နေ့စဥ်သတင်း

ရှမ်းတောင် – ကရင်နီနယ်စပ် စစ်ဘေးရှောင်များ အရေပြားရောဂါများ ဖြစ်ပွားနေ

မဲခေါင် 15 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၅ ရက်ပိုင်းအတွင်း တိုက်ပွဲ​ပြန်လည်ပြင်းထန်လာသည့် ရှမ်းတောင်နှင့် ကရင်နီနယ်စပ်ရှိ စစ်ဘေး​ရှောင်စခန်းများသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များတွင် အရေပြားရောဂါနှင့် ချောင်းဆိုးရင်ကြပ်ရောဂါများ များပြားစွာ ဖြစ်ပွားနေကြောင်း ကူညီကယ််ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ပင်လောင်းနှင့် ဖယ်ခုံအနောက်ခြမ်းမှ စစ်တပ်နှင့် PNO တို့ ရွာများကို မီးရှို့သဖြင့်ထွက်ပြေးလာကြသည့် စစ်ဘေးရှောင် လူဦးရေ ၄၀၀၀ ခန့်တွင် အများ အပြားဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “စုပြုံပြီး ဖြစ်သလို နေထိုင်ရတာကြောင့် ရောဂါကူးစက်မှု ပိုမြန်ဆန်မြင့်မားလာနိုင်လို့ ကျန်းမာရေးအတွက်လည်း ရတက်မအေးစရာပဲ” ဟု ၎င်းကဆိုသည်။ ဖြစ်ပွားနေသည့် ကူးစက်နေမှုအခြေအနေကို ထိန်းချုပ်နိုင်ရန် ဆေးဝါးနှင့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း လိုအပ်ချက်များ မြင့်မားနေကြောင်း သိရသည်။

မဲခေါင်၊ အောက်တိုဘာ ၁၅

ရက်ပိုင်းအတွင်း တိုက်ပွဲ​ပြန်လည်ပြင်းထန်လာသည့် ရှမ်းတောင်နှင့် ကရင်နီနယ်စပ်ရှိ စစ်ဘေး​ရှောင်စခန်းများသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များတွင် အရေပြားရောဂါနှင့် ချောင်းဆိုးရင်ကြပ်ရောဂါများ များပြားစွာ ဖြစ်ပွားနေကြောင်း ကူညီကယ််ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ပင်လောင်းနှင့် ဖယ်ခုံအနောက်ခြမ်းမှ စစ်တပ်နှင့် PNO တို့ ရွာများကို မီးရှို့သဖြင့်ထွက်ပြေးလာကြသည့် စစ်ဘေးရှောင် လူဦးရေ ၄၀၀၀ ခန့်တွင် အများ အပြားဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စုပြုံပြီး ဖြစ်သလို နေထိုင်ရတာကြောင့် ရောဂါကူးစက်မှု ပိုမြန်ဆန်မြင့်မားလာနိုင်လို့ ကျန်းမာရေးအတွက်လည်း ရတက်မအေးစရာပဲ” ဟု ၎င်းကဆိုသည်။

ဖြစ်ပွားနေသည့် ကူးစက်နေမှုအခြေအနေကို ထိန်းချုပ်နိုင်ရန် ဆေးဝါးနှင့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း လိုအပ်ချက်များ မြင့်မားနေကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက်က ပြန်လည်ဖြစ်ပွားလာသည့် တော်လှန်ရေးအင်အားစုများနှင့် စစ်တပ်နှင့် PNO ပြည်သူ့စစ်များအကြား တိုက်ပွဲများကြောင့် တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ ဘောရန်အပေါ်ရွာ၊ အောက်ရွာ၊ ပင်ပွံ၊ နမ်းနိန်း၊ လုံးပျဉ်ရွာ ၈ရွာမှ ဒေသခံ ၄၀၀၀ ခန့် ကရင်နီနယ်စပ် စစ်ရှောင်စခန်းများသို့ ထွက်ပြေးခိုလှုံ နေကြရခြင်းဖြစ်သည်။

ယင်းကျေးရွာများအနက် အိမ်ခြေ ၃၀၀ ကျော်ရှိသည့်ဘောရန် ၂ ရွာမှ အိမ်ခြေတစ်ဝက်ခန့်မှာ မီးရှို့ခံထားရပြီး မီးငြိမ်းရဲသူမရှိသဖြင့် မီးကျွင်းမီးကျန်များက လောင်ကျွမ်းနေဆဲ ရှိနေသေးကြောင်း သိရသည်။

“ဘောရန်အပေါ်ရွာက အိမ်ခြေ ၈၀၊ အောက်ရွာက ၂၀၀ ကျော်။ တစ်ဝက်ကျော်ပျက်စီးသွားပြီ။ စစ်ကောင်စီတပ်နဲ့ PNO စစ်တပ်လည်း ဆေးစွဲလောက်ပြီ။ မအလ က ဆေးနဲ့ တိုက်နေတယ်လို့ပဲ ပြောရတော့မယ်” ဟု စစ်တပ်နှင့် PNO ပြည်သူ့စစ်များ မူးယစ်ဆေးဝါးသုံးပြီး ရွာများကို ရမ်းကားမီးရှို့ ပစ္စည်းများလုယက်နေမှုအပေါ် PNDF-KK ပြန်ကြားရေးတာဝန်ခံက မဲခေါင်သို့ ပြောသည်။

အခြားရွာများသို့လည်း စစ်တပ်နှင့် PNO စစ်ကြောင်းထိုးပြီး မီးရှို့နိုင်သဖြင့် စစ်ရှောင်ဦး ယခုထက်ပိုမိုလာနိုင်ကြောင်းလည်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ခန့်မှန်းသည်။

#MeKongNews
#ရှမ်းတောင်
#ကရင်နီ
#စစ်ဘေးရှောင်
#ပင်လောင်း
#ဖယ်ခုံမြို့နယ်
#အရေပြားရောဂါ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now