နေ့စဥ်သတင်း

ရပ်စောက် မြို့နယ်ရဲမှူး အေးမင်းသိန်းနှင့် ပြည်နယ်ဒနရဲ မင်းမင်းစိုး ကျောက်ဂူ၊ အင်တောဂိတ်များတွင် ငွေတောင်းကြမ်းနေ၊ ဓားပြတိုက်သလိုတောင်းဟုပင် ပြည်သူများခိုင်းနှိုင်း

မဲခေါင် 18 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၈ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် မြို့နယ်ရဲမှူးအေးမင်းသိန်းနှင့် ပြည်နယ်ဒုစရိုက်နှိမ်နင်းရေးမှ မင်းမင်းစိုးအပါအဝင် အင်တော၊ ကျောက်ဂူမှဂိတ်များတွင် ရဲများ အဆမတန် ငွေညှစ်တောင်းခံမှုများပြုလုပ်နေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ရပ်စောက်မြို့နယ်၊ ကျောက်ဂူရွာမှ မုန်အချို့တင်ပီး ရွှေညောင်ဘက်ကိုပို့သည့် အိမ်စီးကား တစ်စီးလျှင် ရဲကြေး ကျပ်သိန်း ၂၀ အထိပေးရပြီး လမ်းရှိရဲဂိတ်များက ဓားပြတိုက်သလိုတောင်းခံကြောင်း ကိုယ်တွေ့ကြုံရသူတစ်ဦးက ပြောသည်။ “ကိုယ့်အတွက်ကျန်တာမှ ၈ သိန်းလောက်ပဲ ရဲတွေ ကိုလုပ်ကျွေးနေရသလိုပဲ။ ရဲဝန်ထမ်းတွေဟာ အလွန်အကျွံ ပိုက်ဆံတောင်းတာထက် ဓားပြတိုက်သလို လုပ်စားနေကြတယ်။ လားရှိုးအထိ သွားသယ်တာလဲမဟုတ်ဘူး။ ကျောက်ဂူရွာကနေသယ်တာ” ဟု ၎င်းက မဲခေါင်သို့ပြောသည်။ ကျောက်ဂူရွာမှ ရွှေညောင်အထိ လမ်းကြေးပေးရာတွင် ကျောက်ဂူနယ်ထိန်းရဲ

မဲခေါင်၊ အောက်တိုဘာ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် မြို့နယ်ရဲမှူးအေးမင်းသိန်းနှင့် ပြည်နယ်ဒုစရိုက်နှိမ်နင်းရေးမှ မင်းမင်းစိုးအပါအဝင် အင်တော၊ ကျောက်ဂူမှဂိတ်များတွင် ရဲများ အဆမတန် ငွေညှစ်တောင်းခံမှုများပြုလုပ်နေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

ရပ်စောက်မြို့နယ်၊ ကျောက်ဂူရွာမှ မုန်အချို့တင်ပီး ရွှေညောင်ဘက်ကိုပို့သည့် အိမ်စီးကား တစ်စီးလျှင် ရဲကြေး ကျပ်သိန်း ၂၀ အထိပေးရပြီး လမ်းရှိရဲဂိတ်များက ဓားပြတိုက်သလိုတောင်းခံကြောင်း ကိုယ်တွေ့ကြုံရသူတစ်ဦးက ပြောသည်။

“ကိုယ့်အတွက်ကျန်တာမှ ၈ သိန်းလောက်ပဲ ရဲတွေ ကိုလုပ်ကျွေးနေရသလိုပဲ။ ရဲဝန်ထမ်းတွေဟာ အလွန်အကျွံ ပိုက်ဆံတောင်းတာထက် ဓားပြတိုက်သလို လုပ်စားနေကြတယ်။ လားရှိုးအထိ သွားသယ်တာလဲမဟုတ်ဘူး။ ကျောက်ဂူရွာကနေသယ်တာ” ဟု ၎င်းက မဲခေါင်သို့ပြောသည်။

ကျောက်ဂူရွာမှ ရွှေညောင်အထိ လမ်းကြေးပေးရာတွင် ကျောက်ဂူနယ်ထိန်းရဲ ကိုရှည်ကြီးကို ကျပ် ၅ သောင်း၊ ကျောက်ဂူအဝင်ဂိတ် ရဲ ကျပ် ၅ သောင်း၊ အင်တောမြို့အဝင် နတ်စင်ရှေ့ ရဲ ကျပ် ၁ သိန်း၊ အင်တောမြို့အထွက် ရွှေဆီဆိုင်ရှေ့ရဲ ကိုဖက်တီး ကျပ် ၁ သိန်းခွဲ၊ ၁၈ မိုင်ရဲနှင့် စစ်သား ကျပ် ၅ သောင်း၊ တပ်ဦးရွာ သစ်တောရုံးရှေ့ ရဲ ကျပ် ၈ သောင်း၊ မင်းကြီးသုံးပါးဂိတ် ရဲ ကျပ်၁ သိန်း၊ စစ်သား ကျပ် ၅ သောင်း၊ ရပ်စောက်တိုးဂိတ်အကျော် နယ်ထိန်း ကိုမြင့်မိုး ကျပ် ၁ သိန်း၊ ပြည်နယ်ဒန ရဲတက မင်းမင်းစိုး ကျပ် ၇ သောင်း၊ ရပ်စောက်ယာဉ်စစ် စိုးမိုးကျော် ကျပ် ၁ သိန်း၊ ရပ်စောက်မြို့အထွက် ပစောက်ကွေ့ရဲ ကျပ် ၁ သိန်းခွဲ၊ ပင်ဖြစ်ဂိတ် ရဲ ကျပ် ၁ သိန်း၊ ဟဲကယ်ဂိတ် ရဲ ကျပ် ၅ သောင်းနှင့် စစ်သား ၂ သောင်း တို့ကို စာရင်းပါအတိုင်းပေးရကြောင်း ယာဉ်မောင်းများက ပြောသည်။

“လမ်းမှာ SSPP စစ်သားတွေတောင် ၁ သောင်းထက် ပိုမတောင်းဘူး။ ၅ ထောင်ပေးလည်းယူတယ်။ ရဲတွေကမရဘူး။ ကြောက်စရာကြီး၊ မပေးဘူးလား၊ မပေးရင်ဖမ်းမယ်၊ ကုန်ဆွဲချမယ် ခြိမ်းခြောက်တော့ ကားသမားတွေက ကြောက်တော့ တောင်းသလောက်ပေးရတာပဲ” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

အထူးသဖြင့် ရပ်စောက်တိုးဂိတ်အနီးတွင် မက်တူးရွှေငါး အဖြူရောင်ကားဖြင့် ပိုက်ဆံတောင်းနေသည့် ရဲ မင်းမင်းစိုးမှာ အဆိုးဆုံးဖြစ်ပြီး “ငါကပြည်နယ်ဒနက၊ မင်းတို့ကားတွေ အချိန်မရွေးဖမ်းလို့ရတယ်” ဟုဆိုကာ ခြိမ်းခြောက်ကြောင်း ယာဉ်မောင်းများက ဆိုသည်။

ယင်းပြည်နယ်ဒနမင်းမင်းစိုးသည် ရပ်စောက်ရှိ KTV မျာားထံမှ လစဉ်ကြေး တစ်ဆိုင်လျင် ကျပ် ၅ သိန်း၊ သစ်စက်များအားလုံး တစ်ရာသီလျင် ကျပ် သိန်း ၁၀၀ ကောက်ခံကြောင်း၊ ၎င်းမှာ တောင်ကြီးတွင် နေထိုင်သည့်အတွက် ၎င်းမလာနိုင်ပါက Kpay မှ တဆင့် လွှဲပေးရကြောင်း အကြောင်းသိသူတစ်ဦးက ပြောသည်။

“အဲလိုတွေဖြစ်နေတာ ရပ်စောက်မြို့နယ်ရဲမှူး အေးမင်းသိန်း မသိစရာအကြောင်းမရှိဘူး။ ဒါကြောင့်မို့ ရပ်စောက်မှာ KTV မဟုတ်ဘဲ Hi ခန်းတွေဖြစ်ကုန်တာ၊ ဆိုင်တွေကလည်း လစဉ်ကြေးပေးထားတော့ K တို့ happy water တို့ပါရောင်းနေတာ။ ဆေးတွေကလည်း ရဲတွေကပဲတဆင့် ရောင်းခိုင်းတာပဲ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

လက်ရှိရပ်စောက်မြို့၊ အင်းခေါင်းကန်အနီးတွင် ဆေးသမားများ အမြဲရှိနေသလို မြို့မသင်္ချိုင်း တိုးနီရွာအနောက်ဘက်တောအတွင်း၌လည်း ဆေးသမားများ အများအပြားရှိနေပြီး ခိုး၊ ဆိုး၊ လု၊ နှိုက် ဋ္ရာဇဝတ်မှုများကို ရဲများက အရေးမယူ​ကြောင်း ရပ်စောက်ဒေသခံများက ပြောသည်။

ယခု ​ရပ်စောက်မြို့နယ် ရဲမှူးအေးမင်းသိန်းလက်ထက်၌ပင် ဖြစ်ပွားခဲ့သည် လဝန်းထက် KTV ၌ သီချင်းဆိုရာမှ စကားများကာ လက်နက်ကိုင်အဖွဲ့တဖွဲ့က EPC ဝန်ထမ်း မောင်ဝင်းသူရကျော် ခေါ် မှုန်ကြီး ၂၆နှစ်ကို ပစ်သတ်မှုမှာ ယခုထိတရားခံကို အမှုမဖွင့်၊ အရေးမယူသဖြင့် ဒေသခံများက ဝန်ဖန်နေကြသည်။

#MeKongNews
#ရပ်စောက်
#မြို့နယ်မှူး
#အေးမင်းသိန်း
#ပြည်နယ်ဒန
#ကျောက်ဂူ
ပုံအညွှန်း – ရပ်စောက်တိုးဂိတ်အနီးတွင် ပိုက်ဆံတောင်းနေသည့် ပြည်နယ်ဒနရဲ မင်းမင်းစိုး၏ မက်တူးကားနှင့် နယ်ထိန်းမြင့်မိုး စီးသည့် Honda fit ကားကို တွေ့ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now