မဲခေါင်၊ အောက်တိုဘာ ၁၄
စက်တင်ဘာ ၁၃ ရက်နေ့က အစ္စရေး ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ ကို ဟားမက်စ်တို့ဖမ်းထားသည့် ဓားစာခံများဖြင့် လဲလှယ်မှုအဖြစ် ပြန်လည်လွှတ်ပေးခဲ့ရာတွင် ဂါဇာသို့ ပြန်ရောက်လာခဲ့သည်။
ဆိုးရွားလွန်းသော ပြစ်ဒဏ်များကြောင့် တစ်သက်တစ်ကျွန်းချခံထားရသူ ၂၅၀ နှင့် ဂါဇာအတွင်းမှာပင် ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသား ၁၇၅၀ ဦးအား ဘတ်စ်ကားများဖြင့် ပြန်လွှတ်ပေးခဲ့ရာ ပါလက်စတိုင်းပြည်သူများစွာ ကြိုဆိုခဲ့ကြသည်။
အစ္စရေးဘက်မှ လွှတ်ပေးလိုက်သူများထဲတွင် အကြမ်းဖက်လူသတ်သမားများလည်း ပါဝင်နေဖြင့် ၎င်းတို့ တစ်ကျော့ပြန် ခြိမ်းခြောက်ရက်စက်လာမည်ကို စိုးရိမ်ရသည်ဟု သုံးသပ်မှုများလည်း ရှိနေ သည်။
ဟားမက်စ်ခေါင်းဆောင် ယာဟွာဆင်ဝါကို အစ္စရေးဘက်က ဖမ်းဆီးရမိခဲ့သော်လည်း ၂၀၁၁ ခုနှစ်က အကျဉ်းသားလဲလှယ်မှုတွင် ပြန်လည် လွှတ်ပေးခဲ့ရမှုမှာ အောက်တိုဘာ ၇ ရက် ဟားမက်စ် ၏ အကြမ်းဖက်မှုမျိုး ထပ်ဖြစ်လာမည်ကို စိုးရိမ်ရသည်ဟု အစ္စရေး လူမှုအသိုင်းအဝိုင်းက ပြောဆိုနေကြသည်။
သို့သော် ဆင်ဝါသည် မနှစ်က ဂါဇာအတွင်း အစ္စရေးတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီဖြစ် သည်။
ယခု လွတ်မြောက်သွားသူများထဲတွင် ၂၀၀၄ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အစ္စရေးသား ၁၁ ဦးကို သေဆုံးစေခဲ့သည့် အဓိကတရားခံ ဘာဟာဘာဒါလည်း ပါဝင်ခဲ့ကာ ဂျီနင်ရှိ အစ္စလာမ္မစ် ဂျီဟက်ခေါင်းဆောင် အိဒ်အဘူအယ်လ်ရပ်ဘ်လည်း ပါဝင်ခဲ့သည်။
အယ်လ်ရပ်ဘ်သည် အစ္စရေး နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများစွာ ကျူးလွန်ခဲ့သူဖြစ်ကာ အစ္စရေးရှိ ဟာဒီယာမြို့၌ လူ ၆ ဦးကို သတ်ဖြတ်ခဲ့သူလည်းဖြစ်သည်။
နောက်ဆုံး အကြမ်းဖက်တိုက်ခိုက်မှု ၄ ကြိမ်စလုံးတွင် ဦးဆောင် ပါဝင်ကာ အစ္စရေးသား ၄ ယောက်ကို သတ်ခဲ့သည့် ဖာရက်စ်ဂါနမ်လည်း လွတ်မြောက်ခဲ့သလို ဂျေရုဆလင်မှ ၁၇ နှစ်အရွယ် အစ္စရေးလူငယ်လေးအား ပြန်ပေးဆွဲပြီးသတ်ဖြတ်ခဲ့သည့် ဂျီဟတ်ရွမ်၊ ညီမအရင်းကိုပင် အစ္စရေးစပိုင်ဟုဆိုကာ သတ်ဖြတ်ခဲ့သည့် နာဘီအဘူဟာဒီယာတို့လည်း လွတ်မြောက်သွားခဲ့သည်။
၂၀၀၈ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုတွင် ရက်ဘီရာဇီရယ်ရှီဗက်ချ်ဆိုသူကို သတ်ဖြတ်ခဲ့သည့် အာမက်ဂျမဲအာမက်ကန်ဘာလည်း လွတ်မြောက်လာကာ ရှီဗက်ချ်၏ ဇနီး မုဆိုးမဖြစ်သူက ငြိမ်းချမ်း ရေးဖြစ်တည်မှုကြောင့် ခင်ပွန်းအား သတ်ခဲ့သူလွတ်မြောက်ခြင်းအတွက် စိတ်မဆိုးဟု ပြောသွားခဲ့သည်။
အစ္စရေးပြန်လွှတ်ပေးခဲ့သည့် ပါလက်စတိုင်းအကျဉ်းသားများထဲ ၂၀၁၀ ပြည့်နှစ်က အမေရိကန်ခရီးသွား ခရစ္စတင်းလူကန်ကို သတ်ဖြတ်ခဲ့သော အီယက်ဖာတက်ဖ်တာလည်း ပါဝင်ခဲ့သည်။
၁၃ နှစ်အရွယ်လူငယ်လေးအိုရန်ဘာရာမီကို မုဒိမ်းကျင့်ပြီးမှ ရိုက်သတ်ခဲ့သဖြင့် ၁၉၈၉ ခုနှစ်ကတည်းက တစ်သက် တစ်ကျွန်းပြစ်ဒဏ်ချမှတ်ထားသော အာမက်မာမက်ဂျမဲရှာဟာဒါ လွတ်မြောက်သွားမှုကိုမူ ဘာရာမီ၏ မိခင်က မိမိတို့အား အကြောင်းပင်မကြားဘဲ လွှတ်ပေးမှုအတွက် မကျေနပ်နိုင်ဟု ဖွင့်ပြောခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဂါဇာ
#အစ္စရေး
#အကျဉ်းသား
#အကြမ်းဖက်မှု








