မဲခေါင်၊ အောက်တိုဘာ ၂၅
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယား နယ်စပ်ဖြစ်သော ဆာခဲယိုခရိုင်၊ ဘန်နောင်ယာကေးရိုရှိ ဘန်နောင်ချန်းသို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က လူထုအုံကြွမှုထိန်းသိမ်းရေး လုံခြုံရေးတပ်ဖွဲ့ဝင် ၆၀၀၀ စေလွှတ်လိုက်ကြောင်း သိရသည်။
ဆာခေးယိုနှင့်ကပ်လျှက် ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်းများအား ၂ ပတ်အတွင်း UNODC၊ FBI နှင့် Interpol တို့အပြတ်ဝင်ရောက် ရှင်းလင်းမည်ဖြစ်ရာ နယ်စပ်တွင် မငြိမ်သက်မှုများဖြစ်လာနိုင်သဖြင့် ယခုလို ထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၆၀၀၀ စေလွှတ်ရခြင်းဖြစ်သည်ဟု တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆီရီဝပ်ဒီဖော်က ထုတ်ပြန်ရှင်းလင်းခဲ့သည်။
ထိုသို့စေလွှတ်ရခြင်းမှာ ကုလသမဂ္ဂ မူးယစ်နှင့်ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNODC)၊ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ (FBI) နှင့် နိုင်ငံတကာရဲတပ်ဖွဲ့တို့ ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်းများကို ၂ ပတ် အတွင်း ချေမှုန်းရာတွင် ထိုင်းဘက်ခြမ်းနေထိုင်သူများ မထိခိုက်စေရေး၊ ကျားဖြန့်လုပ်ငန်းများမှ ထွက် ပြေးလာသူများအား တစ်ထိုင်တည်း ကိုယ်တိုင် ကျားဖြန့်သမားဟုတ်၊ မဟုတ်၊ အတင်းအကျပ် ခေါ်ဆောင်ခံရကာ အဓမ္မခိုင်းစေခံရခြင်းဟုတ်၊ မဟုတ် သတင်းအချက်အလက်များ ဖလှယ်ရန် ကူညီရေး အတွက် စေလွှတ်ခြင်းဖြစ်သည်ဟု ဆီရီဝပ်ဒီဖော်က ဆိုသည်။
ကိုကလင်း
Ref:The Nation
#MeKongNews
#ကမ္ဘောဒီးယား
#ကျားဖြန့်
#ထိုင်းနယ်စပ်
#နိုင်ငံတကာရဲတပ်ဖွဲ့








