နေ့စဥ်သတင်း

ရန်ကုန်နှင့် မန္တလေးတွင် အွန်လိုင်းစလော့ဂိမ်းနှင့် ဘောလုံးအေးဂျင့် ၁၈ ဦးကို ဖမ်းဆီး

မဲခေါင် 24 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၄ အွန်လိုင်း စလော့ဂိမ်းနှင့် ဘောလုံးလောင်းကစားအေးဂျင့် ၁၈ဦး၊ ငွေထုတ်ပေးသူ ၉ဦး တို့ကို ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။​ ၎င်းတို့ကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံရှိ Secret Villa Private Resort၊ ရန်ကင်းရှိ The Lord စားသောက်ဆိုင်အနီး၊ ဒဂုံမြို့သစ်-အရှေ့ပိုင်းနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ နေအိမ်၊ မဟာအောင်မြေရှိ Focus ဟိုတယ်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဖမ်းဆီးရသူများမှာ Super Senior Agent အဆင့် လုပ်ကိုင်သူများဖြစ်သည့် ယဉ်မင်းလှိုင်၊ မာရီယာ (ခေါ်) မီးလေး၊

မဲခေါင်၊ အောက်တိုဘာ ၂၄

အွန်လိုင်း စလော့ဂိမ်းနှင့် ဘောလုံးလောင်းကစားအေးဂျင့် ၁၈ဦး၊ ငွေထုတ်ပေးသူ ၉ဦး တို့ကို ရန်ကုန်နှင့် မန္တလေးတိုင်းတို့တွင် အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။​

၎င်းတို့ကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံရှိ Secret Villa Private Resort၊ ရန်ကင်းရှိ The Lord စားသောက်ဆိုင်အနီး၊ ဒဂုံမြို့သစ်-အရှေ့ပိုင်းနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ နေအိမ်၊ မဟာအောင်မြေရှိ Focus ဟိုတယ်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးရသူများမှာ Super Senior Agent အဆင့် လုပ်ကိုင်သူများဖြစ်သည့် ယဉ်မင်းလှိုင်၊ မာရီယာ (ခေါ်) မီးလေး၊ ဖြိုးမင်းသူ (ခေါ်) ရောင်နီ၊ ဇင်မင်းအောင် (ခေါ်) ဇင်ကြီး၊ ပြည့်ဖြိုးအောင် (ခေါ်) မင်းထက် နှင့် ခင်မောင်ဖြိုး (ခေါ်) ဇော်ဝင်း တို့ ၆ဦး၊ Senior Agent ဝင်းပပအောင်နှင့် သက်ဖြိုးနိုင်၂ဦးနှင့် Agent အဆင့် သူရအောင်၊ သိန်းထိုက်အေး၊ မေမြတ်နိုး၊ အောင်မင်းခန့်၊ သိန်းထိုက်စံ၊ ကောင်းမြတ်သူ၊ ထက်ထက်နိုင်၊ ချမ်းမို့မို့ဖြိုး၊ ရတနာတိုးဝေနှင့် သဉ္ဇာငြိမ်းတို့ ၁၀ ဦးဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ငွေလွှဲ/ငွေထုတ်လုပ်သူများဖြစ်သည့် မိုးဟိဏ်းထွန်း၊ ဇော်ထိုက်အောင်၊ ဟိန်းဇော်ဦး၊ စုပုံချစ်၊ မေသဇင်ထွန်း၊ အေးချမ်းအောင်၊လျှံဖုန်းပိုင်၊ ဟိန်းသီဟ (ခ) ဂျိုကာ၊ အောင်ချမ်းမင်းတို့ ၉ဦးကိုလည်း တပါတည်းဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ကြေညာသည်။​

ဖမ်းဆီးရမိသူများနှင့်အတူ လက်ကိုင်ဖုန်း ၄၉ လုံး၊ လက်တော့ပ် ၂ လုံး၊ Tablet ၂ လုံး၊ မော်တော်ယာဉ် ၈ စီး တို့လည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ထိုသူများသည် Facebook နှင့် Telegram တို့တွင် ကြော်ငြာတင်၍ User များဆွဲဆောင်ကာ KBZ, AYA, Yoma, CB, UAB, A Bank, Kpay, Wavepay စသည့် အကောင့်များမှတစ်ဆင့် ငွေလွှဲလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့သည် Ibet 789၊ 555 Mix၊ Moung 556 စသည့် ဘောလုံးလောင်းကစားများနှင့် Slot လောင်းကစား၊ ရှမ်း ၂၃၄ ဖဲလောင်းကစား၊ 2D/3D လောင်းကစား Website များတွင် ကော်မရှင်စား Agent များအဖြစ် လျှောက်ထားပြီး၊ Facebook နှင့် Telegram Group များတွင် ကြော်ငြာကာ User များအား အကောင့်ဖွင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Super Senior Agent များက Distributor Agent များထံမှ ယူနစ်များ ဝယ်ယူပြီး အဆင့်ဆင့် ငွေအမြတ်ယူကာ User များထံ ပြန်ရောင်းချခဲ့ပြီး၊ ငွေလွှဲ/ငွေထုတ်များကို KBZ Pay၊ Wavepay နှင့်အ ခြား Bank Account များ အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လောင်းကစားဂိမ်းကြော်ငြာပေးသူ ဆယ်လီများ၊ လုပ်ငန်းအတွက် အေးဂျင့်လုပ်သူများ၊ Social Media Page/Channel/Account များ၊ လုပ်ငန်းသုံး Bank အကောင့်များနှင့် ဖုန်းနံပတ်များကို သိရှိပါက သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့ရန် ထုတ်ပြန်ထားကြောင်းသိရသည်။

သတင်းပေးပါက တရားရုံးက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် ငွေနှင့် ပစ္စည်း ရောင်းရငွေများထဲမှ ၁၀ ရာခိုင်နှုန်း၊ ဖမ်းဆီးရာတွင် ပါဝင်သူအားလုံးကို ၂၀ ရာခိုင်နှုန်း ချီးမြှင့်ရန်ရှိကြောင်း သိရသည်။

#MeKongNews
#စလော့ဂိမ်း
#အွန်လိုင်းလောင်းကစား
#ရန်ကုန်
#မန္တလေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now