မဲခေါင်၊ အောက်တိုဘာ ၁၅
လားရှိုးမြို့အား MNDAA အဖွဲ့ သိမ်းပိုက်စဥ်က ဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ကို MNDAA အဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ၌ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
ယင်းစစ်ကောင်စီသုံ့ပန်းများတွင် အရာရှိ ဗိုလ်မှူးအဆင့် ၃ဦးနှင့် အခြားအဆင့်တွင် အရာခံ/အကြပ်ကြီး ၁၁ဦး၊ တက/ ဒုတက ၈ဦး၊ တပ်သား ၉ ဦး၊ တပ်သားသစ် ၆ ဦး စုစုပေါင်း ၃၇ ဦး ဖြစ်ကြောင်း သိရသည်။
အခြားသုံပန်းများမှာ ရဲအဖွဲ့ဝင် ၆ ဦးနှင့် စစ်မှုထမ်းဟောင်း ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။
စစ်သုံ့ပန်းများမှာ အရာရှိအဆင့် ဗိုလ်မှူး ကျော်ဇေယျ (ခလရ ၂၇၇ / စကခ ၁၄)၊ ဗိုလ်မှူး မြင့်ဇော်ဦး (ထပရ ၇၂၇ / မပခ)၊ ဗိုလ်မှူး အောင်မြင့်ထူး (ဆသရ ၁ ခွဲ / စကခ ၁)၊ အရာခံ/ အကြပ်ကြီးအဆင့်တွင် အရာခံဗိုလ် အောင်မြင့် (ထပရ ၆၂၆ / ရမခ)၊ ဒုတိယ အရာခံဗိုလ် ကျော်ကျော် (တစသ ၄ / ရမခ)၊ ဒုတိယ အရာခံဗိုလ် ကျော်အေး (စခတ ၁၁)၊ တပ်ကြပ်ကြီး စာရေး အောင်မြင့်ခိုင် (တဆရ ၉/၁၀၀)၊ တပ်ကြပ်ကြီး စာရေး ဝင်းထွဋ်ဦး (ဝတရ ၁ / ရမခ)၊ တပ်ကြပ်ကြီး မင်းဇော်ထွန်း (ထပရ ၉၆၉ / ရမခ)၊ တပ်ကြပ်ကြီး ကျော်ကျော် (ခမရ ၃၁၁ / စခတ ၁၈)၊ တပ်ကြပ်ကြီး အောင်မင်း (ခမရ ၃၂၃ / တမဟ ၁၆)၊ တပ်ကြပ်ကြီး တင်ဦး (ခလရ ၄၉ / စကခ ၁၄)၊ တပ်ကြပ်ကြီး ကြာနေအောင် (ခလရ ၃၃) နှင့် တပ်ကြပ်ကြီး ဆန်းလင်း (ခမရ ၅၀၇) တို့ဖြစ်သည်။
တပ်ကြပ်နှင့် ဒုတပ်ကြပ်အဆင့်တွင် (ခမရ ၅၀၇) ၊ တပ်ကြပ် တင်မောင်အေး (ခမရ ၅၀၅ / စကခ ၁)၊ တပ်ကြပ် ကျော်ဝင်းထွန်း (ခမရ ၄၁၇ / တမဟ ၉၉)၊ တပ်ကြပ် ဗိုလ်ယု (ဆသရ ခွဲ ၁၄ / စကခ ၁၄)၊ တပ်ကြပ် ထွန်းအေး (တခရ ၃)၊ ဒုတိယ တပ်ကြပ် ပိုင်စိုးဦး (ခမရ ၃၂၃ / ရမခ)၊ ဒုတိယ တပ်ကြပ် ဇော်မြင့် (စခတ ၁၁)၊ ဒုတိယ တပ်ကြပ် သန်းဝင်းအောင် (စအရ ၉၁၂)၊ ဒုတိယ တပ်ကြပ် အောင်ဟန် (အဆရ ၇) တို့ ဖြစ်သည်။
တပ်သားအဆင့်တွင် တပ်သား မြင့်ကြည် (စနခ ၂၄၂)၊ တပ်သား ခေါင်ထောင်း (ခလရ ၆၈)၊ တပ်သား ကျော်ဦး (ဝတရ ၁ / ရမခ)၊ တပ်သား သန့်ဇော်ဦး (ခမရ ၁၇ / စကခ ၁)၊ တပ်သား ဇော်နိုင်ဝင်း (တထပ ၂)၊ တပ်သား အန်ပခရာဆို (ခမရ ၃၁၁ / စကခ ၁၈)၊ တပ်သား ကျော်သက် (ခလရ ၂၃)၊ တပ်သား ညီညီလင်းမောင် (စခတ ၁၁)၊ တပ်သား တင်ဇေယျာထွန်း (ခလရ ၃) တို့ ဖြစ်သည်။
သင်တန်းတက်ဆဲ တပ်သားသစ်များတွင် တပ်သားသစ် ကျော်ဇင်လတ် (စခတ ၁၁ / ရမခ)၊ တပ်သားသစ် မျိုးဝင်းထွန်း (စခတ ၁၁ / ရမခ)၊ တပ်သားသစ် ချန်သန့်ဝေယံဖြိုး (စခတ ၁၁ / ရမခ)၊ တပ်သားသစ် ကောင်းထက်ထွေး (စခတ ၁၁ / ရမခ)၊ တပ်သားသစ် ချစ်ဖူး (စခတ ၁၁ / ရမခ)၊ တပ်သားသစ် သက်ဝေအောင် (စခတ ၁၁ / ရမခ) တို့ ဖြစ်သည်။
ရဲအဖွဲ့ဝင် သုံ့ပန်းများမှာ ရဲတပ်ကြပ်ကြီး လွန်းထန် (အမှတ် ၂ / လားရှိုး)၊ ရဲတပ်ကြပ်ကြီး သက်နိုင် (လေကြောင်းရဲ / လားရှိုး)၊ ရဲတပ်ကြပ်ကြီး ကျော်စိုး (ဒုရပရ / လားရှိုး)၊ ရဲတပ်ကြပ်ကြီး ရွှေထန် (သိန္နီရဲ)၊ ရဲတပ်ကြပ်ကြီး ဇော်ဇော်ချို (သိန္နီရဲ)၊ ရဲတပ်ကြပ် ဝင်းအောင် (ယာဥ်ထိန်း / လားရှိုး) တို့ဖြစ်ပြီး စစ်သားဟောင်းများအနေဖြင့်မူ တပ်ကြပ်ကြီး ဟယ်ထောင် (ခလရ ၄၁ / စစ်မှုထမ်းဟောင်း) နှင့် ဗိုလ်ကြီး ဇော်လွင် (ခလရ ၆၈ / စစ်မှုထမ်းဟောင်း) တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် လားရှိုးမြို့ကို MNDAA အဖွဲ့ တိုက်ခိုက်စဥ်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသည်မှ တစ်နှစ်ကျော်အကြာတွင် ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
MNDAA အဖွဲ့က လားရှိုးမြို့ ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက် က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်တွင် တရုတ်၏ဖိအားကြောင့် စစ်ကောင်စီသို့ ပြန်လည်ပေးအပ်လိုက်ရသည်။
ယနေ့အချိန်အထိ MNDAA က ဖမ်းဆီးရမိထားသည့် စစ်သုံပန်းများ များပြားစွာ ကျန်ရှိနေသေးကြောင်း သတင်းရင်းမြစ်များထံက သိရသည်။
#MeKongNews
#လားရှိုး
#စစ်သုံ့ပန်း
#MNDAA
#စစ်ကောင်စီ








