မဲခေါင်၊ အောက်တိုဘာ ၁၆
ကျိုင်းတုံမြို့၌ ဆိုင်ကယ်ပျက်၍ တွန်းလာသူ ၂ ဦးကို ကားတစ်စီးက ဝင်တိုက်ပြီးထွက်ပြေးသွားရာ တိုက်ခံရသူ ၂ ဦးစလုံး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၅ ရက်၊ ညနေ ၆ နာရီခွဲဝန်းကျင်တွင် ကျိုင်းတုံ-တာချီလိတ်သွားကားလမ်း အ.ထ.က(၄) မရောက်မီ၌ ဆိုင်ကယ်ပျက်၍ လမ်းဘေးတွန်းလာသူ ၂ ဦးကို ကားတစ်စီးကဝင်တိုက်ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
“၂ ယောက်လုံး သေတယ်။ တိုက်သွားတာက Vigo တံခါး ၄ ပေါက်နဲ့ without (လိုင်စင်မဲ့) ကား။ မီးပွိုင့်နားက ကုန်တင်ကုန်ချလုပ်တဲ့ကလေးတွေလို့ သိရတယ်” အခင်းဖြစ်ရပ်ကိုသိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
သေဆုံးသူများကို နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း (ကျိုင်းတုံမြို့)နှင့်တိုင်းနေနာရေးကူညီမှုအသင်းတို့က ဆေးရုံသို့ သယ်ဆောင်ပေးကြောင်း သိရပြီး လူအများသေဆုံးအောင်တိုက်သွားသည့်ကားကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။
#MeKongNews
#ကျိုင်းတုံ
#ယာဉ်တိုက်မှု
#တိုက်ပြေး
#လူသေဆုံး








