နေ့စဥ်သတင်း

သမိုင်းဝင် ဘော်ကြိုဘုရားကြီးကျောင်းဝန်းအတွင်း တိုက်ပွဲများမဖော်ဆောင်ဖို့ ဘော်ကြိုဆရာတော် မေတ္တာရပ်ခံ

မဲခေါင် 12 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၂ သီပေါ်မြို့နယ်ရှိ သမိုင်းဝင် ဘော်ကြိုဘုရားကြီးကျောင်းဝန်းအတွင်း၌ တိုက်ပွဲများမဖော်ဆောင်ကြရန် ဘော်ကြိုဆရာတော်က မေတ္တာရပ်ခံစာများကပ်ပြီး ကြေညာထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီက သီပေါကို ပြန်လည်ထိုးစစ်ဆင်လာချိန်တွင် ဘော်ကြိုရှိ ဘုရားကျောင်းကန်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ယင်းကဲ့သို့ ဆရာတော်မှ ကြိုတင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီဘက်က သီပေါမြို့ကို ပြန်လည်သိမ်းပိုက်ရန်အတွက် ထိုးစစ်ဆင်နေပြီး TNLA နှင့် မဟာမိတ်တပ်များက သီပေါမြို့အတွင်းကနေ ခံစစ်ဆင်နေကြောင်း ဒေသခံများက ပြောသည်။ “သီပေါမြို့ကို တပ်ကပြန်လည်ထိုးစစ်ဆင်လာချိန်မှာလည်း သမိုင်းဝင်ဘော်ကြိုဘုရားကြီးနဲ့ ဘုရားကြီးကျောင်းဝန်းအတွင်းမှာရှိတဲ့ စေတီတော်ကြီး၊ ကျောင်းဆောင်တွေ၊ သံဃာ‌တော်တွေနဲ့ သက်ကြီးရွယ်အိုတွေ ခိုလှုံနေတာဖြစ်လို့ ထိခိုက်ပျက်စီးမှုမရှိစေဖို့အတွက် အခုလို ဘော်ကြိုဆရာတော်က ဘုရားကြီးကျောင်းဝန်းအရှေ့မှာ

မဲခေါင်၊ အောက်တိုဘာ ၁၂

သီပေါ်မြို့နယ်ရှိ သမိုင်းဝင် ဘော်ကြိုဘုရားကြီးကျောင်းဝန်းအတွင်း၌ တိုက်ပွဲများမဖော်ဆောင်ကြရန် ဘော်ကြိုဆရာတော်က မေတ္တာရပ်ခံစာများကပ်ပြီး ကြေညာထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက သီပေါကို ပြန်လည်ထိုးစစ်ဆင်လာချိန်တွင် ဘော်ကြိုရှိ ဘုရားကျောင်းကန်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ယင်းကဲ့သို့ ဆရာတော်မှ ကြိုတင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီဘက်က သီပေါမြို့ကို ပြန်လည်သိမ်းပိုက်ရန်အတွက် ထိုးစစ်ဆင်နေပြီး TNLA နှင့် မဟာမိတ်တပ်များက သီပေါမြို့အတွင်းကနေ ခံစစ်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

“သီပေါမြို့ကို တပ်ကပြန်လည်ထိုးစစ်ဆင်လာချိန်မှာလည်း သမိုင်းဝင်ဘော်ကြိုဘုရားကြီးနဲ့ ဘုရားကြီးကျောင်းဝန်းအတွင်းမှာရှိတဲ့ စေတီတော်ကြီး၊ ကျောင်းဆောင်တွေ၊ သံဃာ‌တော်တွေနဲ့ သက်ကြီးရွယ်အိုတွေ ခိုလှုံနေတာဖြစ်လို့ ထိခိုက်ပျက်စီးမှုမရှိစေဖို့အတွက် အခုလို ဘော်ကြိုဆရာတော်က ဘုရားကြီးကျောင်းဝန်းအရှေ့မှာ ကြိုတင်ကြေညာ ချက်တွေကပ်ပြီး မေတ္တာရပ်ခံထားတာလည်းဖြစ်ပါတယ်” ဟု ဘော်ကြိုဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အဓိကအားဖြင့် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ရာတွင် ဘုရားကျောင်းကန် သာသနာ့အဆောက်အဦးများ၊ စာသင်ကျောင်းများကို အထူးပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် ယခုလို မေတ္တာရပ်ခံရသည်ဟုလည်း သီပေါဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ရက်က သီပေါမြို့ ဘော်ကြိုစျေးရွာ နတ်စင်အနီးသို့ စစ်ကောင်စီကလေကြောင်းဖြင့် ဗုံး၂လုံးကြဲချခံရမူကြောင့် အရပ် သား၁ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီးနေအိမ်၂လုံးပျက်ဆီးသွားသည့်အပြင် ဘော်ကြိုဘုရားကျောင်း ဆောင်လည်း အနည်းငယ်ထိမှန်ပျက်စီးခဲ့ရသေးသည်။

လက်ရှိမှာ တပ်စစ်ကြောင်းများသည်သီပေါမြို့ကို သိမ်းပိုက်နိုင်ရန်အတွက် ဆက်လက်ထိုးစစ်ဆင်နေပြီး မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေအရ တပ်စစ်ကြောင်းများ သီပေါမြို့နှင့်မလှမ်းမကမ်းနေရာတွေမှာ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ၁၂ရက်နေ့တွင် ရရှိသည့် စစ်ရေးသတင်းအရင်းအမြစ်များအရတောင်ဘက် မိုင်းရယ် မြို့မှ တက်လာသည့် စစ်တပ်စစ်ကြောင်းမှာ သီပေါမှ ၈မိုင် ကျော်ဝေးသည့် နောင်အန်ရွာကို အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။

နောင်အန်သည် TNLA ၏ သီပေါမြို့တောင်ဘက်က အခိုင်အမာ ခံကတုပ် တစ်ခု ဖြစ်ပြီး အင်အား အများအပြားဖြင့်ကျင်သီ တံတား အနီး တစ်ဝိုက် မှာ လက်နက်ကြီး၊ လက်နက်ငယ်များ အလုံးအရင်းဖြင့် ခုခံနေသဖြင့် တိုက်ပွဲများပြင်းထန်စွာဖြစ်နေကြောင်း မြေပြင်သတင်းအရင်းအမြစ်အရသိရသည်။

“စစ်တပ်က သေချာပေါက် သိမ်းနိုင်မယ်ယူဆလို့ ရွာတွေကိုတောင် အမိန့်ထုတ်ထားတယ် သူတို့ကိုကြိုဖို့တဲ့” ဟု ၎င်းကပြောသည်။

၎င်းအပြင်စစ်တပ်က သီပေါမြို့ကို သိမ်းပိုက်မိပါက ပန်းစီးနှင့် ကြိုရမည်ဟု ဖိအားပေးစေခိုင်းထားခံရသည့် ရွာများမှာ ကျင်သီကျေးရွာအုပ်စု၊ ဘော်ကြိုကျေးရွာအုပ်စု၊ မာန်ဟဲကျေးရွာအုပ်စုနှင့် စံဖိတ်ကျေးရွာအုပ်စုတို့ဖြစ်ကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။

#MeKongNews
#ဘော်ကြိုဘုရား
#သီပေါမြို့နယ်
#TNLA
#စစ်ကောင်စီ
#ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now