နေ့စဥ်သတင်း

ကျောက်မဲမှ သားအမိ ၂ ဦး ပြင်ဦးလွင်တွင် ရန်ပြုခံရပြီး မိခင်ဖြစ်သူ သေဆုံး

မဲခေါင် 13 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၃ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ် ၈ ရပ်ကွက်တွင် နေထိုင်သည့် သားအမိ ၂ ဦး ပြင်ဦးလွင်၌ အသက်ရန်ပြုခံရရာ မိခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူ စိုးရိမ်ရဒဏ်ရာများဖြင့် ဆေးကုသခံနေရကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။ ပြင်ဦးလွင်ရှိ ဘော်ဒါဆောင်၌ ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားသူ ​ဒေါ်နန်းရွှေစိန် ဆိုသူကို ယင်းဘော်ဒါဆောင်တွင် မုန့်ရောင်းသူ နန်းမိုဟွမ်ခမ်း ဆိုသူ အမျိုးသမီးမှ ၁၂ တန်းကျောင်းသူ သမီးလေးနှင့် ကျောင်းပိတ်ရက်အလည်လာသူ မိခင်တို့ကို အောက်တိုဘာလ ၈ ရက်က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ “ဘာကြောင်းမှန်းမသိရဘူး။ လူသတ်သမားလည်း မမိသေးဘူး။ ခု သမီးလေးကို ဆေးရုံမှာ

မဲခေါင်၊ အောက်တိုဘာ ၁၃

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အမှတ် ၈ ရပ်ကွက်တွင် နေထိုင်သည့် သားအမိ ၂ ဦး ပြင်ဦးလွင်၌ အသက်ရန်ပြုခံရရာ မိခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူ စိုးရိမ်ရဒဏ်ရာများဖြင့် ဆေးကုသခံနေရကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။

ပြင်ဦးလွင်ရှိ ဘော်ဒါဆောင်၌ ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားသူ ​ဒေါ်နန်းရွှေစိန် ဆိုသူကို ယင်းဘော်ဒါဆောင်တွင် မုန့်ရောင်းသူ နန်းမိုဟွမ်ခမ်း ဆိုသူ အမျိုးသမီးမှ ၁၂ တန်းကျောင်းသူ သမီးလေးနှင့် ကျောင်းပိတ်ရက်အလည်လာသူ မိခင်တို့ကို အောက်တိုဘာလ ၈ ရက်က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

“ဘာကြောင်းမှန်းမသိရဘူး။ လူသတ်သမားလည်း မမိသေးဘူး။ ခု သမီးလေးကို ဆေးရုံမှာ စောင့်ရှောက်ရင်း မိသားစု တိုင်ပင်နေကြပါတယ်” ဟု မိသားစုနှင့်နီးစပ်သူက မဲခေါင်ကို ပြောသည်။

၎င်း၏ပြောပြချက်အရ ဘော်ဒါဆောင်မှမုန့်ရောင်းသူ မိုဟွမ်ခမ်းက အကူအညီခဏပေးရန်ဆိုကာ ကျောင်းသူ၏မိခင်အား အပြင်သို့ခေါ်ဆောင်သွားကြောင်း၊ သွားရာမှကြာနေသဖြင့် သမီးဖြစ်သူက ဖုန်းဆက်ရာမိခင်ဖြစ်သူ အားဖုန်းခေါ် ၍မရတော့ကြောင်း၊ ယင်းအချိန်တွင် မိခင်အားခေါ်သွားသူ မိုဟွမ်ခမ်းက ပြန်လာပြီးကျန်ရစ်ခဲ့သူ သမီးကျောင်းသူကို “နင့်အမေက ခေါ်ခိုင်းလိုက်ကြောင်း၊ နင့်အမေဖုန်းကျကွဲလို့ ဖုန်းဆက်မရနိုင်ကြောင်း၊ အမေထံသွားဖို့ သူနဲ့လိုက်ခဲ့” ဟု ဆိုပြီး ခေါ်သဖြင့် ဆိုင်ကယ်ဖြင့် ပြင်ဦးလွင်မြို့ပြင် လူပြတ်သောနေရာသို့ ခေါ်ဆောင်သွားခံရကြောင်း သိရသည်။

ယင်းနောက် ခဏနားမည်ဟုဆိုကာ ဆိုင်ကယ်ရပ်ပြီး နားနေစဉ် ကျောင်းသူလေး၏ ဦးခေါင်းနောက်စေ့အား အသင့်ပါလာသော ဝိုင်ပုလင်းဖြင့် မိုဟွမ်ခမ်းက အားကုန်ရိုက်လိုက်ပြီး မှောက်သွားသည့်အခါ ကျောင်းသူလေးကို ခွစီးထားပြီး ဦးခေါင်းနှင့်မြေကြီးကို ဆောင့်ရိုက် ပြီး မေ့မျော့နေစဉ် ဓာတ်ဆီဖြင့်လောင်းပြီး မီးရှို့ ခဲ့သည်ဟု သိရသည်။

ကျောင်းသူကောင်မလေးမှာ နာကျင်မှု မီးလောင်စွဲမှု တို့နှင့် သတိရတချက် မရတချက်ရှိရာမှ သတိရသည့် ခဏတွင် မီးလောင်စွဲနေသည့်အင်္ကျီကို ဆွဲချွတ်လိုက်ပြီး လမ်းဘေးမှာ ရှိသည့် ကြံခင်းခြံထဲသို့ ထွက်ပြေးရာမှ အနီးအနားကရွာသူရွာသူများ၏ ကူညီစောင့်ရှောက်မှုဖြင့် ပြင်ဦးလွင်ဆေးရုံသို့ရောက်သွားသည်ဟု သိရသည်။

ကျောင်းသူ၏ မိခင်ဖြစ်သူအား လိုက်ရှာရာ အခင်းဖြစ်အနီးတွင် လည်ပင်းကို အဝတ်ဖြင့် ညှစ်သတ်ခံထားရပြီး မျက်နှာကို ရုပ်ပျက်အောင် ထုနှက်ခံထားရပြီး သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။

သေဆုံးသူမှာ ဒေါ်နန်းရွှေစိန် ဖြစ်ပြီး ဒေသထွက်စားသောက်ကုန်များ ကျောက်မဲမြို့ရပ်ကွက် ၈ ၌ ရောင်းချနေသူဖြစ်ကာ သား ၂ ယောက်၊ သမီးတစ်ယောက်ရှိကြောင်း သိရသည်။

သားအမိ ၂ ဦး၏ သတင်းကြားသဖြင့် ကျောက်မဲမှ လိုက်သွားသူ ဖခင်မှာလည်း ဆိုင်ကယ်မှောက်ဖြင့် ဒဏ်ရာများရကြောင်း ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။​

လက်ရှိအချိန်တွင် ယင်းအမှုများကိုကျူးလွန်သူ နန်းမိုဟွမ်ခမ်းမှာ ယခုသတင်းတင်သည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

#MeKongNews
#ကျောက်မဲ
#ရှမ်းမြောက်
#လူသတ်မှု
#ပြင်ဦးလွင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now