နေ့စဥ်သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို UWSA အားပေးထောက်ခံသည်ဟုဆို၊ “ဝ” တောင်ပိုင်းတွင် ကြံ့ခိုင်ရေးအနေဖြင့်ဝင်ပြိုင်မည်

မဲခေါင် 16 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၆ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို UWSA အားပေးထောက်ခံသည်ဟု UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅-၁၇ ရက်ထိ ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ တက်ရောက်လာစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့အနေနဲ့ မကြာမီကျင်းပမယ့် ရွေးကောက်ပွဲကို ကျနော်တို့ “ဝ” အဖွဲ့ UWSA ရဲ့သဘောထားကလည်း ထုတ်ပြန်ပြီးသားလည်း ဖြစ်တယ်ပေါ့နော်၊ ကျနော်တို့ ဒီရွေးကောက်ပွဲကို အားပေးထောက်ခံသွားမယ်ဆိုတဲ့ မက်ဆေ့ချ်ကို ကျနော်တို့ပေးလိုပါတယ်” ဟု ဦးညီရမ်းက မီဒီယာများသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၎င်းက

မဲခေါင်၊ အောက်တိုဘာ ၁၆

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို UWSA အားပေးထောက်ခံသည်ဟု UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅-၁၇ ရက်ထိ ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ တက်ရောက်လာစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့ မကြာမီကျင်းပမယ့် ရွေးကောက်ပွဲကို ကျနော်တို့ “ဝ” အဖွဲ့ UWSA ရဲ့သဘောထားကလည်း ထုတ်ပြန်ပြီးသားလည်း ဖြစ်တယ်ပေါ့နော်၊ ကျနော်တို့ ဒီရွေးကောက်ပွဲကို အားပေးထောက်ခံသွားမယ်ဆိုတဲ့ မက်ဆေ့ချ်ကို ကျနော်တို့ပေးလိုပါတယ်” ဟု ဦးညီရမ်းက မီဒီယာများသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက စစ်ကောင်စီ၏ရွေးကောက်ပွဲကို ထောက်ခံသည်ဟု ပြောသော်လည်း UWSA ဝ မြောက်ပိုင်းထိန်းချုပ်နယ်မြေ ဟိုပန်နဲ့ ပန်လုံမြို့များမှာ စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲအတွက် လူထုစည်းရုံးရေးဆင်းခြင်း၊ မဲဆွယ်စည်းရုံးခြင်းမျိုး တွေ့ရှိပါက တရားစီရင်ရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း “ဝ” လူငယ့်အသံ WNL က ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်က သတင်းဖော်ပြခဲ့သည်။

ယင်း အသိပေးချက်ကို စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းမှာ ပြုလုပ်သည့် “ဝ” ပြည်နယ်၊ စစ်မှု ထမ်းဆိုင်ရာ ဥပဒေ၊ ပြစ်မှုများနှင့်ပတ်သက်ပြီး ချမှတ်အရေးယူနိုင်သည့် ပုဒ်မ၊ ဥပဒေဆိုင်ရာ အသိ ပညာပေး လူထုအစည်းအဝေးတွင်ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း တက်ရောက်ခဲ့သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်ဟု ပါရှိခဲ့သည်။

ထိုပြောကြားမှုတွင် “အစည်းအဝေးမှာ ထည့်ပြောသွားတာ ဟုတ်တယ်။ အခြားအဖွဲ့အစည်း၊ ပါတီတွေက မဲထည့်ဖို့ လာစည်းရုံးတာမျိုးတို့၊ လက် မှတ်ဘာညာ လိမ်ပြီးထိုးခိုင်းတာတို့ အခကြေးငွေပေးပြီး မဲဆွယ်စည်းရုံးရေး လာလုပ်တာတို့ တွေ့ရင်တိုင်ကြားဖို့ အသိပေးထားတယ်။ “ဝ”တပ် အုပ်ချုပ်တဲ့ နေရာတိုင်းမှာ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး ပါတီ – UWSP တစ်ခုပဲရှိတယ်။ အခြားပါတီတွေ မရှိဘူး။ မဲပုံးထောင်ခွင့်လည်း မပြုထားဘူးလို့ ပြောတယ်”ဟု ပါရှိခဲ့သည်။

ယင်းသတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး ဦးညီရမ်းကတုံ့ပြန်ရာတွင် “တခြားမီဒီယာတွေ ရေးတာဗျာ အဲတာ မမှန်ပါဘူး။ ဒီကိစ္စနဲ့ကျနော်တို့အားပေးထောက်ခံတယ်ဆိုတဲ့ မက်ဆေ့ကိုလည်း ကျနော်တို့ ဗဟိုဌာနချုပ်အနေနဲ့လည်း ထုတ်ပြန်ခဲ့ပြီးသားပါ”ဟု ပါရှိခဲ့သည်။

ဦးညီရမ်းက ရွေးကောက်ပွဲကို အားပေးထောက်ခံသည်ဆိုသော်လည်း ​မဲဆန္ဒနယ်မြေအဖြစ်သတ် မှတ်ခံရသည့် UWSA ထိန်းချုပ် ဟိုပန်၌ ရွေး ကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဦးညီရမ်း၏ ပြောကြားချက်မှာ UWSA ထိန်းချုပ် “ဝ” မြောက်ပိုင်း၏ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အ​ခြေအနေဖြစ်သည်ဟု နားလည်ရပြီး “ဝ” တောင်ပိုင်း စစ်ဒေသ – ၁၇၁ တွင်မူ မူလကတည်းက “ဝ” တပ်ဖွဲ့၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးအိုက်ပလိပ်ဆိုသူက ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြောင်း မဲခေါင်မှ စုံစမ်းသိရသည်။

“ဝ” တောင်ပိုင်း စစ်ဒေသ – ၁၇၁ ၏ ဌာနချုပ် ဟွေအောကျေးရွာမှာ မိုင်းတုံမြို့နယ်အတွင်းတည်ရှိရာ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲတွင် မိုင်းတုံမြို့နယ်မဲဆန္ဒနယ်၌ “ဝ” ပြန်ကြားရေးအဖွဲ့ဝင် ဦးအိုက်ပလိပ်က ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်မည်ဖြစ်ကြောင်း မိုင်းတုံခရိုင်ရွေးကောက်ပွဲ ကော်မရှင်နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

“အိုက်ပလိပ်က ပြည်နယ်အနေနဲ့ဝင်မှာ၊ အရင်က တရားဟောဆရာကနေ ဘာသာပြန်၊ နောက်ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်လာတာ။ အရင်လာပြိုင်တဲ့ “ဝ” ပါတီ မပါဘူး။ ဒီမှာ ပြည်ခိုင်ဖြိုးရယ်၊ တစညရယ်၊ ကျားဖြူရယ် ဒါပဲရှိတယ်” ဟု ၎င်းက မဲခေါင်သို့ပြောသည်။

မြို့နယ်ရွေးကောက်ပွဲမှတ်တမ်းတွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၌ “ဝ” တောင်ပိုင်းနယ်မြေတစ်ခုလုံး မဲမပေးခဲ့ဘဲ ၂၀၁၅ ခုနှစ်တွင်မှ မဲပေးခဲ့ပြီး ယင်းရွေးကောက်ပွဲတွင် “ဝ” ပါတီကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိခဲ့ပေ။ ၂၀၂၀ ပြည့်နှစ်တွင်မူ “ဝ” ပါတီမှ ပြည်နယ်၂ မဲဆန္ဒနယ်မြေမှ ဝင်ပြိုင်ခဲ့ရာ ဒေါက်တာ Mဇော်လတ်ဆိုသူ အနိုင်ရရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် “ဝ” ပါတီအနေဖြင့် မဟုတ်ဘဲ ပြည်ခိုင်ဖြိုးအနေဖြင့် UWSA ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်သည်။

ယခင် စစ်အစိုးရလက်ထက် ၁၉၉၀ ဝန်းကျင်တွင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်၊ မိုင်းတုံနယ်အတွင်း UWSA တပ်များ စစ်ရေးအရ ခြေကုတ်ရယူခဲ့သည်မှ လက်ရှိတွင် မြို့ပေါ် ကွက်ကွက်လေးသာ ချန်ထားပြီး ကျန်နေရာများအားလုံး UWSA က ထိန်းချုပ်ထားခြင်းဖြစ်သည်။

“ “ဝ” က ပထမတော့ စစ်ရေးနဲ့နယ်မြေ ခြေကုတ်ယူတယ်။ တဖြည်းဖြည်း အုပ်ချုပ်ရေးနဲ့ နယ်ချဲ့လာတယ်။ ခု ရွေးကောက်ပွဲနဲ့ စစ်တပ်နဲ့ပူးပေါင်းပြီး နိုင်ငံရေးဖက် တက်လာပြီ။ လွှတ်တော်မှာတရားဝင် ပြည်နယ်တောင်းဖို့အခွင့်အရေးရဖို့ပေါ့” ဟု နိုင်ငံရေးလေ့လာသူ ရှမ်းပြည် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။

မိုင်းတုံမြို့လူဦးရေ အနီးစပ်ဆုံးမှာ “ဝ” လူမျိုး ၈ သောင်းကျော်၊ လားဟူလူမျိုး ၄ သောင်းနီးပါးနှင့် ရှမ်းလူမျိုး ၃ သောင်းကျော်ရှိကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရသည်။

#MeKongNews
#UWSA
#ရွေးကောက်ပွဲ
#စစ်ကောင်စီ
#၁၇၁စစ်ဒေသ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now