နေ့စဥ်သတင်း

စစ်ကောင်စီ၏ ချောင်းဦးသီတင်းကျွတ် ဗုံးကြဲမှု ဟားမက်စ်၏ အောက်တိုဘာ ၇ ရက် အကြမ်းဖက်မှုကို သတိရစေဟု The Sun ဖော်ပြ

မဲခေါင် 8 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၈ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညတွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၌ အများပြည်သူ ဘာသာရေးမီးထွန်းပွဲတော်ကျင်းပရန် စုဝေးနေစဉ် စစ်ကောင်စီဘက်မှ ပါရာဂလိုက်ဒါများဖြင့် ပြင်းထန်သော ဗုံးများကြဲချခြင်းကြောင့် ကလေးများစွာအပါ အနည်းဆုံး အယောက် ၄၀ သေဆုံးမှုသည် ဟားမက်စ်၏ အောက်တိုဘာ ၇ ရက် လူသတ်ပွဲအား ပြန်လည် ပဲ့တင်ထပ်စေသည်ဟု ဗြိတိန် Thesun သတင်းဌာနက အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်း၌ တင်ဆက်သွားခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမက်စ်တို့သည် အစ္စရေးနယ်စပ်သို့ ကားများ၊ ပါရာဂလိုက်ဒါများနှင့် နိုဗာဂီတဖျော်ဖြေပွဲအတွင်း ဝင်ရောက်ကာ မြင်မြင်သမျှ ပစ်သတ်ခဲ့သည့် အကြမ်းဖက်မှုကြောင့်

မဲခေါင်၊ အောက်တိုဘာ ၈

အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညတွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၌ အများပြည်သူ ဘာသာရေးမီးထွန်းပွဲတော်ကျင်းပရန် စုဝေးနေစဉ် စစ်ကောင်စီဘက်မှ ပါရာဂလိုက်ဒါများဖြင့် ပြင်းထန်သော ဗုံးများကြဲချခြင်းကြောင့် ကလေးများစွာအပါ အနည်းဆုံး အယောက် ၄၀ သေဆုံးမှုသည် ဟားမက်စ်၏ အောက်တိုဘာ ၇ ရက် လူသတ်ပွဲအား ပြန်လည် ပဲ့တင်ထပ်စေသည်ဟု ဗြိတိန် Thesun သတင်းဌာနက အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်း၌ တင်ဆက်သွားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမက်စ်တို့သည် အစ္စရေးနယ်စပ်သို့ ကားများ၊ ပါရာဂလိုက်ဒါများနှင့် နိုဗာဂီတဖျော်ဖြေပွဲအတွင်း ဝင်ရောက်ကာ မြင်မြင်သမျှ ပစ်သတ်ခဲ့သည့် အကြမ်းဖက်မှုကြောင့် ၁၀၀၀ ကျော်သေဆုံးပြီး ၂၅၀ ကျော်ပြန်ပေးဆွဲခံခဲ့ရသည်။

အောက်တိုဘာ ၇ ရက် ၂ နှစ်ပြည့်ရန် တစ်ညသာအလိုတွင် ချောင်းဦးမြို့ရှိ သီတင်းကျွတ်မီးထွန်းပွဲတော်အား စစ်ကောင်စီမှ ပါရာဂလိုက်ဒါများဖြင့် ရက်စက်စွာ ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု The Sun က ဖော်ပြသွားသည်။

ထိုဖော်ပြမှုတွင် ဘာသာရေးပွဲကျင်းပရေးကော်မတီဝင်များထံ မေးမြန်းရာ အနည်းဆုံး ၄၀ သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရကာ ကလေးများသည် အလောင်းကောက်မရလောက်အောင်ပင် အစိတ်စိတ် ဖြစ်သွားကြောင်း၊ အောက်တိုဘာ ၈ ရက်တွင် သဂြိုလ်ရန် စီစဉ်နေသော်လည်း မမှတ်မိသည့် အလောင်းအပိုင်းအစများ ပြီးစီးအောင် မကောက်နိုင်သေးဟု ဖြေကြားသွားသည်။

BBC မြန်မာပိုင်းအစီအစဉ်တွင် ချောင်းဦးအား ထိန်းချုပ်ထားနိုင်သည့် ဒေသခံ ပီဒီအက်ဖ်များက သတင်း ကြိုတင်ရရှိလိုက်ပြီး လူစုခွဲရန် ကြိုးစားစဉ်မှာပင် မိနစ်ပိုင်းအတွင်း ပါရာဂလိုက်ဒါများရောက်လာကာ ဗုံးကြဲခံရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် လူ့အခွင့်အရေးအဖွဲ့ Human rights က မြန်မာပြည်သူများ ချက်ချင်း မဖြစ်မနေအကာအကွယ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်းနှင့် Amnesty’s Myanmar မှ သုတေသီ ဂျိုးဖရီးမန်းက နိုင်ငံတကာ အသိုင်း အဝိုင်းသည် မြန်မာ့ပဋိပက္ခအား မေ့လျော့ထားချိန် စစ်ကောင်စီသည် ထိုအားနည်းချက်ကို အားသာချက်အဖြစ်အသုံးချကာ အရေးယူခံရခြင်းများမရှိဘဲ စစ်ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ဟု ဝေဖန်ရှုတ်ချသွားခဲ့သည်။

စစ်ကောင်စီကမူ ၂၀၂၁ အာဏာသိမ်းပြီးနောက် ပထမဆုံး ရွေးကောက်ပွဲအဖြစ် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲပင် ပြန်လည်ကျင်းပရန် တိုက်ပွဲများကို အရှိန်မြှင့်တိုက်ခိုက်နေသည်။

ကိုကလင်း
Ref: Thesun
#စစ်ကောင်စီ
#ဟားမက်စ်
#အကြမ်းဖက်မှု
#ချောင်းဦး
#သီတင်းကျွတ်
#ဆီမီးထွန်းပွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now