နေ့စဥ်သတင်း

တောင်ကြီး ယာဉ်ထိန်းရဲမှူး မိုးကျော်ဟိန်းနှင့်အဖွဲ့ လိုင်စင်မဲ့ယာဉ်များထဲမှ လိုင်းကြေးယူ၊ လိုင်းကြေးများများရရန်သာ အဖမ်းပြနေ

မဲခေါင် 10 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၀ တောင်ကြီးမြို့အခြေစိုက် အမှတ် (၁၈) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမိုးကျော်ဟိန်းသည် ၎င်း၏ လက်အောက်တပ်ဖွဲ့ဝင်များနှင့်အတူ လိုင်စင်မဲ့ယာဥ်များအား ဖမ်းဆီးနေခြင်းမှာ လိုင်းကြေးရရန်အတွက်သာဖြစ်ပြီး လိုင်းကြေးရပါက သိမ်းဆည်းခြင်းမပြုဘဲ ပြန်လွှတ်ပေးနေသည်ဟု မြို့ခံများနှင့် သတင်းရင်းမြစ်များက ပြောသည်။ ရဲမှူးမိုးကျော်ဟိန်း၊ ရုံးဦးစီးဒုရဲမှူးစည်သူနှင့် ဒုရဲမှူးမျိုးသန့် တို့မှ ဦးစီးပြီး တောင်ကြီးမြို့တွင် ၁၀ ဘီး ၊၁၂ ဘီး၊ တွဲကား၊ ကန်တာကားများကို တစ်လ ကျပ်တစ်သိန်းနှုန်းဖြင့် နှစ်စဉ်ကြေးယူနေပြီ ယင်းသို့ လစဥ်ကြေးရယူနိုင်ရန် ၎င်း၏ နယ်မြေတာဝန်ကျ ယာဥ်ထိန်းရဲများက ချိတ်ဆက်ပေးနေရကြောင်း ဒေသခံ သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သို့ ပြောသည်။ “W ကားဖမ်းတာက တမင်အဖမ်းပြတာ။ အဲဒီလိုဖမ်းပြမှ သူတို့နား

မဲခေါင်၊ အောက်တိုဘာ ၁၀

တောင်ကြီးမြို့အခြေစိုက် အမှတ် (၁၈) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမိုးကျော်ဟိန်းသည် ၎င်း၏ လက်အောက်တပ်ဖွဲ့ဝင်များနှင့်အတူ လိုင်စင်မဲ့ယာဥ်များအား ဖမ်းဆီးနေခြင်းမှာ လိုင်းကြေးရရန်အတွက်သာဖြစ်ပြီး လိုင်းကြေးရပါက သိမ်းဆည်းခြင်းမပြုဘဲ ပြန်လွှတ်ပေးနေသည်ဟု မြို့ခံများနှင့် သတင်းရင်းမြစ်များက ပြောသည်။

ရဲမှူးမိုးကျော်ဟိန်း၊ ရုံးဦးစီးဒုရဲမှူးစည်သူနှင့် ဒုရဲမှူးမျိုးသန့် တို့မှ ဦးစီးပြီး တောင်ကြီးမြို့တွင် ၁၀ ဘီး ၊၁၂ ဘီး၊ တွဲကား၊ ကန်တာကားများကို တစ်လ ကျပ်တစ်သိန်းနှုန်းဖြင့် နှစ်စဉ်ကြေးယူနေပြီ ယင်းသို့ လစဥ်ကြေးရယူနိုင်ရန် ၎င်း၏ နယ်မြေတာဝန်ကျ ယာဥ်ထိန်းရဲများက ချိတ်ဆက်ပေးနေရကြောင်း ဒေသခံ သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သို့ ပြောသည်။

“W ကားဖမ်းတာက တမင်အဖမ်းပြတာ။ အဲဒီလိုဖမ်းပြမှ သူတို့နား နှစ်စဉ်ကြေးသွင်းပြီး ဝင်လာအောင် ဖမ်းပြတာ။ ဖမ်းလည်း ရဲမှူးမိုးကျော်ဟိန်းကို ချိတ်ပီးငွေပေးရင် ပြန်လွှတ်ပေးတယ်။ ဝန်ကြီးချုပ်နဲ့ စစ်တိုင်းမှူးက လိုင်စင်မဲ့ကားဖမ်းတယ်ပဲ ထင်တာ။ အမှန်က လိုင်စင်မဲ့ကားသမားတွေကြောက်ပြီး လိုင်းကြေးဝင်လာအောင် ဖမ်းပြတာ” ဟု ၎င်းကပြောသည်။

တောင်ကြီးမြို့နယ်အတွင်း လိုင်စင်မဲ့ကားများကို သိမ်းဆည်းရာတွင် ငွေကြေးမပေးနိုင်သူများ၏ ကားများကိုသာ အသိမ်းပြကြောင်း၊ ကားတစ်စီးလျှင် ကျပ်သိန်း ၂၀ ခန့် ယာဉ်ထိန်းရဲမှူးထံပေးပါက ဖမ်းသည့်နေရာမှ ရဲကို လှမ်းပြောပြီး ပြန်လွှတ်ပေးကြောင်း ယာဉ်ထိန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ဆိုင်ကယ်များဖမ်းပါကလည်း အစီး ၅၀ ဖမ်းလျှင် ၁၅ စီးလောက်သာ တရားစွဲပြီး ကျန်သည်များကို ယာဉ်ထိန်းရုံး၌ပင် ယာဉ်မှုသေးစစ်ကိုင်သည့် ယာဥ်ထိန်းတပ်ဖွဲ့ဝင် (အမည်ဝှက် သီပေါ) က ငွေတောင်းပြီး ရဲမှူးမိုးကျော်ဟိန်းထံ အပ်ကာ ပြန်လွှတ်ပေးကြောင်း ၎င်းသတင်းရင်းမြစ်က ပြောသည်။

တောင်ကြီးမြို့နယ်အတွင်း ယာဉ်ထိန်းရဲမှူးထံ လစဉ်ကြေးပေးကာ လိုင်းဝင်ရန်အတွက် ယာဥ်ထိန်းရဲတပ်ဖွဲ့အတွင်း အမည်ဝှက်များဖြစ်သည့် အင်းသား၊ ကနီ၊ ညောင်ရွှေ၊ မှော်ဘီတို့ထံ ဆက်သွယ်ရကြောင်း၊ ဟိုပုံးဘက်အထွက် ၄ မိုင်ဂိတ်မှ ဗိုလ်နတ်မောက်၊ ထုံးဖိုဂိတ်မှ ဗိုလ်
တင်မောင်၊ ကလောယာဉ်ထိန်းနှင့် နန်းပန်တက်ဂိတ်မှ ယာဥ်ထိန်းတို့က တစ်ရက်လျှင် ယာဉ်ထိန်းရဲမှူး မိုးကျော်ဟိန်းအတွက် ကျပ် ၆ သိန်းစီ ရှာပေးရပြီး လကုန်ပါကလည်း ဂါရဝကြေး သပ်သပ် ထပ်ပေးရကြောင်း ယာဉ်ထိန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“သူ့အောက်က ယာဉ်ထိန်းရဲတွေကိုလည်း ငွေရှာပေးနိုင်မှ ကောင်းတဲ့နေရာထားတာ။ မပေးနိုင်ရင် တောင်ကြီးမှာပဲ နေခိုင်းတယ်။ နေပြည်တော်တွဲဖက်ဆို ထည့်တယ်။ သူ့နားလိုင်းကြေးဝင်တဲ့ ကားစာရင်းတွေ အဓိကကိုင်တာ ဒုရဲမှူးစည်သူနဲ့ အင်းသား။ နှစ်စဉ်ကြေးပေးရင် တောင်ကြီးတခရိုင်လုံး အဖမ်းမခံရဖို့ တာဝန်ယူတယ်။ လိုင်းကြေးဝင်ချင်ရင် ဆက်သွယ်လို့ရတာက အင်းသား၊ ရွှေကျင်၊ သီပေါ၊ ညောင်ရွှေ၊ ကနီ။ အိမ်စီးကားက ၅ သောင်းဝန်းကျင် တစ်လကို” ၎င်းက ပြောသည်။

ယင်းရရှိသည့် လိုင်းကြေးများဖြင့် ရဲမှူးမိုးကျော်ဟိန်းသည် တောင်ကြီးရောက်သည့် ၂ နှစ်အတွင်း ဂနိုင်ရေး ဖြူစင်ဓါတ်ဆီဆိုင် အနောက်ရှိ တောင်ပေါ်တွင် အိမ်ဆောက်ပြီးစီးခဲ့သလို ၎င်း၏သား စစ်ဗိုလ်အတွက် ကားနှင့် ၎င်းမိန်းမအတွက် ကားဝယ်ပေးပြီးဖြစ်ကြောင်း၊ ပြောင်းလာစဥ်က စီးစရာကားမရှိသူ ဒုရဲမှူးစည်သူသည်လည်း ယခုအခါ လိုင်စင်ပါ AD Van ဝယ်ထားပြီး ဖြစ်ကြောင်း ယာဉ်ထိန်းသတင်းရင်းမြစ်က မဲခေါင်သို့ ပြောဆိုပြီး ဒေသခံသတင်းရင်းမြစ်များကလည်း အတည်ပြုသည်။

“ရှမ်းပြည်မှာ တောင်ကြီးပဲ အဖမ်းကြမ်းတာ၊ အခြားနေရာတွေ ဒီလောက်မဆိုးဘူး။ အဖမ်းခံရသူအချို့ဆို မရှိမဲ့ ရှိမဲ့၊ မဖြစ်မနေ ကျောင်းသွားဖို့ တောင်ယာအလုပ်သွားဖို့ ဝယ်ထားကြရတာ။ ခုလို လိုင်းကြေးပေးရပြီး တစ်စုတစ်ဖွဲ့ပဲ လုပ်စားခွင့်ရမယ့်အစား ဒေသအတွင်း လိုင်စင်လုပ်ပေးလိုက်ရင် ပြည်နယ်အတွက်လည်း ဝင်ငွေရမယ်၊ သတ်မှတ်နံပါတ်နဲ့ ရာဇဝတ်မှုတွေလည်း ထိန်းနိုင်လာမယ်” ဟု တောင်ကြီးမှ အငြိမ်းစားဝန်ထမ်းတစ်ဦးက အကြံပြုသည်။

စစ်ကောင်စီ ဒုဥက္ကဌမှ တရားမဝင်ကုန်စည်များ ဖမ်းဆီးရန် ညွှန်ကြားပြီးနောက်ပိုင်း တောင်ကြီးတွင် ဟိုပုံး၌ ကုန်တင်ကားကြီးများ စီးရေရာချီကို ဖမ်းဆီးခြင်းနှင့် တောင်ကြီးမြို့ပေါ်၌ ကား၊ ဆိုင်ကယ်များ စီးရေ ရာချီ၊ ထောင်ချီဖမ်းဆီးပြီး ယခုလို ယာဥ်ထိန်းများမှ ကိုယ်ကျိုးရှာ လုပ်စားနေကြခြင်း ဖြစ်သည်။

#MeKongNews
#တောင်ကြီးမြို့နယ်
#ယာဉ်ထိန်းရဲ
#လိုင်စင်မဲ့ယာဉ်
#ရဲမှူးမိုးကျော်ဟိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now