မဲခေါင်၊ စက်တင်ဘာ ၂၁
စက်တင်ဘာ ၂၀ ရက် ဒေသစံတော်ချိန် ညည့်သန်းခေါင်ကျော် ၁၂ နာရီခွဲဝန်းကျင်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Ramkhamhaeng တက္ကသိုလ်ဝင်းအတွင်း Bun Sart Duean Sib ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် စင့်ရှေ့နား လူများစွာပါဝင်သည့် ရန်ပွဲကြီးဖြစ်ပွားသောကြောင့် အများအပြား ဒဏ်ရာရရှိကာ ၆ ဦးထက်မနည်း ဓားထိုးဒဏ်ရာများဖြင့် အရေးပေါ်အခြေအနေ ကုသကယ်ဆယ်ရကြောင်း သိရှိရသည်။
တက္ကသိုလ်ကျောင်းဝင်းအတွင်းကျင်းပသည့် ဂီတပွဲဖြစ်သောကြောင့် တက္ကသိုလ်ကျောင်းသားများစွာ ပါဝင်ဆင်နွှဲသည့် ထိုပွဲ၌ ရုတ်တရက် ရုန်းရင်းဆန်ခတ်သော ရန်ပွဲကြီးဖြစ်ပွားကာ ဓားထိုးခံရပြီး လဲကျကျန်နေရစ်သူ အနည်းဆုံး ၆ ဦးကို ဟွာမက်ရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းများနှင့် အီရာဝမ်အရေးပေါ် ကယ်ဆင်ရေးအသင်းသားများ ချက်ခင်းသွားရောက်ကာ ဓားဒဏ်ရာရသူများကို ရှေးဦးသူနာပြု ကုသမှုများလုပ်ဆောင်ပြီး အနီးရှိ ဆေးရုံများသို့ တင်ဆောင်ခဲ့သည်။
ဒဏ်ရာရသူများမှာ ဒါဇင်နှင့်ချီကာ ရှိခဲ့ပြီး မျက်မြင်သက်သေများကို မေးမြန်းခြင်းနှင့် သံသယတရားခံများကို လတ်တလော ရှာဖွေဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး စုံစမ်းစစ်ဆေးမှုများပြီးပြတ်လျှင် ဖမ်းဆီးမှုများဆက်လက်လုပ်ဆောင်သွားမည်ဟု ဟွာမက်ရဲစခန်းမှ ထုတ်ပြန်ခဲ့သည်။
မတ် ၂၂ ရက်နေ့ကလည်း ဘန်ကောက်ရှိ ပသမ်၀န်အရပ်မှ MBK စျေးဝယ်စင်တာတွင် နာမည်ကြီး တက္ကသိုလ် ၂ ခုမှ ကျောင်းသားအုပ်စု ၂ စု ရန်ပွဲဖြစ်ပွားမှုကြောင့် ၅ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သေးသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ဘန်ကောက်
#တက္ကသိုလ်
#ဂီတဖျော်ဖြေပွဲ
#ဓားထိုးမှု








