နေ့စဥ်သတင်း

ဘတ် ၃ ဒသမ ၄ ဘီလီယံ ကုန်ကျခံကာ မယ်ဆိုင်ချောင်းရေတားတံတိုင်း ထိုင်းဘက်မှ တည်ဆောက်မည်

မဲခေါင် 14 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၄ မြန်မာနိုင်ငံ တာချီလိတ်မြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် မကြာခဏ နေကြီးရေလျှံခြင်းနှင့် ရွှံ့နွံများ ထူထပ်စွာ ဖုံးလွှမ်းခြင်းကြောင့် မြစ်ရေတား တံတိုင်းတည်ဆောက်မည် ဖြစ်ရာ မယ်ဆိုင်ချောင်းကမ်းနား နေရာ ၃ နေရာမှ နေထိုင်သူများ ရွှေ့ပြောင်းပေးရတော့မည်ဖြစ် ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်က မြစ်ရေကြီးခြင်းနှင့်အတူ ကမ်းနားနေသူများနေအိမ်အတွင်းသို့ ရွှံ့နွံများ ထူထပ်စွာဝင် ရောက်ခြင်းကြောင့် လမ်းများ၊ အိမ်များထဲမှ ရွှံ့နွံ့များကို လပေါင်းများစွာ ဖယ်ရှားခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင်လည်း ထိုသို့တစ်ဖန် ထပ်မံကာ ရေကြီးပြီး ရွံ့နွံများ ထူထပ်စွာ တင်ကျန်သဖြင့် ပြည်သူများ စွာ ဒုက္ခကြုံခဲ့ရသဖြင့် ဖွေထိုင်းပါတီအစိုးရလက်ထက်က ထိုင်းဘက်ခြမ်းမယ်ဆိုင်ချောင်းကမ်းနဘေး တွင် ရေတား

မဲခေါင်၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံ တာချီလိတ်မြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် မကြာခဏ နေကြီးရေလျှံခြင်းနှင့် ရွှံ့နွံများ ထူထပ်စွာ ဖုံးလွှမ်းခြင်းကြောင့် မြစ်ရေတား တံတိုင်းတည်ဆောက်မည် ဖြစ်ရာ မယ်ဆိုင်ချောင်းကမ်းနား နေရာ ၃ နေရာမှ နေထိုင်သူများ ရွှေ့ပြောင်းပေးရတော့မည်ဖြစ် ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်က မြစ်ရေကြီးခြင်းနှင့်အတူ ကမ်းနားနေသူများနေအိမ်အတွင်းသို့ ရွှံ့နွံများ ထူထပ်စွာဝင် ရောက်ခြင်းကြောင့် လမ်းများ၊ အိမ်များထဲမှ ရွှံ့နွံ့များကို လပေါင်းများစွာ ဖယ်ရှားခဲ့ရသည်။

၂၀၂၄ ခုနှစ်တွင်လည်း ထိုသို့တစ်ဖန် ထပ်မံကာ ရေကြီးပြီး ရွံ့နွံများ ထူထပ်စွာ တင်ကျန်သဖြင့် ပြည်သူများ စွာ ဒုက္ခကြုံခဲ့ရသဖြင့် ဖွေထိုင်းပါတီအစိုးရလက်ထက်က ထိုင်းဘက်ခြမ်းမယ်ဆိုင်ချောင်းကမ်းနဘေး တွင် ရေတား တံတိုင်းတည်ဆောက်ရန် ဘတ်ဂျက်၂၄ သန်း ထုတ်ပေးရန် အတည်ပြုခဲ့သည်။

လက်ရှိတွင် သဲအိတ်များဖြင့် ယာယီတံတိုင်းတည်ဆောက်ထားပြီး မယ်ဆိုင်ချောင်းကမ်းနဖူး ၃ ဒသမ ၆ ကီလိုမီတာ၊ ချောင်းလက်တက် Ruak တစ်လျှောက် ၄၂ ကီလိုမီတာ ရေတားတံတိုင်း တည်ဆောက် သွားမည်ဖြစ်သောကြောင့် ကမ်းနဖူး Hau Fai၊ Koh Sai နှင့် Sai Lom Joy ရပ်ကွက် ၃ ခုမှ အိမ်ပေါင်း ၈၄၃ လုံး ဖယ်ရှားပေးရမည်ဖြစ်ကာ ပြန်လည်နေရာအစားပေးခြင်းနှင့် နစ်နာကြေးများပေးသွားရန် ချင်းရိုင်ဒုမြို့တော်ဝန် ပရာဆောင်လာအွန်နှင့် တာဝန်ရှိသူများသည် အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ဒေသခံများပါ ခေါ်ယူပြီး အစည်းအဝေး လုပ်ဆောင်ခဲ့သည်။

တံတိုင်းကာခြင်းအတွက် ဘတ် ၁ ဒသမ ၆ ဘီလီယံ၊ ရွှေ့ပြောင်းနေရာချထားပေးသူများအတွက် နစ်နာကြေး ဘတ် ၁ ဒသမ ၈ ဘီလီယံ ပေးသွားမည်ဖြစ်ကာ နောက် ၅ နှစ်အတွင်း စီမံကိန်းအပြီးတည်ဆောက်မည်ဟု ထုတ်ပြန်သွားခဲ့သည်။

မြစ်ကမ်းနဘေးစီမံကိန်းနယ်မြေတွင် ၁၂ ဟက်တာမြေပေါ် ထူထောင်ထားသည့် Thailand Tobacco Monopoly စက်ရုံကိုလည်း နေရာရွှေ့ပြောင်းပေးရေ ဘဏ္ဍာရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် လုပ်ဆောင်သွားမည်ဟု ချင်းရိုင် ဒုမြို့တော်ဝန် ရာဆောင်လာအွန်က ရှင်းလင်းပြောကြားခဲ့သည်။

ကိုကလင်း
Ref: thaipbs
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်
#ရေတားတံတိုင်း
#ရေကြီးရေလျှံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now