မဲခေါင်၊ အောက်တိုဘာ ၂၂
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီး- ဟိုပုံးဘက်အထွက် ၆မိုင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အောက်တိုဘာလ ၂၁ရက်က ဆီဘောက်ဆာကားတစ်စီးက လမ်းဘေးတွင်ရပ်ထားသည့် ကုန်တင်ကားကို ၀င်တိုက်ပြီး တိမ်းမှောက်ခဲ့ကြောင်း ဖြစ်စဥ်ကို သိမြင်သူတစ်ဦးကမဲခေါင်သို့ ပြောသည်။
အောက်တိုဘာ ၂၁ ရက်၊ နေ့လည် ၁ နာရီခန့်၌ ဆီဘောက်ဆာယာဉ်သည် လမ်းကြောင်းအရှိန်ဖြင့် သွားလာနေစဉ် ရပ်ထားသော ကုန်ကားကို သတိမထားမိဘဲ ၎င်းယာဉ်အရှိန်ဖြင့် ကုန်တင်ကားနောက်ဘက်ကို၀င်တိုက်ခဲ့သည်ဟု ၎င်းက ပြောသည်။
“မီးတော့မလောင်ဘူး။ ဒရိုက်ဘာတော့ ဆွဲထုတ်ရတယ်။ မီးသတ်တွေ လာကူတယ်” ဟု ၎င်းက ပြောသည်။
စက်ပျက်၍ ရပ်ထားပြီး အတိုက်ခံရသည့် ၁၂ ဘီး ယာဥ်အောက်တွင် စက်ပြင်နေသူတစ်ဦးက ယာဥ်တိုက်မှုကြောင့် သေဆုံးရပြီး ၎င်းအား ဟိုပုံးမြို့ ရှင်မှုလူမှုရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် စစ်စံထွန်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#MeKongNews
#တောင်ကြီး
#ဟိုပုံးမြို့
#ယာဉ်တိုက်မှု
#ဆီဘောက်ဆာကား








