နေ့စဥ်သတင်း

လူ၊ လက်နက်၊ မူးယစ်ဆေးမှောင်ခိုနှင့် ကျားဖြန့်တိုက်ဖျက်ရေး ထိုင်း၊ လာအိုနှင့် အမေရိကန်တို့ နောင်ခိုင်တွင် ဆွေးနွေး

မဲခေါင် 26 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၆ နယ်စပ်လုံခြုံရေး၊ ဥပဒေစိုးမိုးရေးနှင့် သတင်းအချက်အလက်များ ဖလှယ်ကာ လူ၊ လက်နက်၊ မူးယစ်ဆေးမှောင်ခိုမှုများနှင့် ကျားဖြန့်ဒုစရိုက်လုပ်ငန်းများ တိုက်ဖျက်ရေး စက်တင်ဘာ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ထိုင်းနိုင်ငံ၊ နောင်ခိုင်၌ အမေရိကန်၊ ထိုင်းနှင့်လာအိုတို့မှ ကိုယ်စားလှယ်များစည်းဝေးပြီး ဆွေးနွေးခဲ့ကြသည်။ လာအိုနှင့်ထိုင်းတို့မှ အမေရိကန်သံရုံးများက ဦးဆောင်ပြီး နယ်စပ်တစ်လျှောက် နေ့စဉ်ဘ၀များ၊ လူမှု အသိုင်းအဝိုင်းများ၊ စီးပွားရေလုပ်ငန်းများကို ဆိုးရွားစွာ ထိခိုက်စေသော နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများကို တိုက်ဖျက်သွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်အကောင်အထည်ဖော်ရန် စည်းဝေး ခဲ့ခြင်းဖြစ်သည်။ ထိုအစည်းအဝေးသို့ ထိုင်းနှင့်လာအိုမှ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိ အရာရှိများ ၁၅ ဦးစီး တက်ရောက် ကာ အမေရိကန်သံတမန်လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ဝင်များ၊ ဘန်ကောက်နှင့်

မဲခေါင်၊ စက်တင်ဘာ ၂၆

နယ်စပ်လုံခြုံရေး၊ ဥပဒေစိုးမိုးရေးနှင့် သတင်းအချက်အလက်များ ဖလှယ်ကာ လူ၊ လက်နက်၊ မူးယစ်ဆေးမှောင်ခိုမှုများနှင့် ကျားဖြန့်ဒုစရိုက်လုပ်ငန်းများ တိုက်ဖျက်ရေး စက်တင်ဘာ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ထိုင်းနိုင်ငံ၊ နောင်ခိုင်၌ အမေရိကန်၊ ထိုင်းနှင့်လာအိုတို့မှ ကိုယ်စားလှယ်များစည်းဝေးပြီး ဆွေးနွေးခဲ့ကြသည်။

လာအိုနှင့်ထိုင်းတို့မှ အမေရိကန်သံရုံးများက ဦးဆောင်ပြီး နယ်စပ်တစ်လျှောက် နေ့စဉ်ဘ၀များ၊ လူမှု အသိုင်းအဝိုင်းများ၊ စီးပွားရေလုပ်ငန်းများကို ဆိုးရွားစွာ ထိခိုက်စေသော နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုများကို တိုက်ဖျက်သွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်အကောင်အထည်ဖော်ရန် စည်းဝေး ခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေးသို့ ထိုင်းနှင့်လာအိုမှ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိ အရာရှိများ ၁၅ ဦးစီး တက်ရောက် ကာ အမေရိကန်သံတမန်လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ဝင်များ၊ ဘန်ကောက်နှင့် ဗီယန်ကျင်းရှိ အမေရိကန် သံရုံးအဆင့်မြင့်အရာရှိများ၊ အမေရိကန်ပြည်တွင်းလုံခြုံရေးစုံစမ်းစစ်ဆေးမှုအဖွဲ့၊ အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးရုံးတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

၎င်းတို့သည် အွန်လိုင်းလိမ်လည်မှု၊ လက်နက်၊ လူနှင့် မူးယစ်ဆေးမှောင်ခိုမှုများ၊ ကလေးသူငယ်များအား ခေါင်းပုံဖြတ်မှုများစသည့် ရာဇဝတ်မှုများကို တိုက်ဖျက်ရေးအတွက် ပါဝင်သူ တိုင်း သတင်းအချက်အလက်များ ဖလှယ်ရေး၊ ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာ များ ထပ်မံမြှင့်တင်ရေးများအတွက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံအားလုံးသည် ဥပဒေများနှင့် နယ်နိမိတ်များကို လျစ်လျူရှုကာ အခြားသူများကို ရာဇ၀တ်ကောင်များမှ အမြတ်ထုတ်နေခြင်းအပေါ် တားဆီးရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးမှုကို အလေးပေးဖော်ပြခဲ့သည်။

ယင်း ထိုင်း-လာအိုနှင့် အမေရိကန် ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံဒေသအတွင်း အမေရိကန်မှ ဦးဆောင်အစပျိုးထောက်ပံ့နေသည့် ရာဇဝတ်မှုတိုက်ဖျက်ရေး အစီအစဉ်များကဲ့သလို့ပင် အာဆီယံဒေသတစ်လျှောက် နယ်စပ်ဖြတ်ကျော်ပူးပေါင်းနှိမ်နင်းမှုများကို လုပ်ဆောင်မည်ဖြစ်သည်ဟု လည်း ထုတ်ပြန်ခဲ့သည်။

ထိုဆွေးနွေးမှုအရေးများသည် နောက်လတွင် ကွာလာလမ်ပူ၌ ကျင်းပမည့် အာဆီယံညီလာခံ၌ အဓိက ဆွေးနွေးအဖြေရှာမည့် ခေါင်းစဉ်များဖြစ်သည်ဟုလည်း ဆိုသည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ကျားဖြန့်
#မူးယစ်ဆေးဝါး
#လာအိုနိုင်ငံ
#ထိုင်းနိုင်ငံ
#အမေရိကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now