ကမ္ဘာ့သတင်း

ယူကရိန်းကို တိုမာဟော့ခ် ခရုဇ်ဒုံးကျည်များပေးလျှင် ကမ္ဘာ့နျူကလီးယားစစ်ပွဲကြီးဖြစ်ပြီဟု ပူတင် မဟာမိတ် ခြိမ်းခြောက်

မဲခေါင် 16 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၆ ဥရောပ၏နောက်ဆုံးလက်ကျန် အာဏာရှင်ဟုခေါ်ကြသော ပူတင်၏ အရင်းနှီးဆုံးမဟာမိတ် ဘီလာရုစ်ခေါင်းဆောင် လူကက်ရှန်ကိုက ဒေါ်နယ်ထရမ့်ပြောထားသလို ယူကရိန်းအား အမေရိကန်မှ Tomahawk တိုမာဟော့ခ် ခရုဇ်ဒုံးကျည်များ ပေးအပ်လျှင် ကမ္ဘာ့ နျူကလီးယားစစ်ပွဲကြီး ဖြစ်ပြီဟု ခြိမ်းခြောက် ပြောဆိုသွားခဲ့သည်။ Tomahawk ဒုံးကျည်များသည် တာဝေးပစ်များဖြစ်ကာ ကီလိုမီတာ ၂၅၀၀ အကွာအဝေးအထိ ပစ်နိုင် သလို အလေးချိန် တန်ဝက်ရှိသော မဟာဗျူဟာ ဒုံးကျည်ဖြစ်သည်။ အစ္စရေးနှင့် ဟားမက်စ်တို့ကြား ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက် ပထမအဆင့် လုပ်ငန်းစဉ်များအတွက် အစ္စရေးလွှတ်တော်သို့ ရောက်ရှိစကားပြောစဉ် ဒေါ်နယ်ထရမ့်က ဂါဇာငြိမ်းချမ်းရေးအပြီး မိမိတို့နှင့် အီရန် ငြိမ်ချမ်းရေး၊ ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေးရမှုများအတွက် ပထမဦးစားပေးအဖြစ် ကြိုးစားမည်ဖြစ်ကြောင်း၊

မဲခေါင်၊ အောက်တိုဘာ ၁၆

ဥရောပ၏နောက်ဆုံးလက်ကျန် အာဏာရှင်ဟုခေါ်ကြသော ပူတင်၏ အရင်းနှီးဆုံးမဟာမိတ် ဘီလာရုစ်ခေါင်းဆောင် လူကက်ရှန်ကိုက ဒေါ်နယ်ထရမ့်ပြောထားသလို ယူကရိန်းအား အမေရိကန်မှ Tomahawk တိုမာဟော့ခ် ခရုဇ်ဒုံးကျည်များ ပေးအပ်လျှင် ကမ္ဘာ့ နျူကလီးယားစစ်ပွဲကြီး ဖြစ်ပြီဟု ခြိမ်းခြောက် ပြောဆိုသွားခဲ့သည်။

Tomahawk ဒုံးကျည်များသည် တာဝေးပစ်များဖြစ်ကာ ကီလိုမီတာ ၂၅၀၀ အကွာအဝေးအထိ ပစ်နိုင် သလို အလေးချိန် တန်ဝက်ရှိသော မဟာဗျူဟာ ဒုံးကျည်ဖြစ်သည်။

အစ္စရေးနှင့် ဟားမက်စ်တို့ကြား ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက် ပထမအဆင့် လုပ်ငန်းစဉ်များအတွက် အစ္စရေးလွှတ်တော်သို့ ရောက်ရှိစကားပြောစဉ် ဒေါ်နယ်ထရမ့်က ဂါဇာငြိမ်းချမ်းရေးအပြီး မိမိတို့နှင့် အီရန် ငြိမ်ချမ်းရေး၊ ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေးရမှုများအတွက် ပထမဦးစားပေးအဖြစ် ကြိုးစားမည်ဖြစ်ကြောင်း၊ ရုရှားနှင့်ငြိမ်းချမ်းရေးရရန်မှာမူ ဗျူဟာအဖြစ် Tomahawk ဒုံးကျည်များအား ယူကရိန်းအားပေးခြင်း ဖြင့် ဖိအားပေးရမည်ဖြစ်ကာ အဆိုပါဒုံးကျည်များ နိုင်ငံအတွင်းပိုင်း မဟာဗျူဟာကျသည့် နေရာများ သို့ ကျရောက်လာမည်ကို ရုရှားဘက်က အဖြစ်ခံနိုင်မည်မဟုတ်ဟု ပြောသွားခဲ့သည်။

မိုင် ၁၅၀၀ အထိ ပစ်နိုင်သည့် Tomahawk ဒုံးကျည်များကို အမေရိကန်ထံမှ ယူကရိန်း အလုံး ၂၀ မှ ၅၀ ကြားသာ ရနိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသော်လည်း ယင်းဒုံးကျည်များရသည်နှင့် ရုရှား၏ စစ်ရေးထောက်ပို့လမ်းကြောင်းများ၊ နိုင်ငံတွင်းမှ ဒရုန်းစက်ရုံများ၊ အရေးအပါဆုံး ရေနံသိုလှောင်ရုံများ၊ စစ်ရေးအဆောက်အအုံများကို ပွဲအဖြေပြောင်းအနေအထားဖြင့် ပစ်ခတ်ဖျက်ဆီး နိုင်မည်ဟု ယူကရိန်းသမ္မတ ဇီလန်းစကီးက ယုံကြည်နေသည်။

ထိုအခြေအနေကြောင့် ရုရှား၏ နျူကလီးယားလက်နက်စင်များအား နိုင်ငံအတွင်း တပ်ဆင်ခွင့်ပြုထား သော ဘီလာရုစ်စစ်ခေါင်းဆောင် လူကပ်ရှန်ကိုက တကယ်တမ်းသာ Tomahawk ဒုံးကျည်များ ယူကရိန်းထံသို့ အမေရိကန်မှ ပေးအပ်လိုက်လျှင် နျူကလီးယားစစ်ပွဲကြီး ကမ္ဘာနှင့်ချီ ဖြစ်ပွားပြီဟု အဆုံးစွန်အထိ ခြိမ်းခြောက်စကား ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#တိုမာဟော့ခ်
#ခရုဇ်ဒုံးကျဉ်
#ယူကရိန်း
#ရုရှား
#နျူကလီးယားစစ်ပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now