နေ့စဥ်သတင်း

တာခေးယိုခရိုင်ကျားဖြန့်များကို ကမ္ဘောဒီးယား နှိမ်နင်းပြနေပြီးနောက် အိုဆမက်ချ် နယ်စပ်သို့ ပြောင်းရွှေ့လာသဖြင့် ထိုင်းဘက်မှ အထူးစောင့်ကြည့်နေ

မဲခေါင် 22 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၂ တရုတ်နှင့်နိုင်ငံတကာ ဖိအားများကြောင့် နာမည်ကြီး ကျားဖြန့်ကွန်ရက်ကြီးရှိရာ ဆာခေးယိုခရိုင်ရှိ ကျားဖြန့်လုပ်ငန်းများကို ကမ္ဘောဒီးယားအစိုးရက နှိမ်နင်းပြနေရာ ထိုကျားဖြန့်များသည် ထိုင်းနယ်စပ် ကမ္ဘောဒီးယားဘက်ခြမ်း ဆာရင်ခရိုင် အော်ဒါမင်ချေးခရိုင်ခွဲ အိုဆမက်ချ်နယ်စပ်နေရာသို့ ပြောင်းရွှေ့အခြေချနေကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ပြီး အထူးစောင့်ကြည့်နေသည်ဟု ထုတ်ပြန်သွားခဲ့သည်။ ယင်းနေရာသစ်သည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဂိတ်ချောင်ချွန်းနှင့် နီးကပ်စွာတည်ရှိနေပြီး ယခင်က ကြီးမားသည့် ကာစီနိုအဆောက်အအုံကြီး ၂ ခုသာ ရှိရာမှ ယခုထိုအဆောက်အအုံများအတွင်း ကျားဖြန့် ရုံခန်းများစွာ ငှားစားထားသလို ထောင်ချီသော ကျားဖြန့်သမားများ ရောက်ရှိလာနေကြောင်း၊ ဘေးပတ်ပတ်လည်တွင်လည်း ကျားဖြန့်လုပ်ငန်းအခြေချမည်ဟု ယုံကြည်ရသည့် အဆောက်အအုံသစ် များစွာ တည်ဆောက်နေသည်မှာ ပြီးစီးလုနီးပါး အခြေအနေရောက်နေသဖြင့် အလုံးအရင်းဖြင့် ကျားဖြန့်ကွန်ရက်များ ထိုနေရာသို့ ပြောင်းရွှေ့

မဲခေါင်၊ အောက်တိုဘာ ၂၂

တရုတ်နှင့်နိုင်ငံတကာ ဖိအားများကြောင့် နာမည်ကြီး ကျားဖြန့်ကွန်ရက်ကြီးရှိရာ ဆာခေးယိုခရိုင်ရှိ ကျားဖြန့်လုပ်ငန်းများကို ကမ္ဘောဒီးယားအစိုးရက နှိမ်နင်းပြနေရာ ထိုကျားဖြန့်များသည် ထိုင်းနယ်စပ် ကမ္ဘောဒီးယားဘက်ခြမ်း ဆာရင်ခရိုင် အော်ဒါမင်ချေးခရိုင်ခွဲ အိုဆမက်ချ်နယ်စပ်နေရာသို့ ပြောင်းရွှေ့အခြေချနေကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ပြီး အထူးစောင့်ကြည့်နေသည်ဟု ထုတ်ပြန်သွားခဲ့သည်။

ယင်းနေရာသစ်သည် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဂိတ်ချောင်ချွန်းနှင့် နီးကပ်စွာတည်ရှိနေပြီး ယခင်က ကြီးမားသည့် ကာစီနိုအဆောက်အအုံကြီး ၂ ခုသာ ရှိရာမှ ယခုထိုအဆောက်အအုံများအတွင်း ကျားဖြန့် ရုံခန်းများစွာ ငှားစားထားသလို ထောင်ချီသော ကျားဖြန့်သမားများ ရောက်ရှိလာနေကြောင်း၊ ဘေးပတ်ပတ်လည်တွင်လည်း ကျားဖြန့်လုပ်ငန်းအခြေချမည်ဟု ယုံကြည်ရသည့် အဆောက်အအုံသစ် များစွာ တည်ဆောက်နေသည်မှာ ပြီးစီးလုနီးပါး အခြေအနေရောက်နေသဖြင့် အလုံးအရင်းဖြင့် ကျားဖြန့်ကွန်ရက်များ ထိုနေရာသို့ ပြောင်းရွှေ့ အခြေချလာတော့မည်ဟု ကပ်ချိုအန်ခရိုင်အုပ်ချုပ်ရေး မှူး ဆစ်သီယော့ချာရိုအန်သန်နာဆက်က ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့ ၊ ဒေသဆိုင်ရာ အေဂျင်စီများပူးပေါင်းပြီး ယင်းနယ်စပ်ဒေသများတွင် အနီး ကပ်စောင့်ကြည့်လေ့လာနေကြကာ လုံခြုံရေးအတွက် ထိုင်းဘက်မှ သံဆန်ခါခြံစည်းရိုးများ ကာရန်ခြင်းနှင့် စီစီတီဗီများတပ်ဆင်ခြင်းများကို လုပ်ဆောင်တော့မည်ဟုလည်း သိရသည်။

မကြာသေးမီက အိုဆမက်ချ် ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဒိုနီးရှားသား ၈ ယောက် ထိုင်းဘက်သို့ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ကျားဖြန့်လုပ်ငန်းများ အခြေစိုက်နေရာသစ်အဖြစ် အိုဆမက်ချ် သို့ လာရောက်ရန် အဆောက်အအုံများစွာ တိုးချဲ့နေခြင်းဖြစ်သည်ဟု သတင်းပေးခဲ့သည်။

ယခင် ထိုင်းနှင့်ကမ္ဘောဒီးယားတို့ နယ်စပ်တွင် ပူးပေါင်းကာ ကျားဖြန့် နှိမ်နင်းမှုများလုပ်ခဲ့သော်လည်း နှစ်နိုင်ငံ နယ်စပ်စစ်ပွဲဖြစ်ပွားပြီးနောက် အဆက်အဆံမရှိတော့သဖြင့် ထိုင်းနယ်စပ်တစ်လျှောက် ကမ္ဘောဒီးယား ကျားဖြန့်ရပ်ဝန်းသစ်များ ထပ်မံတိုးပွားလာမည်ကို စိုးရိမ်ရသည်ဟု ကပ်ချိုအန်ရဲစခန်းမှူး ကမ်ဖွန်နိုနွတ်ချ်ကလည်း ပြောဆိုသွားခဲ့သည်။

လက်ရှိကျားဖြန့်လုပ်ငန်းများသည် ရက်စက်မှုအဖုံဖုံရှိသော်လည်း ကျွမ်းကျင်သည့် လိမ်လည်သူဝန်ထမ်းများအတွက် ရရှိသည့် လိမ်လည်ငွေထဲမှ ၃၀ ရာခိုင်နှုန်းအထိ ဘောနပ်စ်ပေးနေ သဖြင့် စွန့်စားကာ လုပ်ကိုင်နေသူများလည်း တိုးပွားနေကာ ယခင် ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်း၌ တရုတ်လုပ်သားအများဆုံးရှိခဲ့သော်လည်း လက်ရှိတွင် အင်ဒိုနီးရှားသားအများဆုံးဖြစ်လာကာ ဗီယက်နမ်သားများလည်း တိုးပွားလာသည်ဟု သိရသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ကျားဖြန့်
#ကမ္ဘောဒီးယား
#ထိုင်းနယ်စပ်
#ဗီယက်နမ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now