ကမ္ဘာ့သတင်း

တရုတ်ကို တန်ပြန်ရေး ဩစတြေးလျနှင့် မြေရှားနှင့် အရေးကြီးသော ဓာတ်သတ္တုများ တူးဖော်မည့် သဘောတူညီမှု ထရမ့်ရယူ

မဲခေါင် 21 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၁ အောက်တိုဘာ ၂၀ ရက်က ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘန်နီဆီ အိမ်ဖြူတော်သို့ ရောက်ရှိစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရာတွင် ဩစတြေးလျ၌ မြေရှားနှင့် အရေးပါသော အခြားဓာတ်သတ္တုများ ပူးပေါင်းထုတ်လုပ်နိုင်ရေး အကြိုသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြ သည်။ အောက်တိုဘာလဆန်းပိုင်းက တရုတ်သည် မြေရှားသတ္တုပမာဏ ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့်အထက်ပါသည့် တရုတ်ထွက် ဓာတ်သတ္တုများကို ပြည်ပသို့တင်ပို့ရာတွင် လိုင်စင်ရယူရမည်ဖြစ်ကာ တစ်ကမ္ဘာလုံးသို့ မြေရှားတင်ပို့မှုကို ကန့်သတ်ပိတ်ပင်လိုက်သည်။ ထို့ကြောင့် ဒေါ်နယ်ထရမ့်က တရုတ်အား သွင်းကုန် ခွန် ၃၀ ရာခိုင်နှုန်းစည်းကြပ်ထားပြီးသည့်ကြားမှ နောက်ထပ် အခွန် ၁၀၀ ရာခိုင်နှုန်း ထပ်တိုးမြှင့်မည် ဟု တန်ပြန်ခြိမ်းခြောက်ကာ ယခု ဩစတြေးလျနှင့်

မဲခေါင်၊ အောက်တိုဘာ ၂၁

အောက်တိုဘာ ၂၀ ရက်က ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘန်နီဆီ အိမ်ဖြူတော်သို့ ရောက်ရှိစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရာတွင် ဩစတြေးလျ၌ မြေရှားနှင့် အရေးပါသော အခြားဓာတ်သတ္တုများ ပူးပေါင်းထုတ်လုပ်နိုင်ရေး အကြိုသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြ သည်။

အောက်တိုဘာလဆန်းပိုင်းက တရုတ်သည် မြေရှားသတ္တုပမာဏ ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့်အထက်ပါသည့် တရုတ်ထွက် ဓာတ်သတ္တုများကို ပြည်ပသို့တင်ပို့ရာတွင် လိုင်စင်ရယူရမည်ဖြစ်ကာ တစ်ကမ္ဘာလုံးသို့ မြေရှားတင်ပို့မှုကို ကန့်သတ်ပိတ်ပင်လိုက်သည်။

ထို့ကြောင့် ဒေါ်နယ်ထရမ့်က တရုတ်အား သွင်းကုန် ခွန် ၃၀ ရာခိုင်နှုန်းစည်းကြပ်ထားပြီးသည့်ကြားမှ နောက်ထပ် အခွန် ၁၀၀ ရာခိုင်နှုန်း ထပ်တိုးမြှင့်မည် ဟု တန်ပြန်ခြိမ်းခြောက်ကာ ယခု ဩစတြေးလျနှင့် နှစ်နိုင်ငံ အကျိုးတူ မြေရှားနှင့် အခြားအရေးပါ သော ဓာတ်သတ္တုများ တူးဖော်မည့် ကြိုတင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ် သည်။

၂၀၂၄ ခုနှစ် Oxford Economics မှထုတ်ပြန်ချက်တွင် တရုတ်သည် မြေရှားသတ္တု၏ ကမ္ဘာစျေးကွက် ၇၀ ရာခိုင်နှုန်းနီးပါးကို ချုပ်ကိုင်ထားရာ ၎င်းတို့၏ တင်ပို့မှု ကန့်သတ်ပိတ်ပင်မှုကြောင့် အမေရိကန် အပါ အနောက်နိုင်ငံများ၏ မြေရှားနှင့်ပတ်သက်သည့် ထုတ်ကုန်များ၊ နည်းပညာအသုံးအဆောင်များ၊ ခေတ်မီလက်နက်များ၊ ကွန်ပျူတာများ၊ နျူကလီးယားလက်နက်အပါ အခြားသော ခေတ်မီလက်နက် များ၊ လျှပ်စစ်ကားများ ထုတ်လုပ်မှုအတွက် အခက်အခဲများစွာ ရင်ဆိုင်ကြရတော့မည်ဖြစ်သည်။

ယခုလကုန်ပိုင်းတွင် တောင်ကိုရီးယား၌ ထိပ်သီးအစည်းအဝေးရှိရာတွင် တရုတ်သမ္မတ ရှီကျင်းဖျင် နှင့် ဒေါ်နယ်ထရမ့်တို့ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိနေကာ ထိုမတိုင်မီရက်ပိုင်းမှာပင် ဩစတြေးလျနှင့် အမေရိကန်တို့ တစ်ဦးအနည်းဆုံး ဒေါ်လာ ၁ ဘီလီယံစီ ထည့်ဝင်မည့် မြေရှားနှင့် အရေးကြီးသော ဓာတ်သတ္တုများ ပူးပေါင်း တူးဖော်ရေး အကြိုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်ဖြစ်ကာ နောက် ၄၊ ၅ လ အတွင်း အပြီးသတ် စာချုပ်ချုပ်ဆိုမည်ဟု ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘန်နက်ဆီက ထုတ်ဖော်ပြောဆို‌ သွားခဲ့သည်။

ကိုကလင်း
Ref: thehill
#MeKongNews
#မြေရှားသတ္တု
#ဩစတြေးလျ
#ဒေါ်နယ်ထရမ့်
#တရုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now