နေ့စဥ်သတင်း

ပအိုဝ်းဒေသတွင် ကြံ့ခိုင်ရေးပါတီ အတွင်းစည်းမိတ်ဖျက်ကာ ကွက်ပြည့် ရွေးကောက်ပွဲဝင်မည်

မဲခေါင် 27 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၆ ပအိုဝ်းပြည်သူ့စစ်ပါတီနှင့် မဟာမိတ်ပြုထားသည့်အတွက် ယခင်က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်းမရှိသည့် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသမှ မဲဆန္ဒနယ်များတွင် ကြံ့ခိုင်ရေးပါတီက မဟာမိတ်ဖျက်က ကွက်ပြည့်ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာက အတုအယောင်ရွေးကောက်ပွဲဟု သတ်မှတ်ထားသည့် ယခုစစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ၎င်း၏ မဟာမိတ်ပါတီ နယ်မြေများတွင်ပါ ရွေးကောက်ပွဲဝင်ခြင်းမှာ အတွင်းစည်းမဟာမိတ်ကို ဖျက်လိုက်ခြင်းဖြစ်ကြောင်း ရှမ်းပြည်အခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးက မဲခေါင်သို့ပြောသည်။ “ပအိုဝ်းဒေသမှာ USDP က ဝင်ပြိုင်မယ်လို့ သိရတယ်။ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ တွေတုန်းက ဝင် မပြိုင်ဘူးပဲ။ PNO ကို မိတ်ဖက်အနေနဲ့မထားဘဲ အတွင်းစည်း မိတ်ဖျက်တဲ့သဘောပေါ့။ ကွက်ပြည့်ကစားတဲ့နိုင်ငံရေးပွဲမှာ ပအိုဝ်းပါတီကို နေရာမပေးတဲ့အနေအထားပဲ။ လက်ရှိ ဒေသဥက္ကဌ

မဲခေါင်၊ အောက်တိုဘာ ၂၆

ပအိုဝ်းပြည်သူ့စစ်ပါတီနှင့် မဟာမိတ်ပြုထားသည့်အတွက် ယခင်က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်းမရှိသည့် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသမှ မဲဆန္ဒနယ်များတွင် ကြံ့ခိုင်ရေးပါတီက မဟာမိတ်ဖျက်က ကွက်ပြည့်ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာက အတုအယောင်ရွေးကောက်ပွဲဟု သတ်မှတ်ထားသည့် ယခုစစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ၎င်း၏ မဟာမိတ်ပါတီ နယ်မြေများတွင်ပါ ရွေးကောက်ပွဲဝင်ခြင်းမှာ အတွင်းစည်းမဟာမိတ်ကို ဖျက်လိုက်ခြင်းဖြစ်ကြောင်း ရှမ်းပြည်အခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးက မဲခေါင်သို့ပြောသည်။

“ပအိုဝ်းဒေသမှာ USDP က ဝင်ပြိုင်မယ်လို့ သိရတယ်။ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ တွေတုန်းက ဝင် မပြိုင်ဘူးပဲ။ PNO ကို မိတ်ဖက်အနေနဲ့မထားဘဲ အတွင်းစည်း မိတ်ဖျက်တဲ့သဘောပေါ့။ ကွက်ပြည့်ကစားတဲ့နိုင်ငံရေးပွဲမှာ ပအိုဝ်းပါတီကို နေရာမပေးတဲ့အနေအထားပဲ။ လက်ရှိ ဒေသဥက္ကဌ ဖြစ်တဲ့ ဗိုလ်မှူးကြီးဟောင်း ခွန်ရဲထွေးလည်း ရွေးကောက်ပွဲကို USDP အနေနဲ့ပဲ ဝင်မယ်” ဟု ၎င်းက ဆိုသည်။

ယခင်က USDP အနေဖြင့်မဟုတ်ဘဲ ပအိုဝ်းအမျိုးသားများကိုသာ ပအိုဝ်းဒေသအုပ်ချုပ်ရေးတွင် နေရာပေးရာက ယခုအခါ နိုင်ငံရေးအရပါ နေရာယူလွှမ်းမိုးလာခြင်းဖြစ်သဖြင့် စစ်ရေးအရလက်အောက်ခံအဖြစ် PNO ပြည်သူ့စစ်၊ အုပ်ချုပ်ရေးအရ USDP ပါတီဝင်ကို ဒေသဦးစီးဥက္ကဌအပြင် ယခု နိုင်ငံရေးလက်အောက်ခံအဖြစ်ပါ သတ်မှတ်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ရှမ်းပြည်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုသည်။

ယခင်က ပအိုးဝ်မဲဆန္ဒနယ်မြေအတွင်း ကျားဖြူပါတီတစ်ခုသာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သလို တိုင်းရင်းသားနေရာများတွင်လည်း ဗမာနှင့်ရှမ်းများသာ ဝင်ရောက်ခဲ့သည်။

လက်ရှိ စစ်တပ်၏ UEC ၏ ထုတ်ပြန်ချက်အရ လွှတ်တော် အဆင့်ဆင့်တွင် နိုင်သူအကုန်ယူ စနစ်တွင် ဝင်ရောက်ယှဥ်ပြိုင်သူ၏ ကိုယ်ရေးဖော်ပြချက် Profile ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ရမည်ဖြစ်ပြီး အချိုးကျ PR စနစ်​ဖြင့်တွက်ချက်ပုံအဖြစ် လူ အစား ပါတီ အနေဖြင့် ယှဥ်ပြိုင်ရမည်ဟု အကြမ်းဖျဥ်း သိရသည်။

စစ်တပ် UEC ကပြုလုပ်မည့် ရွေးကောက်ပွဲမှာ အပိုင်းလိုက်ပြုလုပ်မည်ဖြစ်ပြီး အပိုင်း ၁ ကို လာမည့် ဒီဇင်ဘာ၂၈ ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး အာဆီယံ အပါအဝင် နိုင်ငံတကာမှ အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားသည်။

#MeKongNews
#စစ်ကောင်စီ
#အတုအယောင်ရွေးကောက်ပွဲ
#ပအိုဝ်းဒေသ
#ကြံ့ခိုင်ရေးပါတီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now