မဲခေါင်၊ အောက်တိုဘာ ၂၂
Wall Street Journal ဂျာနယ်အတွက် အလုပ်လုပ်ပေးနေသည့် စုံစမ်းထောက်လှမ်းသတင်းသမား Tom Wright and Bradley Hope တို့မှ Project Brazen အစီအစဉ်ဖြင့် Whale Hunting သတင်းလွှားကို ဆက်တိုက်ထုတ်ပြန်နေရာ ထိုင်းနိုင်ငံ ထိပ်တန်းအစိုးရခေါင်းဆောင် ၇ ဦးအထိ ကျားဖြန့်လုပ်ငန်းများ နှင့်ပတ်သက်နေသည်ဟု ဖော်ပြပါရှိလာရာ ထိုထဲမှ တစ်ဦးဖြစ်သော ထိုင်း ဘဏ္ဍာရေဝန်ကြီးဌာနမှ ဒုဝန်ကြီးနှင့် ဇနီးတို့သည်လည်း ပါဝင်နေသည်ဟုဆိုရာ ထိုင်းဝန်ကြီးချုပ် အနုတင်က ဖြေရှင်းချက် ရေးပို့ရန် တောင်းဆိုလိုက်သည်။
ထိုင်းဘဏ္ဍာရေးဒုဝန်ကြီး ဗိုရာပက်ခ်၏ ဇနီးသည်သည် အရှေ့တောင်အာရှ ကျားဖြန့်ကွန်ရက်နှင့် ချိတ် ဆက်ကာ စင်ကာပူရှိ ငွေသွားငွေလာ စာရွက်စာတမ်းများအရ ခရစ်ပတို ငွေကြေး ဒေါ်လာ ၃ သန်း ထုတ်ယူသွားခဲ့သည်ဟု Whale Hunting သတင်းလွှားက ဖော်ထုတ်တင်ပြသွားခဲ့သည်။
ထိုင်းသည် အမေရိကန်နှင့်ပူးပေါင်းကာ ကျားဖြန့်တိုက်ဖျက်ရေးစီမံကိန်းဖော်ဆောင်ရန် စီစဉ်နေသလို နိုင်ငံတကာ လွှတ်တော်များသမဂ္ဂတွင်လည်း အားချင်း ကျားဖြန့်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ရန် အဆိုကို တင်ပြ ထားပြီး ထောက်ခံမှု ရထားသည်။
ယင်းအခြေအနေတွင် ကာလတို အစိုးရအဖွဲ့ ဖွဲ့ထားသည့် ဝန်ကြီးချုပ်အနုတင်က ကျားဖြန့်ဆန့်ကျင်ရေး ကော်မတီသစ် ဖွဲ့စည်းရန် စီစဉ်နေရာတွင် ခေါင်းဆောင်အဖြစ် ၎င်းကိုယ်တိုင် ဘဏ္ဍာရေးဒုဝန်ကြီးအဖြစ် ရွေးချယ်ခဲ့သော ဗိုရာပက်ခ်ကို ခန့် အပ်ရန် ကမ်းလှမ်းထားသည်ဟု သတင်းများထွက်ပေါ်လာရာ ပိုမိုမေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။
ယင်းအခြေအနေကြောင့် အနုတင်က ဗိုရာပက်ခ်ကို ထွက်ပေါ်လာသည့်သတင်းနှင့်ပတ်သက်ပြီး ရှင်းလင်း ချက်ပေးပို့ရန် တောင်းဆိုထားကြောင်း၊ ရွေးကောက်ပွဲသစ်မတိုင်မီ သက်တမ်းတိုတောင်းလှသည့် မိမိ အစိုးရအဖွဲ့မှ အကြီးအကဲ ၇ ယောက်အထိ ကျားဖြန့်ကွန်ရက်နှင့် ပတ်သက်နေသည့်သတင်းမှာ အစိုးရ အဖွဲ့ကို ယိုင်နဲ့သွားစေကြောင်း၊ ထို့ကြောင့် ပတ်သက်နေသည်မှာ အမှန်ဆိုလျှင် ဥပဒေအရ အရေးယူသွားရမည်သာဖြစ်ကာ မိမိသည် ကျားဖြန့်တိုက်ဖျက်ရေးကော်မတီသစ်တွင် ဗိုရာပက်ခ်ကို ဦးဆောင်ရန် မည်သည့်အချိန်ကမှ ကမ်းလှမ်းမှုမလုပ်ခဲ့သလို နောင်လည်း လုပ်မည်မဟုတ်ဟု အောက်တိုဘာ ၂၂ ရက်တွင် ရှင်းလင်း ထုတ်ပြန်သွားခဲ့သည်။
Whale Hunting သတင်းလွှာပါ ဖော်ထုတ်ချက်များကို ကိုးကားပြီး ထိုင်းပြည်သူ့ပါတီ အမတ် ဆူဖာနတ်က လွှတ်တော်အတွင်း အငြင်းအခုံဆွေးနွေးမှု၌ ဆွေးနွေးခဲ့ရာ အမေရိကန်မှ ကျားဖြန့် ဗဟိုချက်အဖြစ်သတ်မှတ်သောကြောင့် ပိတ်ဆို့အရေးယူလိုက်သည့် ကမ္ဘောဒီးယား Prince Group ၏ ထိုင်းလက်ခွဲ ကုမ္ပဏီရုံးခန်းအား ဖွင့်လှစ်ခွင့်ပေးထားသော ဆက်ခ်ဟန်ဗစ်အရပ်မှ Sino-Thai Tower ကြီးအား ပိုင်သည့် Sino-Thai Engineering and Construction Public Company သည်လည်း မည်သို့ ပတ်သက်နေသနည်းဟု မေးခွန်းထုတ်ခဲ့သည်။
ထို့မေးခွန်းထုတ်မှုကို Sino-Thai Engineering and Construction Public Company ဘက်မှ အသရေဖျက်မှုဖြင့် အမှုဖွင့်တရားစွဲထားသည်။
Sino-Thai Engineering and Construction Public Company သည်လည်း လက်ရှိ ထိုင်းဝန်ကြီးချုပ် အနုတင်၏ မိသားစုဝင်များ ရှယ်ယာများစွာ ပိုင်ဆိုင်ထားသော ကုမ္ပဏီဖြစ်နေသည်။
ကိုကလင်း
Ref: Bangkokpost & thaipbs
#MeKongNews
#ကျားဖြန့်
#ထိုင်းနိုင်ငံ
#ဝန်ကြီးချုပ်
#အမေရိကန်
#ကမ္ဘောဒီးယား








