နေ့စဥ်သတင်း

KK Park ကျားဖြန့်ဝင်း စကစ ဝင်စီးနင်းပြီးနောက် ထိုင်းဘက်သို့ ပြေးလာသူ ၁၀၀၀ ကျော်လာ၊ ကမ္ဘောဒီးယားမှာလည်း ကျားဖြန့်တွေ ထွက်ပြေး

မဲခေါင် 24 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၄ တရုတ်၊ အမေရိကအပါ နိုင်ငံတကာဖိအားပေးမှုများကြောင့် ကျားဖြန့်နှိမ်နင်းမှုများလုပ်ဆောင်လာနေ ရာ အောက်တိုဘာ ၂၀ ရက်က ထိုင်း-မြန်မာနယ်စပ် နာမည်ကြီး ကျားဖြန့်ဝန်းကြီးဖြစ်သော KK Park သို့ စစ်ကောင်စီတပ်များ စီးနင်းသည်ဟု ဆိုပြီးနောက် အောက်တိုဘာ ၂၄ ရက်မနက်အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ကျားဖြန့်ဝန်းမှ ထွက်ပြေးလာသူပေါင်း ၁၀၀၀ ကျော်ရှိခဲ့ပြီဟု သိရသည်။ အားလုံးသည် သံသယကျားဖြန့်လုပ်သားများဖြစ်နိုင်ပြီး ထွက်ပြေးလာသူများထဲတွင် အိန္ဒိယ နိုင်ငံသား အများဆုံးဖြစ်ကာ ၃၉၉ ယောက်ရှိကြောင်း၊ တရုတ်နိုင်ငံသား ၁၄၇ ယောက်ပါဝင်သလို ထိုင်းနိုင်ငံသား ၃၁ ယောက်အပြင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံသား

မဲခေါင်၊ အောက်တိုဘာ ၂၄

တရုတ်၊ အမေရိကအပါ နိုင်ငံတကာဖိအားပေးမှုများကြောင့် ကျားဖြန့်နှိမ်နင်းမှုများလုပ်ဆောင်လာနေ ရာ အောက်တိုဘာ ၂၀ ရက်က ထိုင်း-မြန်မာနယ်စပ် နာမည်ကြီး ကျားဖြန့်ဝန်းကြီးဖြစ်သော KK Park သို့ စစ်ကောင်စီတပ်များ စီးနင်းသည်ဟု ဆိုပြီးနောက် အောက်တိုဘာ ၂၄ ရက်မနက်အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ကျားဖြန့်ဝန်းမှ ထွက်ပြေးလာသူပေါင်း ၁၀၀၀ ကျော်ရှိခဲ့ပြီဟု သိရသည်။

အားလုံးသည် သံသယကျားဖြန့်လုပ်သားများဖြစ်နိုင်ပြီး ထွက်ပြေးလာသူများထဲတွင် အိန္ဒိယ နိုင်ငံသား အများဆုံးဖြစ်ကာ ၃၉၉ ယောက်ရှိကြောင်း၊ တရုတ်နိုင်ငံသား ၁၄၇ ယောက်ပါဝင်သလို ထိုင်းနိုင်ငံသား ၃၁ ယောက်အပြင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် နီပေါနိုင်ငံသား စုစုပေါင်း ၁၀၄၉ ယောက်ရှိသည်ဟု ထိုင်းမီဒီယာများက ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယားတွင်လည်း ဆာခဲယိုကျားဖြန်ရပ်ဝန်းသို့ တောင်ကိုရီးယား အထူးစုံစမ်းစစ်ဆေးရေးတပ် များ ဝင်ရောက်စီးနင်မည်ဟု သတင်းများထွက်ပေါ်နေရာ အဆိုပါ ကျားဖြန့်လုပ်ငန်းများမှ လူပေါင်းများ စွာသည်လည်း အုတ်အော်သောင်းနင်းဖြင့် ထိုင်းနှင့်မြန်မာဘက်ခြမ်းသို့ မြစ်များဖြတ်ကူးကာ ထွက်ပြေး နေကြသည်။

ထိုင်းအစိုးရသည် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ ရွေကုက္ကိုလ်မြို့သစ် ထူထောင်ခဲ့သော ရထိုက်ကုမ္ပဏီထူထောင်သူ ကျားဖြန့် ခေါင်းဆောင် ရှီဇီးကျန့် (၄၃ နှစ်) ကိုလည်း ဖမ်းဆီးထိန်းသိမ်း ထားရာမှ မကြာမီ တရုတ်ထံ လက်လွှဲပေးအပ်တော့မည်ဟုလည်း သတင်းများ ခိုင်မာစွာ ထွက်ပေါ်နေ သည်။

ရှီဇီးကျန့်သည် တရုတ်နိုင်ငံသားအဖြစ်မှ ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်သို့ ပြောင်းလဲ ခံယူထား သဖြင့် တရုတ်ဘက်မှ လွှဲပြောင်းပေးရန် တောင်းဆိုမှုကို ထိုင်းက ဖမ်းဆီးထားအပြီး ၂ နှစ်ဝန်းကျင် အထိ အကြောင်းမပြန်သေးဘဲ ယခုမှ တရုတ်လက်သို့ ပြန်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ကိုကလင်း
Ref:Khaosod
#MeKongNews
#ကျားဖြန့်
#အာဆီယံ
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now