နေ့စဥ်သတင်း

တောင်ကြီးတွင် ဝန်ထမ်းအိမ်ရာစီမံကိန်း အကြောင်းပြပြီး ရွာမြေသိမ်းယူရန်ကြံစည်

မဲခေါင် 10 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၀ ၁၀၂၇ ရှမ်းမြောက်တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားနှင့် ဝန်ထမ်းမိသားစုများအတွက်ဟု အကြောင်းပြပြီး တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ မုံတဝကျေးရွာအနီးတွင် နိုင်ငံ့ဝန်ထမ်း အိမ်ယာဆောက်ပေးရန် စီမံကိန်းအား ဖော်ဆောင်နေကြောင်း သိရသည်။ ယင်းစီမံကိန်းအား နိုင်ငံပိုင်မြေ ၁၁၇ ဧကတွင် တည်ဆောက်မည်ဖြစ်သဖြင့် ၁၁၇ စီမံကိန်းဟု အမည်ပေးထားပြီး တောင်ကြီးမြို့တောင်ဖက် တောင်ခြေရှိ ၄ မိုင်ခန့်အကွာ အေးသာယာမြို့၊ ရပ်ကွက် ၁၀ နယ်မြေ(မုံတဝကျေးရွာ)နှင့် ကပ်လျက်မြေနေရာ စက်မှုဇုံ-မုံတဝလမ်းအတိုင်း တည်ဆောက်မည်ဖြစ်ကာ စီမံကိန်းအတွက် တင်ဒါခေါ်ယူရာ ဂရိတ်ဟော်ခမ်းကုမ္ပဏီမှ တင်ဒါအောင်သွားကြောင်း သိရသည်။ ၎င်းအိမ်ယာတွင် ၁၀၂၇ ရှမ်းမြောက်တိုက်ပွဲအတွင်း သေသွားသည့် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်၊ ထွေအုပ်

မဲခေါင်၊ အောက်တိုဘာ ၁၀

၁၀၂၇ ရှမ်းမြောက်တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားနှင့် ဝန်ထမ်းမိသားစုများအတွက်ဟု အကြောင်းပြပြီး တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ မုံတဝကျေးရွာအနီးတွင် နိုင်ငံ့ဝန်ထမ်း အိမ်ယာဆောက်ပေးရန် စီမံကိန်းအား ဖော်ဆောင်နေကြောင်း သိရသည်။

ယင်းစီမံကိန်းအား နိုင်ငံပိုင်မြေ ၁၁၇ ဧကတွင် တည်ဆောက်မည်ဖြစ်သဖြင့် ၁၁၇ စီမံကိန်းဟု အမည်ပေးထားပြီး တောင်ကြီးမြို့တောင်ဖက် တောင်ခြေရှိ ၄ မိုင်ခန့်အကွာ အေးသာယာမြို့၊ ရပ်ကွက် ၁၀ နယ်မြေ(မုံတဝကျေးရွာ)နှင့် ကပ်လျက်မြေနေရာ စက်မှုဇုံ-မုံတဝလမ်းအတိုင်း တည်ဆောက်မည်ဖြစ်ကာ စီမံကိန်းအတွက် တင်ဒါခေါ်ယူရာ ဂရိတ်ဟော်ခမ်းကုမ္ပဏီမှ တင်ဒါအောင်သွားကြောင်း သိရသည်။

၎င်းအိမ်ယာတွင် ၁၀၂၇ ရှမ်းမြောက်တိုက်ပွဲအတွင်း သေသွားသည့် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်၊ ထွေအုပ် အစရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ပင်စင်ယူမည့် အသက် ၆၂ နှစ်အရွယ် ဝန်ထမ်းများနှင့် ကျဆုံးသွားသူများ၏ မိသားစုများကို နေရာချထားပေးမည်ဟု အကြောင်းပြထားပြီး ယင်းစီမံကိန်း အကြောင်းပြကာ ရွာမြေအချို့ကိုပါ သိမ်းယူရန် ကုမ္ပဏီဘက်မှ ကြိုးပမ်းသဖြင့် ကျေးရွာသားများနှင့် အငြင်းပွားခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အေးသာယာမြို့ ထွေအုပ်ရုံးတွင် အစည်းအဝေး ၂ ကြိမ်ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့ နေ့လည် ၂ နာရီတွင်ပြုလုပ်ခဲ့သော ပထမဆုံးအကြိမ် အစည်းအဝေး၌ အေးသာယာမြို့ အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဂရိတ်ဟော်ခမ်း ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်သူရက ၁၁၇ စီမံကိန်းနေရာသို့ သွားရာလမ်းဖောက်လုပ်ရန်အတွက် ဘယ်ညာရှိ စီမံကိန်းတွင်မပါဝင်သော မုံတဝရွာမြေကွက် ၁၁ နေရာကိုပါ သိမ်းမည်ဟု ပြောဆိုခဲ့ရာ ကျေးရွာသားများက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးပိုင်းနှင့် ကုမ္ပဏီဘက်မှ မြေသိမ်းခံရမည့် ရွာသူရွာသားများကို တစ်ဦးလျှင် ဂရံဖြင့် ပေ ၂၀၊ ပေ ၆၀ တစ်ကွက်ပြန်ပေးမည်ဖြစ်ပြီး ဧကနှင့်ချီ သိမ်းခံရသူများကိုမူ တစ်ဧကလျှင် ပေ ၄၀၊ ပေ ၆၀ မြေတစ်ကွက်သာပြန်ပေးမည်ဟု ပြောဆိုခဲ့ခြင်းကြောင့် ကျေးရွာသားများဘက်မှ မြေကွက်သိမ်းမည်ကိုလက်မခံနိုင်ကြောင်း၊ မုံတဝရွာသည် ရွာတည်သက်တမ်းကြာပြီဖြစ်ပြီး ဘိုးဘွားပိုင်မြေဖြစ်၍ ဂရန်ကွက်ပြန်ပေးမည်ကိုလည်း မလိုချင်ကြောင်း ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

ဂရိတ်ဟော်ခမ်းကုမ္ပဏီ ဒုအုပ်ချုပ်သူ ဒါရိုက်တာ ဦးကျော်သူရက ၁၁၇ စီမံကိန်းအား ရှမ်းပြည်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့မှ ထိခိုက်နစ်နာခဲ့သော နိုင်ငံ့ဝန်ထမ်းများကို စောင့်ရှောက်ရန် အတွက် အိမ်ယာဆောက်လုပ်ရန် ဂရိတ်ဟော်ခမ်းအား ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ အိမ်အကွက်တွေ၊ လမ်းနေရာတွေအကုန်လုံး သတ်မှတ်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းနေရာသို့ သွားရာလမ်းဖောက်ရာတွင် မလွတ်သော မြေကွက် ၁၁ ကွက် ဖယ်ပေးရန်၊ ထို မြေ ၁၁ ကွက်မှာ ရွာမြေသာဖြစ်ပြီး ဂရန်မြေမဟုတ်သည့်အတွက် တရားဝင်ခြင်းမရှိသဖြင့် အေးသာယာမြို့ အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဌာနမှ မြေတိုင်းပြီး ဖယ်ခိုင်းနေရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်ကိုလည်း အစည်းအဝေးတက်ရောက်သူများထံမှ သိရသည်။

ပထမအကြိမ် အစည်းအဝေးတွင် သဘောတူညီမှုမရသည့်အတွက် ၂ ရက်အကြာ စက်တင်ဘာ၊ ၂၀ ရက်နေ့ ညနေတွင် အေးသာယာမြို့‌နယ်ထွေအုပ်နှင့် ဂရိတ်ဟော်ခမ်းကုမ္ပဏီမှလူများ သိမ်းမည့်မြေကွက်များတွင် အလံနီများလာစိုက်ရာ ရွာသားများက ဝိုင်းဝန်းပြောဆိုကြသဖြင့် အလံနီများ ပြန်ဖြုတ်သွားရကြောင်း သိရသည်။

စက်တင်ဘာလ ၂၄ ရက်က ဒုတိယအကြိမ် အစည်းအဝေး ထပ်ခေါ်ခဲ့ပြီး သဘောတူသည့် ရွာသူရွာသားများ တစ်ဦးမှမရှိခဲ့တာကြောင့် Public Area နှင့် ပန်းခြံတည်ဆောက်မည့် စီမံကိန်းအား ဖျက်သိမ်းလိုက်ပြီဟု ပြောဆိုကြောင်း မုံတဝရွာသားတစ်ဦးက ပြောသည်။

“မုံတဝရွာမြေတွေကတော့ စီမံကိန်းမြေထဲမပါဘဲ ကုမ္ပဏီက အမြတ်ထုတ်ပြီး၊ ရောပြီး လိုချင်နေတာ။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးမှာ မုံတဝရွာသူတွေလက်မခံလို့ ကုမ္ပဏီက ထပ်မလုပ်တော့ဘူး၊ အစည်းအဝေးထပ်မခေါ်တော့ဘူးလို့ ပြောပါတယ်။ စီမံကိန်းကတော့ မပျက်ပါဘူး၊ (အေးသာယာ)မြို့မြေကို ရောသိမ်းမယ့်ကိစ္စသာ ပျက်သွားတာပါ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

သို့သော် စီမံကိန်းသွားလမ်းဖောက်လုပ်မည့် စက်မှုဇုံ-မုံတဝ လမ်းပေါ်ရှိ မြေကွက် ၁၁ နေရာကိုမူ မူလအစီစဉ်အတိုင်း သိမ်းသွားမည်ဖြစ်ပြီး ပိုင်ရှင် ၉ ဦးကိုသာ အိမ်ယာအတွင်း ဂရန်ပါမြေကွက်အစားထိုးပြန်ပေးရန် စီစဉ်နေကြောင်းသိရသည်။

ဂရိတ်ဟော်ခမ်း ကုမ္ပဏီသည် ရှမ်းမြောက်၊ မူဆယ်မြို့၊ မင်္ဂလာမူဆယ်ဝန်းတွင် အခြေစိုက်သည့် လမ်း၊ တံတား၊ ဆည်တမံများနှင့် အဆောက်အအုံများ ဆောက်လုပ်သည့် ကန်ထရိုက်လုပ်ငန်းအား အဓိကလုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတည်ထောင်ခဲ့ပြီး CEO မှာ မူဆယ်မြို့၊ မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ဖူးသူ ဦးစိုင်းခိင်ခမ်း ဖြစ်သည်။

မူဆယ်မြို့၏ အထင်ကရဖြစ်သည့် ကျင်စန်းကျော့ ကုန်ချိန်းပြောင်း ကားကြီးကွင်း စီမံကိန်း၊ မူဆယ်ဗဟိုစီးပွါးရေးဇုန်ကုန်သွယ်ရေး စီမံကိန်း၊ မူဆယ် နန်းတော်ဂိတ်၊ လူဝင်မှု ကြီးကြပ်စစ်ဆေးရေးစခန်း စီမံကိန်း၊ မူဆယ် ၁၀၅မိုင် နယ်စပ် သစ်သီးကုန်စည်ဒိုင်ဈေး၊ ရွှေလီ-၃ ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်ဆန်​ရေလှောင်တမံ စီမံကိန်း၊ ဝမ့်နောင်အသေးစားရေအားလျှပ်စစ် စီမံကိန်း၊ မူဆယ်-နမ့်ခမ်းလမ်း၊ လွယ်တိန်ခမ်းတောင်ပတ်လမ်း၊ မန်မြိုင်-ဟင်လုံလမ်း စီမံကိန်း စသည့် စီမံကိန်းကြီးများကို လုပ်ကိုင်ခဲ့သော ကုမ္ပဏီကြီးဖြစ်ပြီး အခြား လုပ်ငန်းများဖြစ်သည့် ရေသဲထုတ်လုပ်ခြင်း၊ ကွန်ကရစ်စက်ရုံ၊ ကွန်ကရစ်ဓာတ်အားတိုးဆေးစက်ရုံတို့ကိုလည်း မန္တလေးမြို့တွင် တည်ဆောက်ထားသည်။

၁၀၂၇ ရှမ်းမြောက်တိုက်ပွဲကြောင့် ရှမ်းမြောက်၊ မူဆယ်မြို့မှ ရှမ်းတောင်၊ တောင်ကြီးမြို့သို့ ကုမ္ပဏီအား ပြောင်းရွှေ့အခြေချခဲ့ပြီး ရှမ်းပြည်နယ်အစိုးရဆီမှ တောင်ကြီးမြို့နယ်အတွင်းရှိ လုပ်ငန်းတင်ဒါများပါ အောင်မြင်ခဲ့သည်။

တောင်ကြီးမြို့နယ် စည်ပင်သာယာမှ အမှိုက်သိမ်းရန်တင်ဒါအောင်ခဲ့သည့် မွှေးတောင်ကြီး ကုမ္ပဏီ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် တင်ဒါအသစ်အောင်မြင်ပြီး လက်ရှိ တောင်ကြီးမြို့တွင်း အမှိုက်ကားအသစ်များဖြင့် အမှိုက်သိမ်းလုပ်ငန်းလုပ်ကိုင်နေသော တောင်ကြီးအီကို(Taunggyi Eco) ကုမ္ပဏီမှာလည်း ဂရိတ်ဟော်ခမ်း ကုမ္ပဏီခွဲတစ်ခုပင် ဖြစ်သည်။

ယခုလက်ရှိ လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်သိမ်းယူပြီးနောက် လားရှိုးမြို့တွင်လည်း လားရှိုးအီကို(Lashio Eco) အမည်ဖြင့် အမှိုက်သိမ်းလုပ်ငန်း လုပ်ဆောင်လျက်ရှိသည်။ ရှမ်းမြောက်တိုက်ပွဲမဖြစ်မီအထိ မူဆယ်မြို့ အမှိုက်နှင့် မိလ္လာစနစ်တင်ဒါလုပ်ငန်းအား လုပ်ဆောင်ခဲ့သည်။

ယခု တောင်ကြီးမြို့နယ် မုံတဝရွာတွင် ဆောက်လုပ်မည့် အစိုးရဝန်ထမ်းအိမ်ယာစီမံကိန်းအကြောင်းကို ဂရိတ်ဟော်ခမ်း ကုမ္ပဏီ၏ ဝဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားခြင်းမရှိကြောင်း တွေ့ရသည်။

ပုံစာ- မြေပုံ၏အစိမ်းရောင်သည် ၁၁၇စီမံကိန်းမြေဖြစ်ပြီး၊ အဝါရောင်ဖြင့် ပြထားသော ၁၊ ၂၊ ၃ တို့မှာ စီမံကိန်းမြေထဲမပါဝင်သည့် မုံတဝရွာမြေဖြစ်သည်။

#MeKongNews
#ဝန်ထမ်းအိမ်ယာ
#စစ်မှုထမ်းဟောင်း
#၁၀၂၇တိုက်ပွဲ
#ရှမ်းမြောက်
#ဂရိတ်ဟော်ခမ်း
#ကုမ္ပဏီ
#GreatHorKham
ဂရိတ်ဟော်ခမ်း ကုမ္ပဏီဥက္ကဌ ဦးစိုင်းခိင်ခမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now