မဲခေါင်၊ စက်တင်ဘာ ၁၉
စက်တင်ဘာ ၁၇ ရက်က ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ရှိ ဝီယန်ပန်းခမ်းခရိုင်ခွဲမှ ကုန်ပစ္စည်းများပို့ဆောင်ပေး သော ကုမ္ပဏီတစ်ခုထံ မြန်မာနိုင်ငံသားတစ်ဦးက သစ်သီးသေတ္တာ ၃ လုံး လာအပ်ပြီး လိပ်စာတစ်ခုသို့ ပို့ပေးရန်အလုပ်အပ်ခဲ့ရာ မသင်္ကာသဖြင့် ဖွင့်ကြည့်စစ်ဆေးရာတွင် စိတ်ကြွဆေး ၉၈၀၀၀ ဝှက်သယ် လာသည်ကို တွေ့ရှိခဲ့ရသည်။
သစ်သီးများကို အပေါ်ယံမှ ထားပြီး တစ်အိတ်လျှင် ဆေးပြား ၂၀၀၀ ပါ အိတ် ၄၉ လုံးအား အောက်တွင် ဝှက်ထားကာ ဒလီဗာရီမှ ပိုးခိုင်းခြင်းဖြစ်ကြောင်း မြောက်ပိုင်းနယ်စပ် မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ ဓာတုဗေဒ ကွပ်ကဲမှုအဖွဲ့ နှင့် အထူးနယ်မြေကွပ်ကဲမှုအဖွဲ့တို့ ပူးပေါင်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Ref:Maesaipress
#MeKongNews
#ချင်းရိုင်
#မယ်ဆိုင်
#စိတ်ကြွဆေးပြား
#ဒလီဗာရီ








