါ်နယ်ထရမ့်က ရယူသွားခြင်းဖြစ်သည်။ ကမ္ဘာ့နည်းပညာမြင့်ထုတ်ကုန်တိုင်း၌ မရှိမဖြစ်အရေးပါသော မြေရှားကမ္ဘာ့စျေးကွက်ကို တရုတ် တစ်နိုင်ငံတည်းက ထိန်းချုပ်ထားပြီး တင်ပို့မှု တင်းကျပ်ကန့်သတ်လိုက်ခြင်းကြောင့် ဒေါ်နယ်ထရမ့် သည် အာဆီယံညီလာခံသို့လာရင်း

မဲခေါင်၊ အောက်တိုဘာ ၂၇

အောက်တိုဘာ ၂၆ ရက်က ထိုင်းနှင့်ကမ္ဘောဒီးယားငြိမ်းချမ်းရေးစာချုပ်ကို ဒေါ်နယ်ထရမ့်ကြီးမှူးပြီး အာဆီယံညီလာခံ၌ ချုပ်ဆိုပြီးနောက် အမေရိကန်မှ ထိုင်းအပေါ် သွင်းကုန်အခွန်စည်းကြပ်မြှင့်တင်မှု အားပြန်လည်ညှိနှိုင်းမှုအရ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုစာချုပ်ကို ချုပ်ဆိုခဲ့ရာတွင် အမေရိကန်ကို ထိုင်းက မြေရှားသတ္တု တူးဖော်ထုတ်လုပ်ခွင့်ပေးရမည့် MOU သဘောတူစာချုပ်ပါ ချုပ်ဆိုပေးခဲ့ရသည်။

အမေရိကန်ဘက်က သွင်းကုန်ခွန်ကို ထိုင်း၊ မလေးရှားနှင့်ကမ္ဘောဒီးယား ၃ နိုင်ငံစလုံးအား ၁၉ ရာခိုင်နှုန်းလျှော့ချသတ်မှတ်ပေးပြီး အပြန်အလှန်ကုန်သွယ်မှုသဘောတူညီချက်အပြင် ၃ နိုင်ငံစလုံး၌ မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရေး သဘောတူညီချက်ပါ ဒေါ်နယ်ထရမ့်က ရယူသွားခြင်းဖြစ်သည်။

ကမ္ဘာ့နည်းပညာမြင့်ထုတ်ကုန်တိုင်း၌ မရှိမဖြစ်အရေးပါသော မြေရှားကမ္ဘာ့စျေးကွက်ကို တရုတ် တစ်နိုင်ငံတည်းက ထိန်းချုပ်ထားပြီး တင်ပို့မှု တင်းကျပ်ကန့်သတ်လိုက်ခြင်းကြောင့် ဒေါ်နယ်ထရမ့် သည် အာဆီယံညီလာခံသို့လာရင်း တရုတ်ကို တွန်းလှန်နိုင်ရေး အဆိုပါ သဘောတူစာချုပ်များ ချုပ်ဆို ခဲ့ခြင်းဖြစ်ရာ ထိုင်းအတိုက်အခံပါတီဖြစ်သည့် ပြည်သူ့ပါတီအမတ် ဖက်တရာပေါင်လီလာဖတ်က အချိန်တိုယာယီအစိုးရအဖြစ်သာ လွှတ်တော်မဖျက်သိမ်းမီ၊ ရွေးကောက်ပွဲသစ်မကျင်းပမီ တာဝန်ယူ ထားသည့် အနုတင်ဦးဆောင်သော အစိုးရ၏ ကြီးမားသော မှားယွင်းမှုဟု လူမှုကွန်ရက် ဖေ့စ်ဘုတ်မှ တစ်ဆင့် ဝေဖန်သွားခဲ့သည်။

အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်စာချုပ်အရ ထိုင်းသည် တစ်နှစ်လျှင် အမေရိကန် ထုတ်ကုန်များဖြစ်သည့် စိုက်ပျိုးရေး၊ စွမ်းအင်ကဏ္ဍ၊ လေယာဉ်များ ဝယ်ယူရေးအပါ ဒေါ်လာ ဘီလီယံ ၂၀ ကျော်ဖိုး ဝယ်ယူရမည်ဖြစ်သည်။

မြန်မာနှင့်နယ်စပ် နမ့်ခုတ်မြစ်နှင့်မဲခေါင်မြစ်တစ်လျှောက် မြန်မာဘက်မှ တရုတ်မြေရှားနှင့်ရွှေမိုင်းတွင်းလုပ်ကွက်များကြောင့် အဆိပ်သင့်မှုများဖြစ်နေသည်ကိုပင် မထိန်းချုပ်နိုင်ဘဲ ယခုလို အတွေ့အကြုံ၊ ပညာလုံး၀မရှိသည့်အနေအထား၌ နိုင်ငံအတွင်း သဘာ၀ ပတ်ဝန်းကျင်များပျက်စီးစေမည့် အမေရိကန်အား မြေရှားထုတ်ခွင့်ပြုခြင်းသည် အမှားကြီးမှားခဲ့ပြီဟု ဖက်တရာပေါင်က ထောက်ပြန်ကန့်ကွက်သွားခြင်းဖြစ်သည်။

မြေရှားသတ္တုသိုက် ရှိသည့်နေရာကို ပထမဆုံးရှာတွေ့မည်မှာ အမေရိကန် ပညာရှင်များသာဖြစ်မည်မှာ သေချာသဖြင့် လုပ်ကွက်အကျိုးအမြတ်၊ စျေးနှုန်းသတ်မှတ်မှု၊ တင်ပို့မှုအားလုံးတွင် ထိုင်းဘက်မှ အခွင့် အရေးသာမှု တစ်ခုမှ မရှိကြောင်း၊ အခြေခံစက်မှုလုပ်ငန်းနှင့် သတ္တုတွင်းဌာန (DPIM) သည် အောက်တို ဘာ ၂၁ ရက်ကမှ ဝန်ကြီးချုပ်နှင့် အရေးပေါ် အစည်းအဝေးခေါ်ကာ အောက်တိုဘာ ၂၆ တွင် ယခု စာချုပ်ကို အမေရိကန်နှင့်ချုပ်ဆိုခဲ့ကြောင်း၊ DPIM သည် အိမ်နီးချင်းနိုင်ငံနယ်စပ်များ၌ မြေရှားထုတ် ယူနေပုံနှင့် အဆိပ်သင့်မြစ်များ ပေါ်ထွန်းလာခြင်းကိုပင် မရှင်းပြနိုင်သေးဘဲ အမေရိကန်အား နိုင်ငံ အတွင်း မြေရှားထုတ်ယူခွင့်သဘောတူပေးလိုက်မှုက စုံလုံးကန်းသော အမှားဖြစ်ကြောင်း ဖက်တရာပေါင်က ဆိုသည်။

In-situ ခေါ် မြေရှားတူးရာ၌ အခြားသတ္တုများဖယ်ရှားနိုင်ရေး မြေတွင်းထဲ ဓာတုပစ္စည်းများလောင်းသွင်းသည့် စနစ်ကိုပင် DPIM အနေဖြင့် မသိရှိသေးဘဲ လက်ရှိပြဿနာများကိုပင် မဖြေရှင်းနိုင်သေးချိန် နောက်ထပ် ပြဿနာသစ်များစွာကို ဖန်တီးလိုက်ခြင်းသာဖြစ်သည်ဟု ဖက်တရာပေါင်က ရေးသားထောက်ပြသွားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် တရုတ်နှင့် မလေးရှားအစိုးရတို့ မလေးရှား၌ မြေရှားထုတ်ယူရန် သဘောတူလုနီး အခြေအနေ၌ ယခု တရုတ်ကို ကျော်ကာ မလေးရှားတွင် မြေရှားသတ္တုထုတ်ရန်ပါ သဘောတူညီမှု ရယူသွားခဲ့သည်။ မလေးရှားတွင် ထုတ်ယူနိုင်မည့် မြေရှားသိုက်ပမာဏသည် တန်ချိန် ၁၆ ဒသမ ၁ သန်း ရှိနေကြောင်း သိရသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#အမေရိကန်
#ထိုင်းနိုင်ငံ
#မြေရှားသတ္တု
#အဆိပ်သင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now